စီးပွားရေးအင်အားကြီးနိုင်ငံ
နှစ်နိုင်ငံက အခက်ကြုံနေတဲ့ သူတို့ရဲ့ဘဏ်တွေကို ကူညီဖို့
လုပ်ဆောင်လိုက်တဲ့အတွက်
ဒီနေ့ အာရှဈေးကွက်မှာ စတော့ခ်ဈေးတွေ သိသိသာသာ
တက်ပြီး ဈေးပိတ်သွားပါတယ်။
ဟောင်ကောင်
ဟန်ဆန်း (Hang Seng) နဲ့
သြစတြေးလျနိုင်ငံရဲ့
အဓိကအညွှန်းတို့ ၄%
လောက် တက်သွားသလိုပဲ တိုကျိုရဲ့ နစ်ကေး
(Nikkei)
လည်း ၃% ခွဲ တက်သွားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာလည်း ကော့စ်ပီ (Kospi)
၂% တက်လာလို့ လေးရက်တာ အရောင်းအ၀ယ်
ကာလအတွင်း
အမြင့်ဆုံးတက်သွားတာ ဖြစ်ပါ
တယ်။ ဥရောပဈေးကွက်မှာတော့ မနက်ပိုင်းမှာ
တင် ၂%
တက်နေပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ
ဘဏ်တွေရဲ့ နိုင်ငံခြား
အကြွေးငွေ ဘီလီယံ ၁၀၀ ဖိုး အာမခံမယ်၊
ဘဏ်တွေကိုလည်း
ဒေါ်လာဘီလီယံ ၃၀ တိုက်ရိုက်ထည့်ဝင်သွားမယ်လို့
တောင်ကိုရီးယားအစိုးရက
ကြေညာခဲ့ပါတယ်။
၁၃ ဘီလီယံ ထည့်ဝင်မယ်လို့ အစိုးရက မနေ့က ကြေညာခဲ့ပါတယ်။