သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လူငယ် အကျိုးဆောင် ရှေ့နေ အဖမ်းခံရ


မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အတိုက်အခံပါတီရဲ့ ပါတီဝင်တွေကို အကာအကွယ်ပေးတဲ့ ရှေ့နေ တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ကိုညီညီထွေးကို ရန်ကုန် လှိုင်သာယာ ရဲစခန်းမှာ ရဲတွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ USCB အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ ထုတ်ဖော် ပြောဆိုလိုက်တာပါ။

ကိုညီညီထွေးနဲ့အတူ ရှေ့နေတစ်ဦး ဖြစ်တဲ့ စောကျော်ကျော်မင်း တို့ဟာ လူထု မငြိမ်မသက်ဖြစ်အောင် ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်အဖွဲ့ဝင် ၁၁ဦးဘက်က ကာကွယ်ပြောဆိုခဲ့တယ်လို့ USCBက ပြောပါတယ်။ ၂၀၀၇ခုနှစ် ဂျူလိုင် ၁၉ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ရွှေတိဂုံဘုရားကို ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်ကြရာမှာ အဲဒီလူငယ် ၁၁ဦးကို ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေဟာ တရားမျှတတဲ့ စီရင်မှုတွေ မရှိခဲ့ဘူးလို့ USCBက ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG