မြန်မာနိုင်ငံနဲ့
ထိုင်းနယ်စပ်တလျှောက်မှာ အခြေစိုက်ထားတဲ့ ကေအန်ယူ ကရင်
အမျိုးသားအစည်းအရုံးရဲ့ ၁၄ ကြိမ်မြောက်ကွန်ဂရက်မှာ
ခေါင်းဆောင်ပိုင်း အပြောင်း
အလဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို အောက်တိုဘာ ၈
ရက်နေ့က
၁၈ ရက်နေ့အထိ ကေအန်ယူရဲ့ လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပသွားခဲ့တယ်
လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက်
သတင်းထောက် မအေးအေးမာကို
ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြ
ပေးထားပါတယ်။
အခု ကေအန်ယူရဲ့
၁၄ ကြိမ်မြောက် ကွန်ဂရက်က ပြီးသွားပြီဆိုတော့ ထူးထူးခြားခြား
ဘာတွေများ အပြောင်းအလဲ
တွေ့ရလဲခင်ဗျ။
"အဓိကအပြောင်းအလဲကတော့
ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး စောတာမလာဘော
ရွေးချယ်ခံရတယ်။ အထွေထွေအတွင်းရေးမှူးအဖြစ် နော်စီဖိုးရာစိန်
ရွေးချယ်ခံရပါ
တယ်။ အဲဒီနှစ်ယောက်ကတော့ သားအဖပါ။ ဒီထဲမှာ လက်နက်ကိုင်တော်လှန်ရေး
လုပ်နေတဲ့ ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ အထွေထွေအတွင်းရေးမှူးနေရာကို
အမျိုးသမီးဖြစ်တဲ့ နော်စီဖိုးရာစိန်ကို
ရွေးချယ်ခဲ့တယ်ဆိုတာလည်း ထူးခြားမှုတခုလို့
ပြောလို့ရပါတယ်။"
ဒါကတော့ လူအပြောင်းအလဲ
အပိုင်းပေါ့။ ဒီကွန်ဂရက်ကနေပြီးတော့ ဒီလူတွေနဲ့
ကေအန်ယူရဲ့ မူဝါဒပိုင်းဆိုင်ရာ၊ လမ်းစဉ်ပိုင်းဆိုင်ရာ
အပြောင်းအလဲ တစုံတရာရှိလာ
မယ်လို့ရော ယူဆရမလား။
"ကေအန်ယူအနေနဲ့ကတော့
မြန်မာစစ်အစိုးရနဲ့ပတ်သက်ရင် ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံ
ဆွေးနွေးရေးကိစ္စတွေ၊ ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေးကိစ္စတွေကို အမြဲ
တမ်း တောင်းဆိုနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ အခုရွေးချယ်ခံရတဲ့
ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး
တာမလာဘောဆိုရင် ၁၉၆၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
တွေ
သွားတက်ခဲ့တဲ့ ကရင်အမျိုးသားတဦးလည်း ဖြစ်ပါတယ်။"
ဆိုလိုတာက ဒီမတိုင်ခင်
ကျနော်တို့ ကြားရသလောက် ကေအန်ယူထဲမှာ မြန်မာအစိုးရနဲ့
အပစ်အခတ်ရပ်စဲရေး လုပ်ဖို့အတွက်
အတော့ကို လိုလိုလားလားရှိတဲ့အုပ်စုတွေ ရှိကြ
တယ်၊ တဖက်မှာလည်း အပစ်အခတ်ရပ်စဲရေးလုပ်ဖို့
ကမ်းလှမ်းတော့ကမ်းလှမ်းမယ်၊
ဒါပေမယ့် နိုင်ငံရေးအရ ဆွေးနွေးရမယ်ဆိုတဲ့ မူပိုင်းဆိုင်ရာအရ
ရပ်တည်နေတဲ့
ခေါင်းဆောင်ပိုင်းတွေလည်း ရှိနေတယ်လို့ ကြားရပါတယ်။ အဲတော့ အခုတက်လာတဲ့
ဗဟိုကော်မတီကို ခြုံပြီးကြည့်လိုက်ရင် ဘယ်ဘက်ကို သာပါသလဲ။
"တခြားတိုင်းရင်းသားအဖွဲ့တွေလို
အပစ်အခတ်ရပ်စဲရေးကို လွယ်လွယ်နဲ့လုပ်မယ့် ဗဟို
ကော်မတီ မဟုတ်ဘူးလို့တော့ မြင်ရပါတယ်။
သူတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေး
ရေး ရပ်တည်ချက်တွေကိုလည်း ပြောင်းလဲမယ့်ပုံတော့
မတွေ့ရပါဘူး။ ပြီးတော့ အခု
ရွေးချယ်ခံရတဲ့ ဗဟိုကော်မတီသစ်ဟာ မကြာခင်က လုပ်ကြံခံခဲ့ရတဲ့
အထွေထွေအတွင်း
ရေးမှူး ပဒိုမန်းရှာရဲ့ အယူအဆကို ထောက်ခံတဲ့ အင်အားစုလည်း ဖြစ်တဲ့အတွက်
ကေအန်ယူရဲ့ရပ်တည်ချက် သိပ်ပြီးအပြောင်းအလဲရှိမယ်လို့ မယူဆပါဘူး။"
အခုလိုမျိုး ကေအန်ယူထဲမှာ
