မြန်မာနိုင်ငံ
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
အတွက် တွေ့ဆုံဆွေးနွေးရေးကလွဲလို့
တခြားနည်းလမ်းမရှိဘူး၊ ဒီအတွက် အဓိကကျတဲ့
အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
နိုင်ငံရေးအကျဉ်းသားတွေအားလုံး
လွတ်မြောက်ရေးဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်း
(Ban Ki-moon) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ
လူ့အခွင့်အရေးအခြေအနေနဲ့
ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းတဲ့
အစီရင်ခံစာမှာ အတွင်း
ရေးမှူးချုပ်က အဲဒီလိုပြောထားတာပါ။ ကိုကျော်ကျော်သိန်းက
အပြည့်အစုံ တင်ပြထား
ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့
အစီရင်ခံစာထဲမှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး
အတွင်းရေးမှူးချုပ်ရဲ့
ပြောရေးဆိုခွင့်ရှိသူ မီးစ် မီရှဲလ် မွန်းတာ့စ် (Michele
Montas) က
တနင်္လာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
ကိုးကားပြောကြားသွားပါတယ်။
"ကုလသမဂ္ဂနဲ့
နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်တဲ့ကိစ္စတွေနဲ့ မျှော်လင့်ထားတဲ့ကိစ္စ
တွေကို
မြန်မာအစိုးရက အဓိပ္ပာယ်ပြည့်ဝတဲ့ တုံ့ပြန်လုပ်ဆောင်မှုတွေ မလုပ်သေးတာ
ဟာ
စိတ်ပျက်စရာကိစ္စတခုအဖြစ် ရှိနေဆဲပါ။"
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက
မျှော်လင့်ထားတဲ့ကိစ္စတွေက ဘာတွေ
ဆိုတာကို အခုအစီရင်ခံစာထဲမှာ အတွင်းရေးမှူးချုပ်က
ရှင်းရှင်းလင်းလင်း ထည့်မပြော
ထားပေမယ့် စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့
မြန်မာ့အရေး မိတ်ဆွေနိုင်ငံ
များ ဝန်ကြီးအဆင့် ဆွေးနွေးပွဲအပြီး
ထွက်ပေါ်လာတဲ့အချက်တွေကို ရည်ညွှန်းပုံရပါ
တယ်။
အဲဒီအစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံ
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ကုလ
သမဂ္ဂနဲ့ ပိုပြီး နီးနီးကပ်ကပ်
ပူးပေါင်းဆောင်ရွက်ဖို့၊ ပိုပြီး အပြုသဘောဆောင်တဲ့
တုံ့ပြန်မှုတွေလုပ်ဖို့၊
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို
လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံ
တွေက
တိုက်တွန်းခဲ့ကြပါတယ်။
အခုချိန်ထိတော့ ဒီအချက်တွေထဲကဆိုရင်
နှစ်ရှည်နိုင်ငံရေးအကျဉ်းသား သတင်းစာ
ဆရာကြီး ဦးဝင်းတင် အပါအဝင် နိုင်ငံရေးအကျဉ်းသားခြောက်ဦး
ပြန်လွတ်မြောက်
လာတာကလွဲလို့ ကျန်တဲ့တိုးတက်မှု ဘာမှမရှိသေးပါဘူး။ သူတို့တွေလွတ်လာတာက
လည်း
ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တိုက်တွန်းတဲ့အတွက် လွှတ်ပေးတာလို့
ကောက်ချက်ချဖို့က
ခက်ခဲပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အဆုံးတနေ့မှာ
သက်ဆိုင်ရာအစိုးရနဲ့ ပြည်သူလူထုအပေါ်
မှာသာ မူတည်တယ်ဆိုတာကို အတွင်းရေးမှူးချုပ်က
အလေးထားဖော်ပြခဲ့ပေမယ့်
မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကိုလည်း ထပ်ပြီး
အတည်ပြုပြောကြားခဲ့ပါ
တယ်။ ဒါနဲ့ပတ်သက်ပြီး မီရှဲလ် မွန်းတာ့စ်က …
"ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍက တွေ့ဆုံဆွေးနွေးရေးကတဆင့်
အားလုံးသဘောတူ
လက်ခံနိုင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်တရပ်ဆီ ရှေးရှုပြီး အတူတကွ လုပ်ဆောင်သွားနိုင်ဖို့ရာ
သက်ဆိုင်သူ
အားလုံးရဲ့ ရပ်တည်ချက်တွေက ဘာတွေဆိုတာ ရှာဖွေဖို့နဲ့
ကြားဝင်ညှိနှိုင်းပေးဖို့ ဖြစ်ပါ
တယ်။"
တိုင်းပြည်ရဲ့အနာဂတ်အတွက် သက်ဆိုင်သူအားလုံး
ပါဝင်လုပ်ဆောင်နိုင်ဖို့မှာ တွေ့ဆုံ
