သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေး ပြဿနာ စီးပွားရေး ထိပ်သီးများ ဆွေးနွေးမည်


ရင်းနှီးမြှုပ်နှံသူတွေဟာ အဓိကစီးပွားရေးကုမ္ပဏီကြီးတွေကနေ စိတ်ပျက်ဖွယ် အရှုံးပြတဲ့သတင်းတွေအပေါ် အလေးထား ကြည့်နေကြတာနဲ့အမျှ ကမ္ဘာတဝှမ်း စတော့ရှယ်ယာဈေးနှုန်းတွေ ဗုဒ္ဓဟူးနေ့က ကျဆင်းသွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က အရောင်းအဝယ်ပိတ်တဲ့အချိန်မှာ အဓိကအမေရိကန်စတော့ညွှန်းကိန်းတချို့ ခြောက်ရာခိုင်နှုန်းပတ်ဝန်းကျင် ကျဆင်းသွားခဲ့ပါတယ်။ အစောပိုင်းတုန်းကလည်း တိုကျိုနဲ့ဟောင်ကောင်တို့က အဓိကစတော့ညွှန်းကိန်းတွေ ငါးရာခိုင်နှုန်းကျော် ကျဆင်းခဲ့သလို ဥရောပတိုက်ရဲ့အဓိကစတော့ညွှန်းကိန်းတွေဟာလည်း လေးရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။

G-20 လို့ခေါ်တဲ့ နိုင်ငံ ၂၀ ပါအဖွဲ့က ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုကဖိတ်ခေါ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်းကိုဖြေရှင်းရေး ထိပ်သီးအစည်းအဝေးတခုကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာကျင်းပဖို့ စီစဉ်ထားချိန်မှာပဲ စတော့ ဈေးတွေကလည်း ကျဆင်းနေတာပါ။ နိုင်ငံ ၂၀ အုပ်စုထဲမှာ စက်မှုထိပ်သီးနိုင်ငံတွေနဲ့အတူ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ဘရာဇီးတို့ လို တိုးတက်စ အဓိကစီးပွားရေးနိုင်ငံတွေလည်း ပါဝင်ပါတယ်။
ကုလသမဂ္ဂ၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့က အကြီးအကဲတွေကိုလည်း ဖိတ်ခေါ်ထားတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော်ကပြောပါတယ်။ လက်ရှိအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ ဘာတွေ လုပ်ဆောင်နေတယ်ဆိုတာနဲ့ နောက်ထပ်စီးပွားရေး အကျပ်အတည်း ပြဿနာတွေထပ်မဖြစ်အောင် ကာကွယ်ဖို့နည်းလမ်းတွေကို ခေါင်းဆောင်တွေ ဆွေးနွေး ကြမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG