အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ ဒါရိုက်တာ၊
လူရွှင်တော်၊
စာရေးဆရာ၊ ကဗျာဆရာ ကိုသူရခေါ်
ကိုဇာဂနာကို နိုင်ငံတကာ ကလောင်ရှင်များအသင်း
(PEN
Canada) က ၂၀၀၈ ခုနှစ်အတွက် One
Humanity Award လို့ နာမည်ပေးထားတဲ့ ဆုတခု
ချီးမြှင့်လိုက်ပါတယ်။ စာရေးဆရာတွေဟာ သူတို့ရဲ့
အတွေးစိတ်ကူးတွေကို ထုတ်ဖော်တဲ့အတွက်
အသတ်ခံ
ရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊
နှောင့်ယှက်ခံကြရပြီး
အဲဒီစာရေးဆရာတွေထဲမှာ
ခိုင်မာတဲ့ ရဲစွမ်းသတ္တိ၊ မှန်ကန်ဖြောင့်မတ်မှုတို့နဲ့ ပြည့်စုံတဲ့
ကိုဇာဂနာဟာ တဦး
အပါအ၀င်ဖြစ်တာကြောင့် ဒီဆုကို ချီးမြှင့်ရတာဖြစ်တယ်လို့ PEN Canada
အဖွဲ့ရဲ့ ဥက္ကဋ္ဌ
နီလိုဖာ ပါဇီရာ (Nelofa Pazira) က ပြောပါတယ်။ အပြည့်အစုံကို
ကိုကျော်ကျော်သိန်း
က တင်ပြထားပါတယ်။
ကိုဇာဂနာဟာ PEN Canada အဖွဲ့မှာ ၁၅ နှစ်ကျော် သက်တမ်းရှိပြီဖြစ်တဲ့
ဂုဏ်ထူး
ဆောင်အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ ဒီသက်တမ်းကာလအတွင်း သူဟာ မြန်မာအာဏာပိုင်
တွေက
ဖမ်းဆီးတာခံရလိုက်၊ ပြန်လွတ်လာလိုက်၊ သူယုံကြည်တာကို ဆက်ပြီး
လုပ်လိုက်၊ ပြန်အဖမ်းခံရလိုက်နဲ့ သံသရာလည်နေပေမယ့် အခိုင်အမာရပ်တည်ခဲ့သူ
ဖြစ်တယ်လို့ PEN
Canada အဖွဲ့ရဲ့ ဥက္ကဋ္ဌဟောင်းတဦးဖြစ်ပြီး လက်ရှိမှာတော့ လုပ်ငန်း
အစီအစဉ်မှူးတဦးဖြစ်တဲ့
မေရီယန် ဘော့တ်စ်ဖော့ဒ် ဖရေဆာ (Marian Botsford
Fraser) က ဗွီအိုအေမြန်မာပိုင်းကို
ပြောပါတယ်။
"ကိုဇာဂနာရေးသားတဲ့ ကဗျာတွေကို
အင်္ဂလိပ်လိုဘာသာပြန်ဆိုခဲ့ပြီး နိုင်ငံတကာက
ဖတ်ရှုခွင့်ရခဲ့တာကြောင့်
မြန်မာနိုင်ငံတွင်းမှာသာမက နိုင်ငံတကာအနေနဲ့ပါ သူ့ကို
နားလည်ဖို့
နည်းလမ်းရခဲ့ပါတယ်။ ဒါဟာ နယ်မြေအပိုင်းအခြားတွေကို ကျော်လွန်နိုင်
တဲ့၊
မတူခြားနားတဲ့ ယဉ်ကျေးမှုတွေကို ဆက်စပ်ပေးနိုင်တဲ့ သူတဦးကို
ဂုဏ်ပြုချီးမြှင့်ဖို့
ဆိုတဲ့ ဒီဆုရဲ့ သွင်ပြင်လက္ခဏာတခုနဲ့လည်း ကိုက်ညီနေပါတယ်။
"နောက်ပြီး အခုနောက်ဆုံး သူအဖမ်းခံရတာကလည်း
မြန်မာနိုင်ငံပြင်ပကလူတွေ
အကျွမ်းတ၀င်သိနေတဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနဲ့
ဆက်စပ်နေပါတယ်။ ဒါ့ကြောင့်
သူဟာ ကဗျာဆရာ၊ ဟာသသရုပ်ဆောင်တဦးအဖြစ် ကမ္ဘာတ၀ှမ်း ဘယ်နေရာက
ဘယ်သူမဆို ရင်ဆိုင်နေရတဲ့ အလားတူရုန်းကန်မှုမျိုးကို
ပဲ့တင်ထပ် ပုံဖော်နေတာမို့
နိုင်ငံတကာ သွင်ပြင်လက္ခဏာရှိသူတဦး ဖြစ်ပါတယ်။"
PEN Canada
အနေနဲ့ ဒီဆုကို မကြာခဏပေးလေ့ရှိတာမဟုတ်ဘဲ ကိုဇာဂနာကို အခု
တကြိမ်ပေးတာနဲ့ဆိုရင်
နှစ်ကြိမ်ပဲ ရှိပါသေးတယ်။ ပထမတခါ ဆုချီးမြှင့်ခဲ့တဲ့သူကတော့
လက်ရှိ
တရုတ်နိုင်ငံမှာ အကျဉ်းကျနေဆဲ စာရေးဆရာတဦးပါ။ အခြေအနေအရ အဲဒီ
စာရေးဆရာရဲ့အမည်ကို
ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူးလို့ မစ္စမေရီယန်က
ပြောပါတယ်။
ကိုဇာဂနာဟာ အကျဉ်းထောင်ထဲလည်း မကြာခဏရောက်၊
ထောင်ကပြန်လွတ်လာတဲ့
အချိန်တွေမှာလည်း ဆက်ပြီးလုပ်ကိုင်နေတာကြောင့် PEN Canada အဖွဲ့အနေနဲ့
