အောက်တိုဘာ ၂၅၊ ၂၀၀၈ - လွန်ခဲ့တဲ့ သြဂုတ်လက ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဒီမိုကရက်တစ်ပါတီ ညီလာခံကို တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။ ဒါကိုကြည့်ရင် အမေရိကန်နိုင်ငံရေးကို တရုတ်အစိုးရ ဘယ်လောက်စိတ်ဝင်းစားတယ် ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ လက်ရှိ ဒီအင်အားကြီးနိုင်ငံတွေရဲ့ မြန်မာပြည်ပေါ်ထားရှိတဲ့ မူဝါဒများကတော့ မတူပါ - အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူ လုပ်ဆောင်နေပေမဲ့ တရုတ်ကွန်မြူနစ်အစိုးရကတော့ ထောက်ခံကာကွယ်လျှက်ရှိနေပါတယ်။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုပေါ်မှာ အမေရိကန် နဲ့ တရုတ် အစိုးရဟာ ဆန့်ကျင်ဘာ် ဖြစ်နေပေမဲ့ သူတို့အချင်းချင်း ဆက်ဆံရေးမှာတော့ အဆင်ပြေအောင် ကြိုးပမ်းနေကြပုံကို ဦးအောင်ခင်က သုံးသပ်တင်ပြထားပါတယ်။