နိုင်ငံပြည်ပကို တိမ်းရှောင်နေတဲ့
ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ကို အာဏာအလွဲ
သုံးစားလုပ်မှုနဲ့ ထိုင်းတရားရုံးချုပ်က
ဒီကနေ့ပဲ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါပြီ။
ဒါဟာ ထိုင်းရဲ့ တရားရေးစနစ်
ခိုင်မာမှုကို ပြသလို၊ ထိုင်း ဒီမိုကရေစီစနစ်ရဲ့ သမိုင်း
မှတ်တိုင်တခုပဲလို့
လေ့လာသူတွေနဲ့ အတိုက်အခံခေါင်းဆောင်တွေက ယူဆကြပါတယ်။
အကြောင်းစုံကို စုံစမ်းမေးမြန်းပြီး
ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဘတ်သန်း ၈၀၀ နီးပါးတန်တဲ့ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့
ရက်ချဒါဖီးစစ်ကမြေကို
ဇနီးသည် ပိုဂျမန် ၀ယ်ယူရာမှာ မစ္စတာ
တပ်ခ်ဆင်ဟာ သူ့ရဲ့
ဝန်ကြီးချုပ်အာဏာကို
အသုံးပြုပြီး ဈေးသက်သက်သာသာရ
အောင် ကြားဝင်ဆောင်ရွက်ခဲ့တယ်ဆိုတဲ့
အထောက်အထားတွေနဲ့ မစ္စတာတပ်ခ်ဆင်
တို့ ဇနီးမောင်နှံ ၂ ဦးစလုံးကို
တရားစွဲဆို
ထားတာပါ။ ဒီကနေ့ တရားရုံးချုပ်ရဲ့
ဆုံးဖြတ်ချက်မှာတော့ မစ္စတာတပ်ခ်ဆင်ကို
ထောင် ၂ နှစ်ချလိုက်ပြီး ဇနီးဖြစ်သူ ပိုဂျမန်ကိုတော့ တရားသေလွှတ်ခဲ့ပါတယ်။
"ပထမတရားခံ မစ္စတာတပ်ခ်ဆင်ကို ထောင်ဒဏ် ၂ နှစ်
အမိန့်ချမှတ်ပါတယ်။ ဒုတိယ
တရားခံ ပိုဂျမန် တပ်ခ်ဆင်ကိုတော့ တရားသေလွှတ်လိုက်ပါတယ်။
တရားခံ ၂ ဦးစလုံး
ကို ဖမ်းဝရမ်းထုတ်ထားတာကို တရားရုံးက ပြန်ရုပ်သိမ်းပြီးတော့
ပထမတရားခံဖြစ်သူ
မစ္စတာတပ်ခ်ဆင် တဦးတည်းအတွက် ဖမ်းဆီးဝရမ်း အခု တရားရုံးကနေ
ထုတ်ပြန်ပါ
တယ်။"
တရားရုံးချုပ် တရားသူကြီးတဦးက အမှုစီရင်ချက်ကို ဖတ်ပြသွားတာ ဖြစ်ပါတယ်။
ထိုင်းဘဏ်တခုကနေ အဲဒီမြေကို ဈေးနှုန်းသက်သက်သာသာနဲ့
ဇနီးဖြစ်သူက ၀ယ်ယူ
နိုင်အောင် မစ္စတာတပ်ခ်ဆင်က အာဏာကို ကိုယ်ကျိုးအတွက်
အလွဲသုံးစားလုပ်ခဲ့
တယ်၊ ဒီအတွက် ၀န်ကြီးချုပ်တဦးအနေနဲ့ နိုင်ငံတော်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး အမိန့်စီရင်ခဲ့ပါတယ်။
အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေး
သမားတွေအပေါ် တင်းကျပ်ထားတဲ့ ဒီဥပဒေအရ တပ်ခ်ဆင်ရဲ့ဇနီးသည်
ပိုဂျမန်ကတော့
အစိုးရ၀န်ထမ်းတဦး မဟုတ်တာကြောင့် ဒီအမှုကနေ
ကင်းလွတ်ခွင့်ရသွားပါတယ်။
သူတို့ ၂ ဦးစလုံးကို မူလက တရားစွဲထားရာမှာ ၂
ယောက်စလုံး တရားရင်မဆိုင်တော့
ဘဲ အင်္ဂလန်နိုင်ငံကို ရှောင်တိမ်းသွားတာကြောင့် ၂ ဦးစလုံးကို
တရားရုံးကနေ ဖမ်းဆီး
မိန့်ထုတ်ခဲ့ပါတယ်။ မစ္စတာတပ်ခ်ဆင်တို့ ဇနီးမောင်နှံ ၂ ဦးစလုံးကတော့
