အမေရိကန်ပြည်ထောင်စု၊
ဂျာမဏီနဲ့ ဟောင်ကောင်တို့မှာရှိတဲ့ အစုရှယ်ယာဈေးကွက်
တွေ အင်္ဂါနေ့မှာ အကြီးအကျယ်
အမြတ်ထွက်ခဲ့ပါတယ်။ နယူးယောက်ခ်က ဒေါင်းဂျုံးစ်
(Dow Jones)
အညွှန်းကိန်းက ၁၁% နီးပါး မြင့်တက်သွားပြီး တခြား အမေရိကန်
ညွှန်းကိန်းတွေလည်း
မြင့်တက်ခဲ့ပါတယ်။
အစောပိုင်းတုန်းကလည်း
ဟောင်ကောင်ရဲ့ အဓိကညွှန်းကိန်းဟာ ၁၄% မြင့်တက်ခဲ့ပြီး
ဂျာမဏီနိုင်ငံက စံညွှန်းကိန်းက
၁၁% ကျော် မြင့်တက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ၊ ပြင်သစ်
နိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့က
ရှယ်ယာဈေးတွေလည်း အမြတ်ထွက်ခဲ့ကြပါတယ်။
အထိနာနေတဲ့
ကမ္ဘာ့စီးပွားရေးကို ပြန်မြှင့်တင်ဖို့ နိုင်ငံတကာ အစိုးရတွေက ကြိုးပမ်းမှု
တွေ
ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် အခုလို အစုရှယ်ယာဈေးတွေ ပြန်တက်လာခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုနဲ့
ဥရောပတို့မှာ ငွေချေးတဲ့ စရိတ်စက လျော့နည်းပြီး စီးပွား
ရေးလုပ်ငန်းတွေ
ပြန်ရှင်သန်လာနိုင်အောင် အဓိကအတိုးနှုန်းတွေကို ဗဟိုဘဏ်က
လျှော့ချပေးဖို့
ရင်းနှီးမြှုပ်နှံသူတွေက ယူဆထားပါတယ်။
တချိန်တည်းမှာပဲ
တကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းကြီး အရှေ့ဥရောပက
ဖွံ့ဖြိုးစပြုနေတဲ့ စီးပွားရေးတွေဆီ
ကူးစက်မသွားအောင် လုပ်ဆောင်ဖို့က ဗြိတိန်နဲ့
ပြင်သစ်အစိုးရတို့ရဲ့
ဦးစားပေးကိစ္စဖြစ်တယ်လို့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း
(Gordon Brown) က
ပြောပါတယ်။
တင်ဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို ပိုပြီးခိုင်မာအောင် ပြုလုပ်ဖို့ လိုအပ်
တယ်လို့ မစ္စတာဘရောင်းက ပြောဆိုပါတယ်။ IMF ဟာ ယူကရိန်း၊ ဟန်ဂေရီနဲ့
လတ်တလောမှာ အိုက်စ်လန် အပါအဝင် နိုင်ငံအများအပြားကို ကူညီဖို့ လုပ်ဆောင်
နေပါတယ်။