မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ခံထားရ
တာ ၁၃ နှစ်
ပြည့်မြောက်သွားပြီဖြစ်တဲ့အပေါ် အမေရိကန်အစိုးရက ကြေညာချက်
တစောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒီကြေညာချက်နဲ့ပတ်သက်ပြီး
အမေရိကန်အစိုးရ သတင်းထုတ်ပြန်ရေးဌာနက
မစ္စနီကိုးသွန်မဆင်က …
"၂၀၀၈
ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေမဲ့
နေအိမ်အကျယ်ချုပ် ချထားခဲ့တာ ၁၃ နှစ် ပြည့်သွားပါပြီ။ သူမဟာ
မြန်မာပြည်ငြိမ်းချမ်း
ရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် မျှော်လင့်ချက်တွေနဲ့
ကြံ့ကြံ့ခံ ရပ်တည်နေဆဲပဲ ဖြစ်ပါ
တယ်။ ဒီအတွက် ကျမတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င် အကျဉ်းချခံနေရ
တဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ချွင်းချက်မရှိ
အမြန်ဆုံး ပြန်လွှတ်ပေးဖို့
အတွက် မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်" လို့ ပြောသွားပါတယ်။
ဒါ့အပြင်
မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီပြောင်းလဲရေးအတွက် ဦးတည်လုပ်ဆောင်
သွားဖို့နဲ့
နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့အတွက် ကုလသမဂ္ဂ အတွင်း
ရေးမှူးချုပ်
ဘန်ကီမွန်းက ပြောဆိုလိုက်တဲ့အကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါ
တယ်။
အဲဒီနောက်
အမေရိကန်အစိုးရအနေနဲ့ ကုလသမဂ္ဂ အပါအ၀င် တခြား နိုင်ငံတကာ
အသိုင်းအ၀ိုင်းနဲ့အတူ
လက်တွဲပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်နဲ့အတူ
တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်တွေပါ ပါဝင်တဲ့ စစ်မှန်တဲ့
ဒီမို
ကရက်တစ်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အချိန်အတိုင်းအတာ အတိအကျ
သတ်မှတ်ပြီး
မြန်မာစစ်အစိုးရက လုပ်ဆောင်သွားဖို့ကိုလည်း တိုက်တွန်းသွားမယ်လို့
ဖော်ပြထားပါတယ်။
ကို ပြန်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာနေထိုင်နေတဲ့ ၂၁ နှစ်တာကာလအတွင်း ၁၃ နှစ်ကြာ
နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေထိုင်နေရတာ ဖြစ်ပါတယ်။