အမေရိကန်သမ္မတ ရွေးကောက်ပွဲကတော့
လာမယ့်သီတင်းပတ်ထဲမှာ စတင်ပါတော့
မယ်။ ဒီအချိန်မှာ အရင်သမ္မတဟောင်း
ဘီလ်ကလင်တန် (Bill Clinton) က
ဖလော်ရီဒါပြည်နယ်မှာ မဲဆွယ်စည်းရုံးနေ
တဲ့ ဒီမိုကရက်ပါတီသမ္မတလောင်း ဘရက်ခ်
အိုဘားမား (Barack Obama) နဲ့အတူ
ဝိုင်းပြီး စည်းရုံးမဲဆွယ်ပေးတာကို ပထမဆုံး
အကြိမ် ပြုလုပ်ခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ်ဟာ
ရီပတ်ဘလစ်ကန်
ပါတီက သမ္မတလောင်း ဂျွန်မက်ကိန်း
(John McCain) ရော
ဒီမိုကရက်သမ္မတ
လောင်း ဘရက်ခ် အိုဘားမားအတွက်ရော
ရွေးကောက်ပွဲမှာ အနိုင်ရဖို့
အရေးကြီးတဲ့
ပြည်နယ်ပါ။ ဂျွန်မက်ကိန်းကလည်း
ဖလော်ရီဒါပြည်နယ်ကို အခုရောက်နေပါပြီ။
အဲဒီမှာ သူတို့ ၂ ဦး အကြိတ်အနယ် ယှဉ်ပြိုင်နေကြတဲ့အကြောင်း ဗွီအိုအေသတင်း
ထောက်
ဘရိုင်ယန် ဝက်ဂ်နာ (Brian Wagner) က ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့
ကနေ
သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
သီတင်းပတ်တွေ
တော်တော်များများအကြာ နောက်ဆုံးမှာတော့ ဒီမိုကရက်တစ်ပါတီ
သမ္မတလောင်း ဘရက်ခ်
အိုဘားမားကို ကိုယ်စားပြုတဲ့အနေနဲ့ သမ္မတလောင်း
ဘီလ်ကလင်တန်က ဖလော်ရီဒါပြည်နယ်က
မဲဆွယ်စည်းရုံးပွဲမှာ ဘရက်ခ် အိုဘားမားနဲ့
အတူ စဉ်မြင့်ပေါ်ကို အတူရောက်လာခဲ့ပါတယ်။
"ဖလောရီဒါပြည်နယ်ဟာ
လာမယ့်အင်္ဂါနေ့ညမှာ အိုဘားမားကို ထောက်ခံကြောင်း
ပြသတဲ့ပြည်နယ်ဆိုတာ ခင်ဗျားတို့
သေသေချာချာ လုပ်နိုင်ဖို့အတွက်က သိပ်ကိုအရေး
ကြီးပါတယ်" လို့ သမ္မတဟောင်း
ဘီလ်ကလင်တန်က ပြောသွားခဲ့ပါတယ်။
ဘရက်ခ် အိုဘားမားဟာ
တိုင်းပြည်မှာ အခုအရေးတကြီးဖြစ်နေတဲ့ စီးပွားရေးပြဿနာ
တွေကို
ဂျွန်မက်ကိန်းထက်ပိုပြီး ဖြေရှင်းနိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်၊ သူအဆိုတင်သွင်းထားတဲ့
စွမ်းအင်ဆိုင်ရာကိစ္စတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စတွေဟာလည်း
ချီးကျူး
စရာပါပဲလို့ ဆိုပါတယ်။
ဘရက်ခ် အိုဘားမားကတော့
တိုင်းပြည်ဟာ လက်ရှိ အိမ်ဖြူတော်က လုပ်ကိုင်နေတဲ့
အစီအစဉ်တွေအတိုင်း မလိုက်နာဘဲ
လမ်းခွဲထွက်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
"ကျနော်တို့ကြုံခဲ့ရတဲ့
လွန်ခဲ့တဲ့ ၈ နှစ်တာကာလလိုမျိုး နောက်ထပ် ၄ နှစ် ထပ်ပြီး
လက်မခံနိုင်တော့ပါဘူး။
အခုချိန်ဟာ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်တွေတုန်းကလို ငြိမ်းငြိမ်း
ချမ်းချမ်းနဲ့
ချမ်းချမ်းသာသာ ဖြစ်ရမယ့်အချိန် ရောက်နေပါပြီ။"
ဘရက်ခ် အိုဘားမား ပြောသွားတာဖြစ်ပါတယ်။
အိုဘားမားနဲ့ ဂျွန်မက်ကိန်းတို့အတွက်
ရွေးကောက်ပွဲအနိုင်ရရေးမှာ အဓိကကျတဲ့
ပြည်နယ်တွေဖြစ်တဲ့ ဖလော်ရီဒါလိုမျိုးပြည်နယ်တွေက
မဲထည့်ကြမယ့်သူတွေအတွက်
အကြိတ်အနယ် ယှဉ်ပြိုင်မဲဆွယ်ကြရဖို့က အချိန်တပတ်တောင် မရှိတော့ပါဘူး။
ဒီအချိန်မှာ ဘရက်ခ် အိုဘားမားက
နာရီဝက်စာကြာတဲ့ သူ့ရဲ့ ရုပ်မြင်သံကြား နိုင်ငံရေး
ကြော်ငြာ အစီအစဉ်ကို ပြည်သူတွေအကြည့်များတဲ့
အချိန်မျိုးမှာ ရပ်မြင်သံကြားလိုင်း
တော်တော်များများကနေ မနေ့ညနေပိုင်းက တနိုင်ငံလုံးကို
ထုတ်လွှင့်ပြသခဲ့ပါတယ်။
အဲဒီအတွက် ဒေါ်လာ ၃ သန်းကျော် ကုန်ကျပါတယ်။
"လာမယ့် ၆ ရက်အကြာမှာ
အလုပ်ကြိုးစားမှုတွေကြောင့် ဖြစ်ပေါ်လာမယ့် စီးပွားရေး၊
အလုပ်အကိုင်သစ်တွေနဲ့
ကြွယ်ဝတဲ့ ရေနံတွေကိုရဖို့ ကျနော်တို့ ရွေးချယ်နိုင်ပါတော့
မယ်။ လူလတ်တန်းစားတွေက စတင်ရမှာပါ။"
နောက်ဆုံး ကောက်ခံရရှိတဲ့
လူထုထောက်ခံမှု သဘောထားတွေအရ အိုဘားမားဟာ
ဂျွန်မက်ကိန်းထက် အနည်းအကျဉ်းပဲ
အသာရထားတာပါ။
ဂျွန်မက်ကိန်းအနေနဲ့က သူ့ရဲ့ကာကွယ်ရေးနဲ့
နိုင်ငံခြားရေးမူဝါဒ အတွေ့အကြုံတွေ
ကြောင့် သူ့ကို ပြည်သူအများက မဲပေးကြပြီး အနိုင်ရလိမ့်မယ်လို့
မျှော်လင့်နေပါတယ်။
တယ်။ ဒါပေမယ့် မေးစရာရှိနေတာက အိုစာမာ ဘင်လာဒင်တို့ အယ်လ်ကိုင်းဒါးတို့လို
အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ရန်ကနေ အကာအကွယ်
ပေးနိုင်မယ့်သူလား ဆိုတာပါပဲ။ လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့ကျရင် အမေရိကန်
သမ္မတသစ် ရွေးကောက်ပွဲစပါတော့မယ်။ အချိန် ၅ ရက်ပဲ ကျန်ပါတော့တယ်။