တရုတ်နိုင်ငံမှာကျင်းပမယ့် အာရှ-ဥရောပ ခေါင်းဆောင်တွေရဲ့
အစည်းအဝေးမှာ မြန်မာ
နိုင်ငံအတွင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ
ပေါ်ပေါက်လာအောင် စစ်အစိုးရကို
တိုက်တွန်းနားချနိုင်တဲ့ အခွင့်အလမ်းကို အသုံးချဖို့
လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံ
တကာခေါင်းဆောင်တွေကို တိုက်တွန်းနေပါတယ်။
အကြောင်းစုံကို ထိုင်းနိုင်ငံမှာ
ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်
ဝိုင်းတော်သူ ဒေါ်ခင်မျိုးသက်က တင်ပြ
ပေးထားပါတယ်။
၇ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးညီလာခံကို
တက်ရောက်လာကြမယ့် နိုင်ငံ
၄၅ နိုင်ငံက ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့
ကိုယ်စားလှယ်အဖြစ် တက်ရောက်
လာမယ့် ဝန်ကြီးချုပ် ဦးသိန်းစိန်ကို မြန်မာနိုင်ငံမှာ
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ
လုပ်ဖို့၊ အခြေခံလူ့အခွင့်အရေးနဲ့
လွတ်လပ်ခွင့်တွေပေးဖို့ ဖိအားပေးနိုင်မယ့် အခွင့်
အလမ်း ရနေတယ်လို့ လူ့အခွင့်အရေး
စောင့်ကြည့်အဖွဲ့ဲရဲ့ အာရှဒေသဆိုင်ရာ သုတေ
သနမှူး ဒေးဗစ် မက်သီဆန်က ပြောပါတယ်။
"ဥရောပနဲ့ အာရှ နိုင်ငံ ၄၅ နိုင်ငံက ခေါင်းဆောင်တွေအတွက်
ဒီအစည်းအဝေးဟာ
တကယ့် အခွင့်အလမ်းတခုပါပဲ။ သူတို့အနေနဲ့ မြန်မာစစ်အစိုးရကို
မြန်မာနိုင်ငံထဲမှာ
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဆိုင်းသွားအောင်
ဖိအားတွေပေးဖို့အတွက်
ဘယ်လိုနည်းလမ်းတွေသုံးရင် ရမယ်ဆိုတာကို အတူတကွ
ရှာဖွေနိုင်မယ့် အခွင့်အလမ်း
ပါ။ ဒါတင်မကသေးဘဲ မကြာခင်နှစ်တွေအတွင်း နိုင်ငံတကာကနေ
လက်ခံလာလောက်
တဲ့ နိုင်ငံရေးပြောင်းလဲမှုတွေ မြန်မာနိုင်ငံက လုပ်ဖို့အတွက်
မြန်မာဝန်ကြီးချုပ်ကို
တိုက်တွန်းနိုင်မယ့် အခွင့်အလမ်းပါ ရတယ်" လို့
ပြောသွားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ
အီဘရာဟင်မ် ဂမ်ဘာရီ
(Mr. Ibrahim Gambari) ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို
နှစ်ကြိမ်သွားရောက်ပြီး ကြိုးပမ်းခဲ့
ပေမယ့် ဘာမှအရာမထင်ခဲ့တာမို့ အခုလို ဥရောပနဲ့
အာရှခေါင်းဆောင်တွေ စုစု
ဝေးဝေး တွေ့ဆုံတဲ့အချိန်မှာ မြန်မာ့အရေးကို ဖိအားပေးပြီးဆောင်ရွက်ဖို့
လူ့အခွင့်
အရေးအဖွဲ့ကြီးက တောင်းဆိုတာပါ။
အီးယူ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံအပေါ် အရေးယူ
ဒဏ်ခတ်တဲ့အနေနဲ့ တွေ့ဆုံ
ဆွေးနွေး အဖြေရှာတာတွေ မလုပ်မချင်း ဥရောပနိုင်ငံတွေကို
မြန်မာစစ်အစိုးရနဲ့
အပေါင်းအပါတွေ လာရောက်ခွင့် ပိတ်ပင်ထားပါတယ်။ ဒါပေမယ့်
ပြီးခဲ့တဲ့ အာဆမ်
ညီလာခံကို ဂျာမဏီနိုင်ငံ ဟမ်းဘာ့ဂ်မှာ ပြုလုပ်ခဲ့တုန်းက
မြန်မာနိုင်ငံခြားရေးဝန်ကြီး
ဦးဉာဏ်ဝင်းကို ဖိတ်ကြားခဲ့ပြီး မြန်မာနိုင်ငံရဲ့
လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်
ဖိအားပေးခဲ့ပါတယ်။
ဒါ့အပြင် ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံအတွက် အရင်က ပညာရေး၊
ကျန်းမာရေးကဏ္ဍ
တွေတင်မက ဘက်စုံအကူအညီတွေ အများကြီးပေးခဲ့ပေမယ့် မြန်မာနိုင်ငံမှာ
သံဃာ
တော်တွေဦးဆောင်တဲ့ ဆန္ဒပြတာကို ရက်ရက်စက်စက် နှိမ်နင်းခံရတာနဲ့
နာဂစ်
ဆိုင်ကလုန်းဒဏ် ခံရပြီးနောက် စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေအတွက်
အရေးယူ
ဒဏ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာမို့ အခု အာဆမ်ညီလာခံမှာလည်း ဖိအားတွေပေးဖို့
လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုတာပါ။
"ဥရောပသမဂ္ဂအနေနဲ့ ဒေသတွင်းက အဓိက အာရှနိုင်ငံကြီးတွေကို
ဖိအားပေးတာ
လုပ်သင့်ပါတယ်။ အထူးသဖြင့် တရုတ်၊ စင်ကာပူနဲ့ အာဆီယံနိုင်ငံတွေအပြင်
အိန္ဒိယ
အစိုးရတွေကိုပါ သူတို့ရဲ့ သြဇာအာဏာတွေကိုသုံးပြီး မြန်မာစစ်အစိုးရဘက်က
လူ့အခွင့်
အရေး ချိုးဖောက်တာတွေမလုပ်ဖို့ ဖိအားပေးနိုင်ပါတယ်။ အီးယူ
ဥရောပကော်မရှင်က
မြန်မာနိုင်ငံအပေါ် ဖိအားပေးသလို အာဆမ်အဖွဲ့အနေနဲ့လည်း လုပ်ဆောင်ဖို့
တိုက်တွန်း
နိုင်ပါတယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး
အတွက်
အချိန်ဇယားချပြတဲ့ ကိစ္စမျိုးတွေမှာ ဖိအားပေးနိုင်ပါတယ်" လို့ ပြောသွားပါ
တယ်။
ဒီအာဆမ်ညီလာခံ ပေါ်ပေါက်လာဖို့ ကြိုးစားခဲ့တဲ့
စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်ဟောင်း
ဂိုချောက်တောင်း (Goh Chok Tong)
ကလည်း အာဆမ်အဖွဲ့ကြီးရဲ့ စီးပွားရေး ပူးပေါင်း
ဆောင်ရွက်မှုတွေဟာ
မြန်မာနိုင်ငံပြဿနာသာ မရှိဘူးဆိုရင် အတော့်ကို ကြီးကြီး
မားမား တိုးတက်မှုတွေ
ဖြစ်လာနိုင်တယ်လို့ ဗုဒ္ဓဟူးနေ့က တရုတ်အသံလွှင့်ဌာန စီစီတီဗွီ
နဲ့ မေးမြန်းခန်းမှာ
ပြောကြားခဲ့ပါတယ်။
အခုနှစ်ပိုင်းတွေအတွင်း ဆွေးနွေးပွဲတွေ ကျင်းပလိုက်တိုင်း
ဒီထဲမှာ မြန်မာနိုင်ငံ ပါနေတဲ့
အတွက် အီးယူ ဥရောပသမဂ္ဂက ထိထိရောက်ရောက်
လက်တွဲမဆောင်ရွက်တဲ့အပြင်
ဒါဟာ အာရှ-ဥရောပ နှစ်ဖက်စလုံးအတွက်
ပြဿနာဖြစ်လာစေတယ်လို့လည်း မစ္စတာ
ဂိုချောက်တောင်းက ပြောခဲ့ပါတယ်။
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်
အနောက်နိုင်ငံတွေက
မြန်မာနိုင်ငံမပါဖို့ ဆန့်ကျင်ကန့်ကွက်နေရာက ၂၀၀၄ ခုနှစ်ကမှ
အာဆမ်ဆွေးနွေးပွဲ
တွေမှာ မြန်မာပါဝင်တက်ရောက်ခွင့် ရခဲ့ပါတယ်။ အခုလို အာဆီယံဘက်က
မြန်မာ
နိုင်ငံအတွက် လုပ်ဆောင်ခဲ့ပေမယ့် မြန်မာနိုင်ငံဘက်က တာဝန်မကျေတာကို
စင်ကာပူနိုင်ငံက ပြောခဲ့တာနဲ့ပတ်သက်ပြီး မစ္စတာ မက်သီဆန်က …
ခေါင်းဆောင်တဦးက ဒီညီလာခံမှာ သူ့ရဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ပူပန်နေရတဲ့
သဘောထားကို ကြားသင့်ပါတယ်။ ဒီညီလာခံမျိုးမှာ မြန်မာနိုင်ငံကို အမြဲတမ်းပဲ
ဖိတ်ခေါ်သင့်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပါဝင်တဲ့ အဖွဲ့အစည်းမှာ ကိုယ့်ရဲ့တာဝန်
ကိုယ်ယူဖို့ ကိစ္စမျိုးကို ကြားနာသင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။