သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတေးသျှနိုင်ငံက မြန်မာနိုင်ငံအပေါ် ငွေကြေးအရ အရေးယူ ဒဏ်ခတ်မှု စာရင်းတိုးချဲ့သတ်မှတ်


မြန်မာပြည်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုမရှိုလို့ သြစတေးလျနိုင်ငံက စစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူထားတာကို တိုးမြင့်လိုက်ပါတယ်။ ဘဏ္ဍာငွေကြေး ဒဏ်ခတ်အရေးယူထားတဲ့ စာရင်းထဲမှာ နောက်ထပ် ၄၅ယောက် ထပ်တိုးလိုက်ကြောင်း သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး စတီဖန် စမစ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ ထပ်တိုးလိုက်တဲ့ အရေးယူခံ ၄၅ယောက်ထဲမှာ စစ်အစိုးရခေါင်းဆောင်များ၊ ဝန်ကြီးများ၊ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ မိသားစုဝင်များ ပါဝင်ကြပါတယ်။ ၂၀၀၇ခု အောက်တိုဘာလမှာ သြစတေးလျ အစိုးရက မြန်မာစစ်အစိုးရကို ဒဏ်ခတ်အရေးယူ လိုက်ချိန်က စပြီး အရေးယူ ခံထားရတဲ့ ပုဂ္ဂိုလ် ၄၆၃ယောက် ရှိနေပြီး၊ မြန်မာ ဗိုလ်ချုပ်ကြီးများရဲ့ မိသားစုဝင်များ၊ သူတို့နဲ့ အကျိုးတူ စီးပွားရေး လုပ်ကိုင်ဖက်များပါဝင်ကြပါတယ်။

နေအိမ်အကျယ်ချုပ် ချခံနေရတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သြစတေးလျ အစိုးရက တိုက်တွန်းလိုက်ပြီး မြန်မာနိုင်ငံ ဆင်းရဲ အထီးကျန် ဖြစ်ရတဲ့အတွက်လည်း စစ်အစိုးရ ပြစ်တင်ဝေဖန်ထားပါတယ်။ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ လောက်ကို အကျဉ်းချထားခြင်းက နိုင်ငံရေး အရ တိုးတက်မှု မဖြစ်စေဘူးလို့လည်း သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး စမစ်က ထောက်ပြဝေဖန်သွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG