မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဒဏ်သင့်သူတွေကို နိုင်ငံတကာက
ကူညီကယ်ဆယ်ခွင့်
ရရေးအတွက် စစ်အစိုးရနဲ့ အားသွန်ခွန်စိုက်
ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အကူအညီပေးခဲ့
သလိုပဲ မုန်တိုင်းဒဏ်သင့်ဒေသအပြင် တခြားတိုင်းပြည်တ၀ှမ်း
ယိုယွင်းနေတဲ့ လူမှုရေး၊
စီးပွားရေး အခြေအနေတွေကြောင့် ဒုက္ခဆင်းရဲရောက်နေတဲ့
ပြည်သူတွေကိုပါ
ကျယ်ကျယ်ပြန့်ပြန့် ကူညီနိုင်ရေးအတွက် ကြိုးပမ်းကြဖို့ ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက်
International Crisis Group ခေါ် နိုင်ငံတကာပဋိပက္ခတွေကို လေ့လာသုံးသပ်တဲ့အဖွဲ့
(ICG) က တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။
နာဂစ်လွန်မြန်မာ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေ
ပုံမှန်ပြန်ဖြစ်ဖို့ အချိန်တန်ဆိုတဲ့
ခေါင်းစဉ်နဲ့ အောက်တိုဘာလ ၂၀ ထုတ် ICG အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ အခုလို
တိုက်တွန်းထားတာပါ။ ICG ရဲ့ အစီရင်ခံစာမှာ အကျယ်တ၀င့် ရေးသားထားတာကို
ကောက်နှုတ်တင်ပြရရင်တော့ နာဂစ်မုန်တိုင်းလွန်လတွေအတွင်း
နိုင်ငံတကာ အသိုင်း
အ၀ိုင်းအနေနဲ့ စစ်အစိုးရနဲ့ မကြုံစဖူး အကြိတ်အနယ်
ညှိနှိုင်းခွင့်ရရှိခဲ့ပြီး မုန်တိုင်းဒဏ်
သင့်
အသက်ရှင်ကျန်ရစ်သူတွေအတွက် လိုအပ်တဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး
လုပ်ငန်းတွေကို
ဆောက်ရွက်နိုင်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာအတွက် မြန်မာနိုင်ငံ
အပေါ်
ကူညီထောက်ပံ့မှုတွေပေးဖို့ ရပ်ဆိုင်းထားတဲ့မူတွေကို ပြန်ပြောင်းပစ်ဖို့အတွက်
အခွင့်အရေးတရပ်ဖြစ်တယ်လို့
ICG အဖွဲ့က ဆိုပါတယ်။
မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် နိုင်ငံတကာ အကူအညီတွေ
လက်ခံဖို့ စစ်အစိုးရ
ဘက်က ကနဦး တင်းမာတွန့်ဆုတ်မှုတွေဟာ နိုင်ငံတကာကို အံ့အားသင့်စေပါတယ်။
ဒါပေမယ့်
နောက်ပိုင်းအခြေအနေကတော့ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါ
တယ်။ ဥပမာ စစ်အစိုးရနဲ့ နိုင်ငံတကာ
အဖွဲ့အစည်းတွေအကြား ဆက်သွယ်မှုဟာ ပိုမို
ပြေပြစ်လာသလို နိုင်ငံခြားက
ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေ ပြည်ဝင်ခွင့်ဗီဇာရရှိဖို့
မုန်တိုင်းတိုက်ခတ်ပြီးစအခါနဲ့စာရင်
ပိုမိုလွယ်ကူ မြန်ဆန်လာတယ်လို့ ပြောပါတယ်။
နိုင်ငံတကာ အကူအညီတွေအတွက် လက်ရှိပွင့်နေတဲ့ တံခါးအပေါ်
အခြေခံပြီး မုန်တိုင်း
ဒဏ်သင့်ဒေသအပြင် တိုင်းပြည်တွင်း တခြားလိုအပ်နေတဲ့ လူသားချင်း
စာနာ
ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို တာဝန်ရှိရှိ ထိထိရောက်ရောက် ဆောင်ရွက်
နိုင်ဖို့အတွက်လည်း
လမ်းစရှိနိုင်တယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် လတ်တလော
လိုအပ်ချက်တွေသာမကဘဲ စီမံအုပ်ချုပ်မှုဆိုင်ရာ ညံ့ဖျင်းမှုနဲ့
ပြည်သူတွေ ဒုက္ခဆင်းရဲ
ရောက်မှုတွေကို ကူညီနိုင်ဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့
ကူညီထောက်ပံ့မှုမျိုးတွေကို
လမ်းကြောင်းပေးသင့်တယ်လို့ ဆိုပါတယ်။
ဆိုလိုချင်တာကတော့ မြန်မာနိုင်ငံမှာက နာဂစ်မုန်တိုင်း မတိုက်ခတ်ခင်ကတည်းက
မြန်မာပြည်သူလူထု အများစုဟာ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးဝန်ဆောင်မှု မလုံ
