ဒီတပတ်မှာ မကြာခင်ကျင်းပပြုလုပ်တော့မယ့် အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံသားတွေ ဘယ်လိုအချက်အလက်၊ အကြောင်းအရာတွေ လေ့လာမှတ်သားစရာ ဖြစ်တယ်ဆိုတာကို ဦးကျော်ဇံသာ က ဝါရင့် လေဒီအို သတင်းစာဆရာဟောင်းကြီးများဖြစ်တဲ့ ဦးခင်မောင်ဌေး (ဗွီအိုအေမြန်မာ သတင်းဌာနမှုး - အငြိမ်းစား) နဲ့ ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ ဦးဝင်းဖေ (အာရ်အက်ဖ်အေ သတင်းဌာန - အငြိမ်းစား) တို့က ပါဝင်ဆွေးနွေးထားကြပါတယ်။
အောက်ပါအချက်အလက်ဆိုင်ရာ မေးခွန်းများကို ဆွေးနွေးထားပါတယ်။ သော်တရှင်များရဲ့ အမေရိကန် ရွေးကောက်ပွဲဆိုင်ရာ အမြင်များကိုလည်း burmese@voanews.com ဆက်သွယ်တင်ပြနိုင်ပါတယ်။
- အမေရိကန် ရွေးကောက်ပွဲကို မြန်မာပြည်ရွေးကောက်ပွဲ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘယ်လိုကွာခြားသလဲ?
- မြန်မာနိုင်ငံသားတွေကို အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေပြောစရာရှိသလဲ?
- နိုင်ငံရေးပါတီတွေ တဖက်နဲ့တဖက် ပြောဆိုချက်တွေအပေါ် ဘယ်လိုသုံးသပ်ရှု့မြင်ပါသလဲ?
- လူမဲခေါင်းဆောင်တဦးကို ပထမအကြိမ် သမ္မတအဖြစ် ရွေးကောက်တင်မြောက်ဖို့ အားပေးလုပ်ဆောင်လာတာ အမေရိကန်လူထု အသားအရောင်ခွဲခြားမှုအပေါ် ကျော်လွှာနိုင်ပြီးလား၊ မေ့ဖျောက်ချန်ရစ်နိုင်ပြီးလား?
- အိမ်နီးချင်းတွေ မတူတဲ့ နိုင်ငံရေးထောက်ခံမှု ရှိကြပေမဲ့ ပြည်သူအကြားမှာ အုပ်စုကွဲ ပဋိပက္ခတွေ ရှိသလား?