သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်  ၆ လအလွန်   မုန်တိုင်းဒဏ်သင့်သူတွေရဲ့ ဘ၀ နာလံ မထူသေး


မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့တာ ဒီနေ့ နိုဝင်ဘာလ ၂ ရက်ဆို ၆ လတင်းတင်းပြည့်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၆ လအတွင်း ကူညီကယ်ဆယ်ရေးတွေ အခက်အခဲတွေကြား ရောက်ရှိလာခဲ့ပေမယ့် ခုချိန်အထိ မုန်တိုင်းဒဏ်သင့် ပြည်သူတွေထဲမှာ နေ့စဉ် မှီဝဲဖို့ အစားအသောက်ကိုပင် အလုံအလောက်ရဖို့ မလွယ်ကူသေးဘူး။ နေ စဉ်သောက်သုံးစရာတွေ အလုံအလောက်ရှိမှာသာ လူတွေရဲ့ ဘဝ ပုံမှန်ပြန်လည် လည်ပတ်နိုင်တဲ့ အဆင့်ရောက်နိုင်မှာမို့ နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေ ထပ်လိုသေးတယ်လို့
မနေ့ကထုတ်စေတဲ့ World Vision အဖွဲ့ရဲ့ ၆ လပတ် အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး World Vision ကို ဆက်သွယ်မေးမြန်းထားတဲ့ မနော်ရှိုးက အကြောင်းစုံကို ပြောပြပေးပါပါတယ်။

World Vision အဖွဲ့ရဲ့ မကြာခင်က ကွင်းဆင်းကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ မုန်တိုင်းဒဏ်သင့် ပြည်သူအများဟာ မုန်တိုင်းတိုက်ခတ်ခဲ့ပြီးလို့ ၆ လအကြာမှာတောင် ပုံမှန်အတိုင်း ပြည်လည် မလှုပ်ရှား နိုင်ကြပဲ အခြေခံကျတဲ့ လိုအပ်မှုတွေ အများကြီး ရှိသေးတယ်လို့ ဆိုပါတယ်။ ဒာဓိကကတော့ အစားအသောက် မလုံလောက်မှုပါပဲ။ မုန်တိုင်းဒဏ်သင့်ဒေသမှာရှိတဲ့ ပြည်သူထဲက သုံးပုံနှစ်ပုံနီးပါးပဲ သန့်ရှင်းတဲ့သောက်သုံးရေကို ရနိုင်သေးတာ ဖြစ်တယ်လို့ဆိုပါတယ်။ ကျန်တဲ့ သုံးပုံတပုံကတော့ သောက်သုံးရေ အလုံအလောက် မရရှိတဲ့အပြင် ပြီးခဲ့တဲ့ တလတာအတွင်း နေ့စဉ် ထမင်းနပ်မှန်အောင် မစားခဲ့ရဘူးလို့ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ World Vision အဖွဲ့က အရေးဖော်ဆိုင်ရာအကြံပေးဖြစ်သူ Mr. Ashley Clenments ကို ဆက်သွယ်မေးမြန်းကြည့်တော့ သူက အခုလိုရှင်းပြပါတယ်။

“မကြာခင်တုန်းက ကျွန်တော်တို့ ကောက်ယူတဲ့ စစ်တမ်းတွေအရ မုန်တိုင်းဒဏ်သင့် မိသားစုတွေ တော်တော်များများ နေ့စဉ် စားသုံးတဲ့ အစားအစာပမာဏကို လျှော့ချကြ့ရတယ်။ ဒီလို ထမင်းနပ်မှန်အောင်မစားရတာဟာ တချို့ဆို ၁ လ ၂ လလောက်တောင်ရှိပါပြီ။ ဆိုတော့ ကောင်းလာတဲ့အခြေအနေတွေရှိသလို ပိုဆိုးသွားတဲ့ အခြေအနေတွေကိုလည်းတွေ့ရပါတယ်။”

ဒီလို အစားအသောက်ပြတ်လပ်မှုတွေကြောင့် မုန်တိုင်းဒဏ်သင့်သူတွေအများစုဟာ နေ့စဉ်အသက်ဆက်ရေးအတွက် အဖွဲ့အစည်းတွေက ပေးလှူတဲ့ အစားအသောက် အထောက်အပံ့တွေကိုပဲ အားကိုးနေရတုံးပဲလို့ဆိုပါတယ်။ နောက်တခါ အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးတွေရဲ့ ၃၀% နဲ့ အသက် ၁၂ နဲ့ ၁၇ နှစ်အရွယ်ထဲက ၅၀% ဟာလည်း ခုချိန်ထိ ကျောင်းမတက်နိုင်သေးဘူးလို့ဆိုပါတယ်။ နောက်ထပ် ကြုံတွေ့နေရတဲ့ အခက်အခဲကတော့ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုတွေပဲ ဖြစ်ပါတယ်။ ဒါဟာ လူတွေသာမက လယ်ယာသုံး ကျွဲနွားတွေ အထိတောင် ဂယက်ရိုက်မှုရှိတယ်လို့ မစ္စတာ ကလန်မန့် က ဆက်ပြီးရှင်းပြပါတယ်။

“မုန်တိုင်းကို ရင်ဆိုင်ခဲ့ရတဲ့ လူကြီးရော ကလေးပါ စိတ်ပိုင်းဆိုင်ရာ ဖိစိးမှုတွေ အခက်အခဲတွေကို ကြုံရပါတယ်။ ဒီနေ့ပဲ ကျွန်တော် လယ်သမားတော်တော်များများဆီက ကြားခဲ့ရတာကတော့ မုန်တိုင်းတိုက်ပြီးကတည်းက သူ့ရဲ့ သက်ရှင်ကျန်ရစ်တဲ့ ကျွဲတွေတောင် မုန်တိုင်းရဲ့ ခြောက်လှန့်မှုတွေကြောင့် ပုံမှန်အတိုင်းအလုပ်မလုပ်တော့ဘူး။ တိရိစ္ဆာန်တောင် ဒီလိုဖြစ်တယ်ဆိုရင် လူဆိုရင်မပြောပါတော့နဲ ဗျာ။”

နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်းကျော်သေဆုံးခဲ့ရုံသာမက လယ်ယာလုပ်ငန်းတွေမှာသုံးတဲ့ ကျွဲနွားပေါင်း ၂ သန်းဆုံးရှုံးခဲ့ရပါတယ်။ ဆန်စပါးစိုက်ပျိုးတဲ့ လယ်ဧက ၁ သန်းဟာလည် ဆားငံရေအောက်နှစ်မြုပ်ခဲ့ရသလို ငါးဖမ်းလှေရာပေါင်းများစွာနဲ့ အရေးကြီးတဲ့ အခြေအခံလူမှုအဆောက်အအုံတို့လည်း ပျက်စီးခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG