မြန်မာနိုင်ငံမှာ ကြက်ငှက် တုပ်ကွေး ရောဂါ ကင်းစင်ပြီလို့ ဒီနှစ် ဧပြီလမှာ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ သုံးလ ဆက်တိုက် ကြက်ငှက် မွေးမြူရေး ခြံတွေမှာ ရောဂါဖြစ်ပွားမှု မရှိခဲ့တဲ့အတွက် အခုလို ပြေပြနိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ကမ္ဘာအနှံ့မှာ မကြာခဏ ပြန်လည် ဖြစ်ပွါးလာလေ့ရှိတဲ့ ကြက်ငှက်တုန်ကွေးရောဂါကို ကာကွယ်ရေးမှာ လက်ရှိ အခြေအနေလောက်နဲပဲ ရောင့်ရဲနေလို့ မရနိုင်ပါဘူး။ UNICEF ကုလသမဂ္ဂအဖွဲ့က ဆိုရင်ပြည်သူတွေ ကြက်ငှက်တုတ်ကွေး အန္တရာယ်ကို သိစေဖို့နဲ့ ကြက်သား
ထုတ်လုပ်ရေးကနေ ဖြစ်လာမယ့် အန္တရာယ်ကို ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတာတွေနဲ့
ပတ်သက်ပြီး အင်းလေးကန် ဒေသမှာ ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေး သင်တန်းတွေကို ဖွင့်လှစ် ပို့ချပေးနေပါတယ်။
သန်းပေါင်းများစွာရှိတဲ့ ရွှေ့ပြောင်း ငှက်တွေ အတွက်လည်း ပျော်စံရာ ဒေသတခုပါ။ အင်းလေးအရပ်မှာ ကြက်မွေးမြူရေးလုပ်ငန်းတွေလည်း ရှိတာကြောင့် ကြက်ငှက် တုတ်ကွေး ကာကွယ်ရေးဟာ အဓိက ထားရမှာဖြစ်ပါတယ်။ အဲဒီ သင်တန်းကို တက်ရောက်နေတဲ့ ဦးသန်းနိုင်စိုးက သင်တန်းရဲ့ အရေးပါပုံကို ရှင်းပြပါတယ်။
ကြက်ငှက်တုပ်ကွေး တိုက်ဖြတ်ရေးမှာ တိကျတဲ့ သတင်းအချက်အလက်တွေ ရှိဖို့က အင်မတန် အရေးကြီးပါတယ်။
မြန်မာပြည်သူတွေ သင်တန်းက ပြီးသွားတာနဲ့ ကိုယ့် ရပ်ကွက် ကိုယ့် ပတ်ဝန်းကျင်မှာ ကြက်ငှက် တုပ်ကွေးရောဂါ ကာကွယ်ရေးကို တိတိကျကျ ပြန်ပြောပြ စေနိုင်ဖို့အတွက် UNICEF အဖွဲ့ကနေ အခုလို သင်တန်းတွေ ပို့ချနေတာ ဖြစ်ပါတယ်ရှင်။