နိုဝင်ဘာလ ၄ ရက်နေ့မှာ ကျင်းပမယ့် ၂၀၀၈ ခုနှစ် အမေရိကန်
သမ္မတ ရွေးကောက်ပွဲကို မြန်မာ ပရိတ်သတ်က ဘယ်လို မြင်ကြသလဲ၊ ရွေးကောက်ပွဲမှာ
အနိုင်ရမယ့် သမ္မတ အသစ်က မြန်မာနိုင်ငံ အရေးကို ဘယ်လောက်အထိ လုပ်ဆောင် ပေးနိုင်မလဲ၊
လက်ရှိ အစိုးရထက် ပိုလုပ်ပေးနိုင်မလား ဆိုတာတွေကို ဗီအိုအေ မြန်မာပိုင်းရဲ့
ဌာနမှူးဟောင်း ဦးခင်မောင်ဌေး၊ NCGUB အဝေးရောက် ညွန့်ပေါင်း အစိုးရက ဝန်ကြီး
ဦးဘိုလှတင့်တို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေး ထားပါတယ်။