ဆွေးနွေးရေးကလွဲလို့ တခြားနည်းလမ်း မရှိဘူးဆိုတာကိုလည်း
အတွင်းရေးမှူးချုပ်က
ထည့်သွင်းပြောကြားထားပါတယ်။ ဒါ့အပြင် အကျဉ်းချထားသူတွေကို
လွှတ်ပေးဖို့လည်း
အတွင်းရေးမှူးချုပ်က ထပ်ပြီး တိုက်တွန်းခဲ့ပါသေးတယ်။
"ပိုပြီးကောင်းမွန်တဲ့၊ အားလုံးပါဝင်တဲ့၊
ခြေခြေမြစ်မြစ်ရှိပြီး ထိရောက်တဲ့၊ အချိန်ကာလ
ကန့်သတ်ချက်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ
ပြန်စတင်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်း
စုကြည်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေအားလုံးကို
လွှတ်ပေးရေးဟာ အဓိက
ကျတယ်လို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။"
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့
ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်းတာ့စ်က
ကုလသမဂ္ဂ အထွေထွေညီလာခံကို
ဘန်ကီမွန်းတင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်
အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာပါ
အချက်တွေကို ပြောသွားတာပါ။
မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
ဆိုင်ရာတွေကို ပြောဆိုကြတိုင်းမှာ
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတာ
မပါမဖြစ် ကိစ္စတခုပါ။ ဒါ့ကြောင့်လည်း
ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား
သူတွေသာမက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ
အသိုင်းအဝိုင်းကလည်း ထပ်ခါတလဲလဲ
တောင်းဆိုနေကြတာပါ။ ဒါပေမယ့် မြန်မာအစိုးရကတော့
မြန်မာနိုင်ငံမှာ နိုင်ငံရေး
အကျဉ်းသားမရှိဘူးလို့ တွင်တွင်ပြောဆိုနေပြီး
အနည်းအကျဉ်း လွှတ်ပေးတဲ့သူတွေ
ဟာလည်း သူတို့ကျခံရတဲ့ ထောင်ဒဏ် ပြည့်ပြီးရုံသာမက
ကျော်လွန်နေသူတွေ
ဖြစ်တာများပါတယ်။ ဒါ့ကြောင့်လည်း မြန်မာအစိုးရဟာ အကျဉ်းသားတွေကို
ပြန်ပေး
ဆွဲထားသလို ပြုမူလုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက
ပြစ်တင်
ဝေဖန်ကြပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း
မြန်မာနိုင်ငံအရေးကိစ္စအတွက်
တိုက်တွန်းတောင်းဆိုတာတွေ မကြာခဏ လုပ်လေ့ရှိသလို
အနောက်နိုင်ငံတွေကဆိုရင်
စီးပွားရေးအရ ဒဏ်ခတ်အရေးယူတာတွေ ချမှတ်ထားပေမယ့်
နိုင်ငံအသီးသီးက
သဘောထားအမျိုးမျိုးနဲ့ ရပ်တည်လုပ်ဆောင်နေတာကြောင့် ထိရောက်မှုကတော့
နည်းပါးလှပါတယ်။
ဒါ့ကြောင့်လည်း မြန်မာ့အရေးကိစ္စမှာ တရုတ်၊ အိန္ဒိယ၊
ထိုင်းတို့လို အိမ်နီးချင်းနိုင်ငံတွေ၊
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင်
နိုင်ငံတွေရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါတယ်
ဆိုတာကို မြန်မာ့အရေး
စောင့်ကြည့်လေ့လာသူတွေက မကြာခဏ သုံးသပ်ပြောဆိုလေ့
ရှိပါတယ်။
ဆက်သွားမယ်လို့ အခိုင်အမာပြောဆိုထားပြီး ပဉ္စမအဆင့်ဖြစ်တဲ့ အထွေထွေ
ရွေးကောက်ပွဲတွေကို ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပဖို့တောင်မှ ကြေညာထားပြီးသားပါ။
ဒီရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ လိုအပ်တဲ့ အခြေခံဥပဒေကိုလည်း ပြီးခဲ့တဲ့မေလ
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးကာစ ရက်ပိုင်းမှာပဲ လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုခဲ့
ပါတယ်။ ဒီအခြေအနေမှာ မြန်မာ့အရေးအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်း
အဝိုင်းရဲ့ ဝင်ရောက်လုပ်ဆောင်နိုင်မှု အတိုင်းအတာနဲ့ ထိရောက်မှုတွေအပေါ် မေးခွန်း
ထုတ် ဝေဖန်တာတွေလည်း ထွက်ပေါ်နေပါတယ်။