ဗမာစစ်အစိုးရကို စီးပွားရေးဒဏ်ခတ် အရေးယူနေတာ မတရားဘူးလို့ လွန်ခဲ့တဲ့ စက်တင်္ဘာလကုန်ပိုင်းက (၆၃) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံခြားရေး ၀န်ကြီးဦးဥာဏ်ဝင်း က ပြောသွားပါတယ်။ နိုင်ငံတကာဥပဒေ စံနှုန်းများကို တောက်လျှောက်ချိုးဖောက် နေတဲ့ ဗမာစစ်အစိုးရ ကိုယ်စားလှယ်ရဲ့  ပြောဆိုချက်က ထူးဆန်သလို ဖြစ်နေပါတယ်။ ဒီလို စစ်အာဏာရှင် ကိုယ်စားလှယ်ရဲ့  ပြောဆိုချက်ကို ဆောင်းပါရှင် ဦးအောင်ခင် က သုံးသပ်တင်ပြထားပါတယ်။