ခေါင်းဆောင်ပိုင်း အပြောင်းအလဲနဲ့ ပတ်သက်လို့ အဲဒီမှာ
ရှိတဲ့ ဒီမိုကရက်တစ်အင်အားစုတွေရဲ့
အယူအဆ၊ သူတို့ရဲ့အမြင်ရော ဘယ်လိုရှိပါသလဲ။
"ဒီမိုကရက်တစ်အင်အားစုတွေ
မြင်တာကတော့ အခု ဗဟိုကော်မတီသစ်ဟာ မြန်မာ့
နိုင်ငံရေးကို ကောင်းစွာ သိနားလည်တယ်၊ အမြင်ကျယ်တဲ့
ခေါင်းဆောင်တွေလည်းဖြစ်
တယ်၊ သူတို့လေးစားရတဲ့ ခေါင်းဆောင်တွေလည်း ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး၊
ဒီမို
ကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး
တွေကို သူတို့နဲ့အတူ
လက်တွဲလုပ်ဆောင်နိုင်မယ်လို့ ယူဆနေကြပါတယ်။"
ထိုင်းအခြေစိုက်
ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာကို ဆက်သွယ်
မေးမြန်းခဲ့တာပါ။
ကေအန်ယူအနေနဲ့ အခုလို
အရေးကြီးတဲ့ အထွေထွေအတွင်းရေးမှူးနေရာကို အမျိုး
သမီးတဦးကို ရွေးချယ်ခဲ့တာ ပထမဦးဆုံးဖြစ်ပါတယ်။
အခုလို အမျိုးသမီးတဦး
ထိပ်ပိုင်းနေရာ ရွေးချယ်ခံရတဲ့အပေါ်မှာ WLB မြန်မာနိုင်ငံ
အမျိုးသမီးများအဖွဲ့ချုပ်က
အထွေထွေအတွင်းရေးမှူး မနန်းယဉ်ကရော ဘယ်လိုယူဆ
ပါသလဲ။
"ကျမတို့အနေနဲ့
ဝမ်းသာ၊ ကြိုဆို၊ ဂုဏ်ယူပါတယ်။ အမျိုးသမီးတယောက်အနေနဲ့ နိုင်ငံ
ရေးအရ ဒီလို အရေးကြီးတဲ့နေရာတခု
ရဖို့ဆိုတာ မလွယ်ပါဘူး။ ကျမတို့မြင်တာ
နော်စီဖိုးရာစိန်အတွက်လည်း ဂုဏ်ယူတယ်၊ ကေအန်ယူကိုလည်း
အမျိုးသမီးတွေ
အပေါ်မှာ နိုင်ငံရေးအရ ယုံကြည်မှုပေးတဲ့အတွက် ကေအန်ယူအနေနဲ့ တကယ်တိုးတက်
ပြီး
ပြီးပြည့်စုံတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ရည်ရွယ်တယ်လို့ မျှော်လင့်ပါတယ်။"
ကေအန်ယူက နိုင်ငံရေးအဖွဲ့အစည်းတင်မကပါဘူး၊
သူ့မှာ လက်နက်ကိုင်အဖွဲ့လည်း
ရှိတော့ အခုလို အမျိုးသမီးခေါင်းဆောင်တဦး ထိပ်ပိုင်းနေရာကို
ရောက်လာတဲ့ကိစ္စမှာ
ရော ကေအန်ယူရဲ့ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲ ရှိလာနိုင်မလား၊ သူ
နိုင်နိုင်
နင်းနင်း ကိုင်တွယ်နိုင်မယ်လို့ရော ယူဆပါသလား။
"ကျမမြင်တာတော့
လက်နက်ကိုင်အဖွဲ့အစည်းတခုတော့ ဖြစ်တယ်၊ ဒါပေမယ့် ဒါတွေ
အားလုံးဟာ နိုင်ငံရေးအရ ဖြစ်ပေါ်တည်ရှိလာတာတွေ
ဖြစ်တယ်။ ဒီအနေအထားမှာ
နိုင်ငံရေးအရ တကယ်အရေးကြီးတဲ့ နေရာတွေမှာ အမျိုးသမီးတွေကို နေရာပေးဖို့
ဆိုတာ
သိပ်ကိုခက်ခဲပါတယ်။ ဘယ်လောက်ပဲ တော်သည်ဖြစ်စေ၊ အောက်ခြေထုက
ဘယ်လောက်ပဲ လက်ခံသည်ဖြစ်စေ
ဒီနေရာမျိုးရောက်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါ
တယ်။ ဒီလိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းမျိုးမှာဆို
ပိုပြီး ခက်ခဲပါတယ်။ ဆိုတော့
ဒီအနေအထားမျိုးမှာ ရရှိတဲ့အတွက် တကယ်ပဲ ကျမတို့ယုံကြည်တာ
ကေအန်ယူအနေနဲ့
နော်စီဖိုးရာစိန်က ဒီနေရာမှာ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မယ်လို့
မျှော်လင့်လို့လည်း
ဒီညီလာခံက ရွေးချယ်လိုက်တယ်လို့ ထင်ပါတယ်။"
ကရင်အမျိုးသား အစည်းအရုံးအတွင်း
ခေါင်းဆောင်အပြောင်းအလဲနဲ့ပတ်သက်လို့
ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အကြီးဆုံးအဖွဲ့ဖြစ်ပါတယ်။ ဒီကြားထဲမှာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး
ဆွေးနွေးမှုတွေ မကြာခဏလုပ်ခဲ့ပေမယ့် အခုအချိန်ထိ အောင်မြင်မှုမရသေးဘူးလို့
ပြောရမှာဖြစ်ပါတယ်။