သတိထားစောင့်ကြည့်နေခဲ့ကြောင်း၊ ပြီးခဲ့တဲ့ စက်တင်ဘာလက ဆိုင်ကလုန်းမုန်တိုင်း
တိုက်ခတ်အပြီး သူလုပ်ဆောင်တာ ပြောဆိုတာတွေနဲ့ပတ်သက်လို့ ဇူလိုင်လမှာ အဖမ်း
ခံခဲ့ရတဲ့နောက်
ဒီဆုချီးမြှင့်ဖို့ ထိုက်တန်သူအဖြစ် ရွေးချယ်ခဲ့တာပါပဲလို့ မစ္စမေရီယန်က
ရှင်းပြပါတယ်။
"နှစ်ပေါင်းများစွာ ရဲစွမ်းသတ္တိ အပြည့်အ၀ ပြသခဲ့သူတဦး၊
အကျဉ်းထောင်ထဲမှာ ကာလ
ရှည်ကြာနေခဲ့ရပေမယ့် ထောင်ပြင်ပြန်ရောက်တော့လည်း
လွတ်လပ်စွာပြောဆိုခွင့်နဲ့
ပတ်သက်တဲ့ လုပ်စရာရှိတာတွေကို
ဆက်ပြီးလုပ်ကိုင်သူတဦးကို သူက ကိုယ်စားပြု
ဖော်ပြနေပါတယ်။ ဒီဆုကို
ဂုဏ်ပြုချီးမြှင့်ဖို့ ရည်ရွယ်တဲ့ ရဲစွမ်းသတ္တိမျိုးရဲ့ စံနမူနာတခု
အဖြစ် သူက
ပုံဖော်နေပါတယ်။"
PEN Canada
အဖွဲ့ရဲ့ လုပ်ငန်းအစီအစဉ်မှူး မေရီယန် ဘော့တ်စ်ဖော့ဒ် ဖရေဆာ ပြောပြ
သွားတာ
ဖြစ်ပါတယ်။
အိပ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ် ဝေဒနာသည်တွေကို
အကူအညီပေးတဲ့လုပ်ငန်းတွေ၊
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် လူထုကို အကူအညီပေးလုပ်ငန်းတွေ
အားကြိုး
မာန်တက် ဆောင်ရွက်ပေးခဲ့၊ ပြောရေးဆိုရာ ရှိလာတဲ့အခါမှာလည်း
ပြောသင့်
ပြောထိုက်တာတွေကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ပြောခဲ့တဲ့ ကိုဇာဂနာ အခုလို
ဆုချီးမြှင့်ခံရတဲ့အပေါ် ၀မ်းသာအားရ ရှိလှပါတယ်လို့ စာရေးဆရာ ဦးစွမ်းရည်က
ပြောပါတယ်။
"ကျနော်ဖြင့် အပြင်မှာကို တိုင်ပင်နေတာ။ ကျနော်တို့
မကြာခဏ ပိုက်ဆံတွေ စုစုပြီး
တော့ တင်မိုးဆု၊ ဘာဆုဆိုပြီး နာမည်တပ်တပ်ပြီးတော့
ပေးတယ်ဗျ။ သူတို့ ထိခိုက်မှာ
စိုးလို့ မကြေညာတာ။ ဆုတခုခုတော့ ပေးချင်လိုက်တာဆိုပြီး
တမ်းတနေတာ၊ အခုလို
ဆုရတယ်ဆိုတာ ကြားရတော့ အင်မတန် ၀မ်းသာတယ်ဗျာ။ အင်မတန်လည်း
ထိုက်တန်တယ်လို့ ယူဆပါတယ်ဗျာ။ ကိုဇာဂနာလိုပုဂ္ဂိုလ်ရတဲ့အတွက် အင်မတန်
ဝမ်းသာပါတယ်။"
PEN Canada
အဖွဲ့ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင်တွေထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားလှုပ်ရှားမှုသမိုင်း ပြုစုရေးသားခဲ့လို့
အကျဉ်းကျ
နေတဲ့ ကိုအောင်ထွန်းနဲ့ မကြာသေးခင်ကမှ အကျဉ်းထောင်က ပြန်လွတ်မြောက်လာသူ
သတင်းစာဆရာကြီး ဦးဝင်းတင်တို့လည်း ပါဝင်ပါတယ်။
ဘာလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့ကျ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ စတင်ကျင်းပမယ့် နိုင်ငံ
တကာ စာရေးဆရာပွဲတော် ဖွင့်ပွဲညမှာ ချီးမြှင့်မှာပါ။ ပွဲတော်အခမ်းအနားကာလ
အတွင်း ခုံအလွတ်တလုံးမှာ သူ့ပုံကိုချထားပြီး Empty Chair လို့ဆိုတဲ့ ဂုဏ်ထူးဆောင်
သဘာပတိတဦးအဖြစ် သတ်မှတ်မှာပါ။ ဒါ့အပြင် ပွဲတော်ဖွင့်ပွဲနေ့ကစလို့ ဆယ်ရက်
တိုင်အောင် သူလွတ်မြောက်ရေးတောင်းဆိုတဲ့ လက်မှတ်တွေကို စုစည်းကောက်ယူပြီး
တိုရွန်တိုမြို့ မြန်မာသံရုံးဆီ ပေးပို့မယ်လို့လည်း မေရီယန် ဘော့တ်စ်ဖော့ဒ် ဖရေဆာက
ပြောပြခဲ့ပါတယ်။