မြန်မာ့အတိုက်အခံ နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လူငယ် တရာကျော် နုတ်ထွက်သွားခဲ့ကြပါတယ်။ လူငယ်တွေ အခုလို နုတ်ထွက်ကြတာ မူဝါဒကြောင့်လား၊ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်လား၊ ဘယ်လိုခံစားချက်၊ အမြင်ယူဆချက်တွေကြောင့်လဲ ဆိုတာကို သိရအောင် လူငယ်တာဝန်ခံဟောင်း ကိုခင်ထွန်း ကို ဦးကျော်ဇံသာ မေးမြန်းတင်ပြထားပါတယ်။