အခုအချိန်မှာ
ဗြိတိသျှနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားပါတယ်။
ဒါပေမယ့်လည်း မစ္စတာ
တပ်ခ်ဆင်ကို အင်္ဂလန်ကနေ အမြန်ဆုံး ပြန်လွှဲပြောင်းယူနိုင်ဖို့
တရားရုံးက ဆက်ပြီး
ဆုံးဖြတ်ဆောင်ရွက်သွားမယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
အခုတရားစီရင်မှုဟာ ထိုင်းနိုင်ငံရဲ့
တရားရေးစနစ် ခိုင်မာမှု၊ လွတ်လပ်မှုကို ပြသတာ
ဖြစ်လို့ ဒါကို အသိအမှတ်ပြုရမယ်၊
ဒီအတွက် သူ့အနေနဲ့ ကျေနပ်အားရမိတယ်လို့ ထိုင်း
ဒီမိုကရက်တစ်အမတ် ခရိုင်ဆတ် ချွန်န၀ါက
ယူဆပါတယ်။
"ဒါဟာ ထိုင်းနိုင်ငံအတွက် သမိုင်းတွင်မယ့်ဖြစ်ရပ်ပါ။
ဥပဒေချိုးဖောက်တဲ့ ထိုင်းနိုင်ငံ
ခေါင်းဆောင်တွေ၊ အစိုးရအာဏာပိုင်တွေဟာ တရားဥပဒေအတိုင်း
စီရင်ခံရမယ်ဆိုတာ
ဒီကနေ သက်သေပြလိုက်သလိုပါပဲ" လို့ ပြောသွားတာပါ။
Human Rights Watch
လူ့အခွင့်အရေးစောင့်ကြပ်မှုအဖွဲ့ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စား
လှယ် မစ္စတာ
ဆူနိုင်းဖာစုကလည်း အခုတရားစီရင်ချက်ဟာ ထိုင်းအစိုးရအတွင်း
အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက်
အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ဆိုပါ
တယ်။
"မစ္စတာတပ်ခ်ဆင်နဲ့ သူ့ဇနီးဖြစ်သူတို့အပေါ်
တရားရေးဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံရေး
အတွက် အခြေခံစည်းမျဉ်းကို ပိုပြီး
လေးနက်ခိုင်မာစေပါတယ်။ အဂတိလိုက်စားမှုရှိတဲ့
နိုင်ငံရေးသမားတွေဟာ
သူတို့လုပ်ဆောင်ခဲ့တာတွေကို တချိန်ချိန် ပြန်လည်ပေးဆပ်ရ
မယ်၊ ဘယ်လောက် နိုင်ငံရေးအရ
အခက်ကြုံပါစေ၊ ဒါတွေဟာ ပြန်ပြီးစီရင်ခံရမယ်
ဆိုတာ ကျိန်းသေစေပါတယ်။"
အင်္ဂလန်ကိုရောက်နေတဲ့ မစ္စတာတပ်ခ်ဆင်ကတော့ အခု
တရားရုံးဆုံးဖြတ်ချက်ဟာ
သူ့အပေါ် နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်ပြီး ဒါကိုလည်း
သူ့အနေနဲ့ အတော်ကြာကတည်းက
မျှော်လင့်ပြီးသားပါလို့ တုံ့ပြန်ခဲ့ပါတယ်။
အခုလို ထိုင်းတရားရုံးရဲ့ စီရင်ချက်နဲ့ ပတ်သက်လို့
မြန်မာနိုင်ငံရှေ့နေများကောင်စီ
အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးရဲ့
ထင်မြင်ချက်ကိုလည်း မေးကြည့်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ကို ဒီနေ့
ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၂ နှစ်
ချလိုက်ပါတယ်။ ဒါပေမယ့် တဖက်မှာ
မစ္စတာတပ်ခ်ဆင်က ဒါ သူ့ကို နိုင်ငံရေးအရ
