မြန်မာနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ သံတမန်ဆက်ဆံရေးတွေ ပြန်စပြီးလို့
တနှစ်ကျော်
အကြာ ဒီကနေ့မှာတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ခေါင်းဆောင်တဲ့
အဖွဲ့ဟာ
မြောက်ကိုရီးယားနိုင်ငံရဲ့မြို့တော် ပြုံယမ်းကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒီမှာ
မြောက်ကိုရီးယား
နိုင်ငံခြားရေးဝန်ကြီး ပတ်ခ် အူအီ ချွန်း (Pak Ui Chun) နဲ့ တွေ့ဆုံ
ခဲ့တဲ့အကြောင်း
မြောက်ကိုရီးယားရဲ့ အစိုးရသတင်းအေဂျင်စီရဲ့ သတင်းတွေမှာ ဖော်ပြ
ထားပါတယ်။
မြို့တော်ပြုံယမ်းလေဆိပ်မှာ မြန်မာအဖွဲ့နဲ့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေး
ဝန်ကြီးနဲ့
တခြားအရာရှိတွေ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းကဆိုပေမယ့် တခြား
အသေးစိတ်အချက်အလက်တွေတော့
မသိရပါဘူး။
အကြား လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကစပြီး သံတမန်ဆက်ဆံရေး ပြန်လုပ်ဖို့ နှစ်ဖက် သဘော
တူညီခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ်က မြန်မာပြည်ကို အလည်အပတ်ရောက်လာတဲ့
တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် (Chun Doo-hwan) ကို မြောက်ကိုရီးယားဘက်က ဗုံးခွဲပြီး
လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာဘက်က သံတမန်အဆက်အသွယ်
ဖြတ်ခဲ့တာပါ။ အဲဒီလုပ်ကြံမှုမှာ တောင်ကိုရီးယားအစိုးရဝန်ကြီး ၄ ဦး အပါအဝင် လူ ၂၀ ကျော်
သေဆုံးခဲ့ရပါတယ်။ အခု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့အဖွဲ့ဟာ နှစ်ပေါင်း ၂၅ နှစ်
အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။