သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုအပေါ် မြန်မာစစ်အစိုးရ ဝေဖန်ခံရ


မြန်မာစစ်အစိုးရက ဦးဆောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ထဲမှာ
အမျိုးသမီးနဲ့ အမျိုးသား တန်းတူညီမျှရေးကို မြှင့်တင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ နိုင်ငံ
တကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေကို CEDAW လို့ခေါ်တဲ့
အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂရဲ့
ကော်မတီကို တင်သွင်းခဲ့ကြပါတယ်။

WLB လို့ခေါ်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်ကလည်း ဒီအကြောင်းနဲ့ပတ်သက်
တဲ့ ကြေညာချက်တစောင်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အခုလို အမျိုးသမီး၊ အမျိုးသား
တန်းတူညီမျှမှုတွေကို စစ်အစိုးရရဲ့ ဖွဲ့စည်းပုံဥပဒေမှာ မြှင့်တင်ဖို့ ပျက်ကွက်တာဟာ
အစိုးရအဖွဲ့ထဲမှာ စစ်တပ်ဘက်က ၂၅% နေရာယူထားလို့ပဲလို့ ဆိုပါတယ်။

မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ အမျိုးသားတွေကပဲ ရှေ့တန်းက နေရာရတယ်၊ စစ်တပ်
ကြီးစိုးမှု ရှိတဲ့နိုင်ငံဖြစ်တယ်၊ စစ်တပ်မှာလည်း အားလုံးလိုလိုဟာ အမျိုးသားတွေပဲ
လွှမ်းမိုးထားတယ်လို့ ဆိုပါတယ်။

CEDAW အဖွဲ့ကနေပြီး မြန်မာစစ်အစိုးရက ဒီနှစ်တင်သွင်းတဲ့ အမျိုးသမီး အခွင့်
အရေးဆိုင်ရာ အစီရင်ခံစာကို ကန့်ကွက်ပေးဖို့ The Global Justics Center လို့ခေါ်တဲ့
အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့ အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားတဲ့ ရှေ့နေ
အဖွဲ့က တိုက်တွန်းထားပါတယ်။

မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂရဲ့ တိုက်တွန်းမှုတွေကို မလိုက်နာရုံမက အမျိုးသမီးတွေကို
အဓမ္မပြုကျင့်မှုနဲ့ တခြားပြစ်မှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေက အရေးယူဖို့
စိတ်မပါကြဘူးလို့ The Global Justice အဖွဲ့က ပြောပါတယ်။ လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့
ကျရင် CEDAW အဖွဲ့ရဲ့ ၄၂ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG