သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဖို့ ကင်တားနား တိုက်တွန်း


ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်က မြန်မာနိုင်ငံမှာ ၂၀၁၀
ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင်
လုပ်ဆောင်ဖို့ စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်း
ကျခံနေရတဲ့ အကျဉ်းသား ၂,၀၀၀ ကျော်ကို လွှတ်ပေးဖို့လည်း မစ္စတာ တိုးမာ့စ် အိုဟေး
ကင်တားနား (Tomas Ojea Quintana) က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ
တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်းက တင်ပြပေးထားပါ
တယ်။

မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို သြဂုတ်လမှာ ပထမဆုံး
အကြိမ် သွားရောက်ခဲ့ပြီးတဲ့နောက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရလုပ်ရ
မယ့် အချက် ၄ ချက်ကို အဆိုပြုခဲ့ပါတယ်။

"နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့
ကိုက်ညီအောင် ပြည်တွင်းဥပဒေတွေကို ပြင်ဆင်
ပါ၊ နိုင်ငံရေးခံယူချက်တွေကြောင့် ဖမ်းဆီးထားသူ
တွေအားလုံးကို လွှတ်ပေးပါ၊ စစ်တပ်ကို ပြုပြင်
ပြောင်းလဲရေးလုပ်ပါ၊ စစ်တပ်မှာ လူ့အခွင့်အရေး
သင်တန်း ပေးပါ၊ လွတ်လပ်တဲ့ တရားစီရင်နိုင်မှုနဲ့
တရားဥပဒေစိုးမိုးအောင် လုပ်ပါ။"

စက်တင်ဘာလတုန်းက အကျဉ်းသား ၉,၀၀၀
လွှတ်ပေးခဲ့တာကို မစ္စတာကင်တားနားက ကြိုဆို
ပေမယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ
၇ ယောက်ပဲ ပါတယ်ဆိုတာကို ထောက်ပြပါ
တယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း ၂,၀၀၀ ကျော်ရှိနေတာကို
လွှတ်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီထဲမှာ အထင်ရှားဆုံးကတော့ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။

မစ္စတာကင်တားနားဟာ သူ့ရဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။ သူမ အဆောတလျင် လွတ်လာလိမ့်
မယ်လို့လည်း မစ္စတာကင်တားနားက မမျှော်လင့်ပါဘူး။

"လတ်တလောမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလိမ့်မယ်လို့ ကျနော်
အရမ်းကြီး မျှော်လင့်မထားပါဘူး။ သူမဟာ မတရား ဖမ်းဆီးခံထားရတာဖြစ်တယ်
ဆိုတာ စစ်အစိုးရ နားလည်လာအောင်လုပ်မယ့် ဗျူဟာတွေကို ကျနော် ကြိုးစားရှာနေ
ပါတယ်။"

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တိုးမာ့စ်
အိုဟေး ကင်တားနား ပြောပြသွားတာ ဖြစ်ပါတယ်။

အလားတူပဲ မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်
ဗီတစ် မွန်တာ့ဘွန်း (Vitit Muntarbhorn) ကလည်း မြောက်ကိုရီးယားနိုင်ငံမှာ လူ့အခွင့်
အရေးအခြေအနေ တိုးတက်မှုမရှိဘူးလို့ နယူးယောက်ခ်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ
ပြောသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG