သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ အနည်းဆုံး လူ ၁၇၀ သေဆုံးတဲ့ ငလျင် လှုပ်ခတ်အပြီး နောက်ထပ် ပြင်းထန်တဲ့ ငလျှင် လှုပ်ခတ်


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ ငလျင်ကြီးလှုပ်လို့ လူ ၁၇၀ထက် မနည်း သေဆုံးပြီး၊ အပျက်အစီးပုံအောက် ပိနေကြစဉ်၊ နောက်ထပ် တုန်ခါမှုတရပ် ဖြစ်ပွားပါတယ်။ ဗုဒ္ဓဟူးနေ့ ဒေသ စံတော်ချိန် မွန်းလွဲပိုင်းမှာ အင်အား ၆ ဒဿမ ရှိတဲ့ အဲဒီ တုန်ခါမှုဖြစ်ပွားကြောင်း အမေရိကန် ဘူမိဌာန ကြေညာပါတယ်။

အသေအပျောက် အပျက်အဆီးစာရင်းတော့ မရသေးပါဘူး။ အာဖဂန် နယ်စပ်အနီး ဘလူချီဆတန် ပြည်နယ် ကမ္ဘာလှည့်ခရီးသည်များ သွားလေ့ရှိတဲ့ ဇီအာရက် တောင်ပေါ်ဒေသအနီးကို ဗဟိုပြုပြီးတော့ အာရုံတက် အချိန်မှာ အင်အား ၆.၄ရှိတဲ့ ငလျင်ကြီး လှုပ်သွားခဲ့တာပါ။ လူအများ အိပ်ပျော်နေကြစဉ် ရွာများမှာ မြေကြီးအိမ်တွေ ပြိုကျ၊ အလောင်း ၁၇၀ကို ရရှိပြီးတော့ ရှာဖွေနေဆဲမို့ အသေအပျောက် စာရင်း တိုးနိုင်သေးကြောင်း သက်ဆိုင်ရာက ခန့်မှန်းနေကြပါတယ်။ လူပေါင်း ၁၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြပါတယ်။

XS
SM
MD
LG