လောက်မှု စတဲ့
တခြားလူမှုရေး အခက်အခဲတွေနဲ့ ရုန်းကန်လှုပ်ရှားနေရတာကြောင့်
ဖြစ်တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုကတော့ အသက်သွေးကြောပမာ
အရေးကြီးဆဲဖြစ်တာကြောင့် နိုင်ငံတကာအနေနဲ့
ထိပ်တန်းသံတမန်အဆင့်က ဆက်ပြီး
ဖိအားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံတကာ
အကူအညီပေးနိုင်မှု၊
မပေးနိုင်မှုအပေါ် မူတည်ပြီး စစ်အစိုးရကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက်
ဈေးမဆစ်သင့်ဘူးလို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ ဒီနည်းနဲ့ဆိုရင် စစ်အစိုးရက
ထောက်ပံ့မှုတွေမရလည်း ဂရုစိုက်မှာမဟုတ်လို့ ပြည်သူတွေပဲ နစ်နာမှာဖြစ်တယ်လို့
ဆိုပါတယ်။
နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားတဲ့
အကူအညီပေးရေး၊
မပေးရေးဟာ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေတာကို
သက်သာရာရစေလိုတဲ့အပေါ်ပဲ
မူတည်သင့်တယ်လို့ အကြံပြုထားပါတယ်။
နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေ တဦးချင်းဝင်ငွေ
တိုးမြင့်ရေး၊ ပညာရေးနဲ့
ကျန်းမာရေးအဆင့်အတန်း မြင့်မားရေး၊ ပိုမိုကောင်းမွန်တဲ့ စီးပွားရေးမူဝါဒ
ပေါ်ပေါက်
လာရေး၊ လူနည်းစု တိုင်းရင်းသားတွေ တန်းတူအခွင့်အရေး ရရှိရေး စတာတွေအတွက်
ဇောင်းပေးပြီး တစိုက်မတ်မတ် ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး နယူးယောက်ခ်အခြေစိုက် အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့
ကုလ
သမဂ္ဂရုံး တာဝန်ခံ ဒေါက်တာသောင်းထွန်းရဲ့ သဘောထားကို မေးကြည့်တော့ သူက
အခုလိုဖြေပါတယ်။
"ဗမာပြည်မှာ ရေရှည် လူထုရဲ့ လူမှုရေးပြဿနာပဲဖြစ်ဖြစ်၊
ကျန်းမာရေးပြဿနာပဲ
ဖြစ်ဖြစ် ဖြေရှင်းဖို့ဆိုတာ ဒီနေ့ဒီအချိန်ခါမှာ
နိုင်ငံရေးပြောင်းလဲမှုကြီး တစုံလုံးဖြစ်ပြီးမှ
ပြည်သူလူထု လိုအပ်ချက်တွေကို
ပေးရမယ်လို့ ကျနော် မဆိုလိုပါဘူး။ ကျနော်တို့က
နိုင်ငံတကာအကူအညီကို ယူမှကို
ဖြစ်တော့မှာ။ မယူရင် ပြည်သူလူထုက အကုန်လုံး
စားစရာမရှိ၊ ၀တ်စရာမရှိ၊ ဖြစ်မယ့်ဘဝ
ရောက်နေတယ်။ ဒါပေမယ့် ကူတဲ့ အကူအညီ
တွေဟာ ပြည်သူလူထုက အရိုးများတဲ့ခေါင်းပိုင်းပဲ
စားတဲ့အဖြစ် မရောက်အောင်တော့
ကျနော်တို့အားလုံး အပြင်မှာရှိနေတဲ့ အင်အားစုတွေကလည်း
မျက်စိဒေါက်ထောက်
ကြည့်နေရမယ်၊ အတွင်းမှာရှိတဲ့ တိုးတက်တဲ့အမြင်ရှိတဲ့လူတွေက
ပြည်သူလူထုကို
ဖေးမ ကူညီရမယ်၊ ပြည်သူလူထုကလည်း ကိုယ့်အခွင့်အရေးကို ကိုယ်ကာကွယ်ဖို့တော့
လိုလိမ့်မယ်။"
ကြောင့် မြန်မာနိုင်ငံမှာ တဦးချင်းခံစားရရှိတဲ့ နိုင်ငံတကာ ကူညီထောက်ပံ့မှုဟာ တခြား
ဆင်းရဲမွဲတေတဲ့ နိုင်ငံတွေနဲ့စာရင် အဆ ၂၀ နည်းပါတယ်။ ဒါတွေရဲ့ အကျိုးဆက်တွေ
ဟာ အပေါင်းလက္ခဏာဆောင်တဲ့ ပြောင်းလဲမှုအတွက် အင်အားမဖြစ်စေဘဲ အင်အား
လျော့နည်းစေတယ်လို့ ဆိုပါတယ်။ တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး ယိုယွင်းဆုတ်ယုတ်
လာတာနဲ့အမျှ လူသားအရင်းအမြစ်နဲ့ စီမံခန့်ခွဲနိုင်တဲ့ စွမ်းအားတွေလည်း ကျဆင်း
လာတာမို့ ဒီအခြေအနေတွေကို ပြောင်းပြန်လှန်နိုင်ဖို့အတွက် ဘယ်အစိုးရအတွက်မဆို
လွယ်လှမှာတော့ မဟုတ်ပါဘူးလို့ ICG အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။