သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကားလမ်း အတားအဆီးများ ဖယ်ရှား


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာ လမ်းမပေါ်မှာ ချထားတဲ့ အတားအဆီးတွေကို ဒီနေ့မှာ အာဏာပိုင်တွေက ဖယ်ရှားလိုက်ပါတယ်၊ ဘာအကြောင်းကြောင့် ဖယ်ရှား လိုက်သလဲ ဆိုတာ မသိရသေးပေမဲ့လမ်းမပေါ်မှာ Barbed wire တွေနဲ့ တားထားတာတွေမရှိတော့ဘူး ဆိုတာကို NLD သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးညဏ်ဝင်းက VOA ကို ခုလို ပြောပြပါတယ်၊

“မိတ်ဆွေ တယောက်က ပြောလို့ ခြံအရှေ့တော့ မရောက်ပါဘူး။ ကမ္ဘာအေး ဘုရားလမ်းက ကြည့်တော့ လုံခြုံရေးချထားတဲ့ ဝါယာတွေ ခါတိုင်းထား ထားတာတွေ မတွေ့ဘူး။ မနက်ကတည်းက အခုထိတော့ ဒါနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား မကြားဘူးခင်ဗျ။”

NLD သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးညဏ်ဝင်းဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ ့ ခြံရှေ ့မှာ အရပ်ဝတ်နဲ့ အစောင့်တွေကတော့ ရှိနေဆဲပဲလို့သိရပါတယ်၊ တက္ကသိုလ် ရိပ်သာလမ်း နှစ်ဘက်လုံးမှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားနိုင်ပြီလို့ သက်ဆိုင်ရာကိုမေးခဲ့သူက VOA ကို ပြန်ပြီး ပြောပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေက နေအိမ် အကျယ်ချုပ်ချ ဖမ်းဆီးထားတဲ့အချိန်စုစုပေါင်းဟာ ပြီးခဲ့တဲ့
သောကြာနေ့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ၁၃ နှစ်ပြည့် သွားခဲ့ပါတယ်။ နိုင်ငံတကာအစိုးရတွေ ကမ္ဘာတဝန်းက မြန်မာ့အရေး လှုပ်ရှားနေကြသူတွေလဲ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက်မှု ဖြစ်ပြီးတဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ဆိုပြီး စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အခုအချိန်အထိ ထိန်းသိမ်းထားတဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေကြောင်းအရ စိန်ခေါ်ဖို့သူမရဲ ့ရှေ့နေနဲ့ အတူ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်လများ ဆက်ပြီး ဖမ်းဆီးထားတဲ့ အပေါ် တရားရုံးမှာ အယူခံတင်ထားတဲ့ ကိစ္စအတွက် ကြားနာမဲ့ ရက်ကိုတော့ ခုချိန်ထိမရသေးဘူးလို့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG