အမေရိကန်
ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း အလန်
ဂရင်းစ်ပန် (Alan Greenspan) က လတ်တလော
ကြုံတွေ့နေရတဲ့
ဘဏ္ဍာရေးအကျပ်အတည်းဟာ
နှစ် ၁၀၀ မှာ တကြိမ်သာကြုံရတဲ့ အကြွေးဆူနာမီ
လှိုင်းလုံးကြီးပဲလို့
တင်စားလိုက်ပါတယ်။
စီးပွားရေးနဲ့
ဘဏ္ဍာရေးအကျပ်အတည်းတွေ
ဘာကြောင့်ကြုံနေကြရတယ်၊ နောင်ဒီလိုမဖြစ်ရ
အောင်
ဘယ်လိုကာကွယ်ကြမလဲ ဆိုတာနဲ့
ပတ်သက်ပြီး အမေရိကန်လွှတ်တော်မှာ ကြားနာပွဲတွေ
ဆက်တိုက်လုပ်နေရာမှာ
မစ္စတာ ဂရင်းစ်ပန် မနေ့က ထွက်ဆိုခဲ့တာဖြစ်ပါတယ်။ သူ့ကို
ဥပဒေပြုလွှတ်တော်
အမတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသလို အကျပ်ရိုက်တဲ့
မေးခွန်းတွေလည်း
ထုတ်ခဲ့ကြပါတယ်။
သူ
ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ၁၈ နှစ်ကြာ တာဝန်ယူခဲ့တုန်းက ဘဏ္ဍာရေး ကုမ္ပဏီကြီး
တွေအပေါ်
လုပ်ထုံးလုပ်နည်းစည်မျဉ်းတွေ တင်းကျပ်တာကို ဆန့်ကျင်ခဲ့ပါတယ်။
အခုတော့
ဘဏ္ဍာရေးကုမ္ပဏီကြီးတွေအပေါ် ပိုပြီးတင်းကျပ်ဖို့ တိုက်တွန်းလိုက်ပြီး
အလုပ်ပြုတ်မယ့်သူတွေနဲ့
အလုပ်လက်မဲ့ဦးရေ တိုးလာလိမ့်မယ်လို့ မစ္စတာ ဂရင်းစ်ပန်
က ခန့်မှန်းလိုက်ပါတယ်။
ဦးဆောင်နေတဲ့ နီးလ် ကတ်ရှ်ကာရီ (Neel Kashkari) က ဒီကြိုးပမ်းမှု သိသိသာသာ
တိုးတက်မှုရှိနေပြီး ဈေးကွက်ကို ထိန်းနိုင်တဲ့လက္ခဏာ တွေ့နေရပြီလို့ အထက်
လွှတ်တော် ကြားနာပွဲမှာ ထွက်ဆိုသွားပါတယ်။