သက်သက်လုပ်ကြံတာလို့ ပြောနေပါတယ်။ ဆိုတော့ ဒီဆုံးဖြတ်ချက်က
တကယ်တမ်း
တရားမျှတမှု ရှိပါသလား၊ ဦးအောင်ထူး ဘယ်လိုယူဆပါလဲ။
"မစ္စတာတပ်ခ်ဆင်ရဲ့ ပြန်လည်တုံ့ပြန်ချက်က တကယ်လို့
ထိုင်းနိုင်ငံ တရားစီရင်ရေးက
လွတ်လပ်မှုကင်းမဲ့နေပြီဆိုရင်တော့ သူပြောတာကို
လက်ခံစဉ်းစားရမှာဖြစ်တယ်။
ကျနော်တို့သိသလောက်တော့ ထိုင်းနိုင်ငံရဲ့
တရားစီရင်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ
ရှုထောင့်က လွတ်လပ်တဲ့အခြေခံနဲ့
ဖန်တီးပေးထားတယ်၊ နောက် ထိုင်းတရားစီရင်ရေး
က အစိုးရဘက်ပိုင်းနဲ့ပတ်သက်တဲ့
အမှုတွေကို အရေးယူဆောင်ရွက်ရုံသာမက အတိုက်
အခံဘက်ကို အစိုးရဘက်က
ပြန်လည်တရားစွဲဆိုတဲ့ မှုခင်းတွေကိုလည်း အရေးယူ
ဆောင်ရွက်တာဖြစ်တယ်။
"ဥပမာ လူထုဒီမိုကရေစီတပ်ပေါင်းစု
ခေါင်းဆောင်တွေကို နိုင်ငံတော်ပုန်ကန်မှုနဲ့
အစိုးရက တရားစွဲတာကို တရားရုံးချုပ်က
လက်ခံကြားနာ စစ်ဆေးခဲ့သလို နိုင်ငံတော်
ပုန်ကန်မှုစွဲချက်ကို ပယ်လိုက်ပေမယ့်
အစိုးရရုံးကို ၀င်သိမ်းတဲ့ကိစ္စဟာ အခြားပြစ်မှု
မြောက်တာကြောင့်မို့ မစ္စတာချမ်လောင်းနဲ့
သူ့ရဲ့ခေါင်းဆောင်တွေကို ဆက်လက်
တရားစွဲဆိုထားဆဲဖြစ်တယ်။ တရားရုံးက အလယ်ကောင်ကနေ
နှစ်ဖက်စလုံးကို ဥပဒေ
ကြောင်းအရ လိုအပ်သလို ဆောင်ရွက်နေတယ်လို့ ပြောလို့ရတယ်။ ဒါ
တပိုင်းဖြစ်တယ်။
"နောက်တပိုင်းက ထိုင်းနိုင်ငံမှာဖြစ်နေတဲ့
နိုင်ငံရေးနောက်ခံက ငွေကြေးသြဇာသုံးပြီး
နိုင်ငံရေးအာဏာရယူထားတဲ့ အနေအထားကနေ
ရှုပ်ထွေးမှုတွေ ဖြစ်နေတာဖြစ်တယ်။
အဲဒီဟာကို ချေဖျက်ဖို့ ကြိုးစားတဲ့အခါ
တရားစီရင်ရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍက
ပါလာတယ်။"
ဒါပေမယ့်လို့ အခုလို တရားစီရင်မှုကြောင့်မို့လို့တော့
လက်ရှိဖြစ်နေတဲ့ အစိုးရဆန့်ကျင်
ရေး ဆန္ဒပြသူတွေနဲ့ အစိုးရလိုလားသူတွေအကြား
တင်းမာမှုဟာ လျော့သွားမယ့်အခြေ
အနေ မရှိသေးဘူးလို့ ထိုင်းအတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်
အဘီစစ်က
ပြောပါတယ်။ လအတန်ကြာ ထိုင်းအစိုးရရုံးကို သိမ်းပိုက်ထားတဲ့
အစိုးရဆန့်ကျင်ရေး
ဆန္ဒပြသူတွေက အခုလက်ရှိအစိုးရဟာ မစ္စတာတပ်ခ်ဆင်ရဲ့ ကိုယ်ပွားတွေဖြစ်တယ်
ဆိုပြီး
ရာထူးကနေဖယ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ပြတဲ့နေရာမှာရှိတဲ့ အစိုးရဆန့်ကျင်ရေးသမားတွေဟာ ၀မ်းသာအားရ ကြွေးကြော်
အော်ဟစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကတော့
ရပ်တန့်သွားမယ့်လက္ခဏာ မမြင်ရသေးပါဘူး။