သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ၆ရက်အလို ကိုယ်စားလှယ်လောင်း နှစ်ဦး အပြင်းအထန် မဲဆွယ်မှုများ ဆက်လုပ်နေ


အမေရိကန် နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ၆ ရက်ပဲ လိုတော့တဲ့ အချိန် ဒီမိုကရက်ပါတီက ဘားရက် အိုဘားမားနဲ့ ရီပတ်ဗလစ်ကန်ပါတီက ဂျွန်မက်ကိန်းတို့ အဓိကကျတဲ့ ပြည်နယ်များမှာ ရုပ်မြင်သံကြားကနေပါ မဲဆွယ် စည်းရုံးနေကြ ပါတယ်။ ဗုဒ္ဓဟူးနေ့ ညဘက် အချိန်ကောင်းမှာ ရုပ်မြင်သံကြားကနေ ကြေညာခ ပေးပြီးတော့ နာရီဝက် နိုင်ငံသို့ အိုဘားမားက မိန့်ခွန်းစကား ပြောကြားပါလိမ့်မယ်။

အရင် သမ္မတ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံး ရီပတ်ဗလစ်ကန်တို့ မဲပေးခဲ့တဲ့အတွက် ဖလော်ရီဒါ ပြည်နယ်၊ မြောက် ကယ်ရိုလိုင်းနား ပြည်နယ်တို့မှာ ဒီမိုကရက်တို့ မဲဆွယ်ကြဖို့ရှိပြီး၊ လူထုသဘောထား စစ်တမ်းများအရ အိုဘားမားက အနည်းငယ် အသာရရှိနေပါတယ်။ မက်ကိန်းကလည်းပဲ ရုပ်မြင်သံကြား စက္ကန့် ၃၀ ကြေညာခန်းကနေပြီး အိုးဘားမားရဲ့ စီးပွားရေး အဆိုပြုချက်က သုံးစွဲငွေနဲ့ အခွန်တိုးလာပြီးတော့ နိုင်ငံစီးပွားရေးကို ပိုလို့ အထိနာစေလိမ့်မယ်လို့ တုန့်ပြန်မယ့်အကြောင်း ကြေညာထားပါတယ်။

တနိုင်ငံလုံး လူထုသဘောထားမှာ ကွာဟမှု လျော့နည်းလာတယ်ဆိုပေမယ့် အိုဘားမားက မက်ကိန်းထက် ၆ရာခိုင်နှုန်းကျော် လူကြိုက်ပိုများနေဆဲ ဖြစ်ပါတယ်။ ဂျွန်မက်ကိန်းရဲ့ စီးပွားရေး အစီအစဉ်ရဲ့ အခွန်ဖြတ်တောက်ရေး ဆိုတာဟာ ကုမ္ပဏီကြီးတွေနဲ့ ကြွယ်ဝချမ်းသားသူများကိုသာ အကျိုးရှိစေမှာဖြစ်တယ်လို့ အိုဘားမားက ထောက်ပြ ဝေဖန်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG