သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


ဒီတပတ် တင်ပြမယ့် နိုင်ငံရေးဆိုင်ရာ အီဒီယံအသုံးအနှုန်းများမှာ lame duck, golden parachute နဲ့ land on your feet တို့ဖြစ်ပါတယ်။

Lame Duck - "ထိခိုက်နာနေတဲ့ဘ" လို့တိုက်ရိုက်ပြန်ဆိုလို့ရပေမဲ့ အီဒီယံအသုံးမှာတော့ နိုင်ငံရေးလောကမှာ ရာထူးလက်ကိုင်ရှိနေသူတဦး ရာထူးလက်ကိုင်ရှိနေပေမဲ့ ပြန်လည်ရွေးကောက်မခံဘဲ အရှုံးနဲ့ရင်ဆိုင်ရတဲ့ ပုဂ္ဂိုလ်မျိုးကို ရည်ညွှန်းအသုံးပြုပါတယ်။ တခြားအဓိပ္ပာယ်တမျိုးကတော့ အမေရိကန်သမ္မတတဦး အနေနဲ့ သမ္မတသက်တမ်းနှစ်ဆက် ထမ်းဆောင်ပြီး ဥပဒေကန့်သတ်ချက်အရ တတိယသက်တမ်းမှာ ပြန်ဝင်ရွေးချယ်မခံနိုင်တဲ့အတွက်လည်း အခုဆိုရင် သမ္မတ ဂျော့ချ် ဘုရှ် အနေနဲ့ သူရဲ့ သမ္မတ သက်တမ်းနှစ်ဆက်အပြီး ဒီနှစ်အကုန်ထိသူဟာ သူ့သက်တမ်းကုန်တဲ့အထိ စောင့်နေရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း သူကို lame duck president လို့ သတင်းမီဒီယာတွေက ပြောတာဖြစ်ပါတယ်။ နောက်တက်မဲ့ သမ္မတသစ်ဟာ နောက်နှစ် ဇန်နဝါရီလမှာ ကျင်းပမဲ့ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကြမှ တရားဝင်ရာထူး လက်ခံမည်ဆိုတော့ လက်ရှိ မစ္စတာ ဘုရှ် အနေနဲ့ သမ္မတရာထူးမှာ ဇန်နဝါရီလရောက်ချိန်ထိ တာဝန်ထမ်းဆောင်သွားရမှာ ဖြစ်ပါတယ်။

Lame duck ဆိုတဲ့ အသုံးအနှုန်းကို သမ္မတ အပြင် လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှုး၊ မြို့တော်ဝန် စသည်ဖြင့် နိုင်ငံရေးလောကမှာ ရာထူးအမျိုးမျိုးမှာ ရည်ညွှန်းသုံးနိုင်ပါတယ်။ တနည်းဆို ရာထူးသက်တမ်းကုန်ဖို့ အချိန်ပိုင်း လပိုင်းလို့ ရှိနေတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ပြောဆိုခေါ်နိုင်ပါတယ်။

အမှန်တကယ်တော့ ဒီ စကားအသုံးအနှုန်းက စီးပွားရေးလောကမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ လန်ဒန် စတော့ (London Stock Market) မှာ စတော့ ရှုံးလို့ အကြွေးပြန်မဆပ်နိုင်တဲ့ ရင်းနှီမြှုပ်နှံရှင်ကို ရည်ညွှန်းပြောရကာနေ နိုင်ငံရေးလောကထဲ ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ စကားချပ်အနေနဲ့ ပြောရရင် လက်ရှိရာထူးမှာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ရက်အကန့်အသတ်သာ လိုတော့တဲ့ ပုဂ္ဂိုလ်တဦးအနေနဲ့ အာဏာဟာ အလိုအလျှောက် မရှိတော့ပါ။ အတောင်ကျိုးလို့ မပျံနိုင်တဲ့ငှက်လို၊ ခြေနာလို့ လမ်းမလျှောက်နိုင်တော့တဲ့ ဘဲ (lame duck)။

"The Governor of our state ended up as a lame duck when he lost the election. He still has six weeks left in office, but there is nothing to do except to pack up his papers."
"ကျနော်တို့ ပြည်နယ်အုပ်ချုပ်ရေးမှုးကတော့ ဒီရွေးကောက်ပွဲမှာ ရှုံးနှိမ့်သွားတဲ့အတွက် အတောင်ကျိုးတဲ့ (ဘဲ) ငှက်ဘဝ ရောက်နေရှာပြီ။ လက်ရှိရာထူးမှာ သူဆက်ပြီး တာဝန်ထမ်းဆောင်ဖို့လည်း သတင်းခြောက်ပတ်ဘဲ လိုတော့တယ်။ ဒါကြောင့် သူဟာ သူရဲ့ စာရွက်စာတမ်းတွေ သိမ်းဖို့ကလွဲလို့ ဘာမှ လုပ်စရာမရှိတော့ဘူဗျာ။"

Lame duck လို့ အခြေအနေရောက်နေသူတွေ ဘယ်လိုခရီးဆက်ကြမလဲလို့ မေးစရာရှိပါတယ်။ အများအားဖြင့် သူတို့ လက်ရှိရာထူးမှာ ပြန်ရွေးချယ်မခံရပေမဲ့ အကျသက်သာအောင် လုပ်ပေးလေ့ရှိတာကို Golden parachute လို့ အီဒီယံ အသုံးအနှုန်းနဲ့ ပြောဆိုနိုင်ပါတယ်။ ရွှေလေထီးလို့ တိုက်ရိုက် အဓိပ္ပာယ်ရှိပါတယ်။

ရာထူးကြီးတွေမှာ ပြန်လည် ခန့်အပ်ခြင်းမခံရတဲ့ ပုဂ္ဂိုလ်ကြီးတွေအတွက် သက်တမ်းပြည့်ပြီးနောက်ပိုင်း ငွေရေးကြေးရေး အခြေအနေမရှိရလေအောင် ကြည့်ရှု့စောင်မပေးတဲ့သဘောဖြစ်ပါတယ်။ တချို့ ပုဂ္ဂိုလ်များမှာ စီးပွားရေးလုပ်ငန်းတွေ၊ ဥပဒေလုပ်ငန်းတွေမှာ အမှုဆောင်အရာရှိတွေအဖြစ် ပြန်ပြီးဆောင်ရွက်ခွင့် ရတက်ကြပါတယ်။ တနည်းဆိုရရင် ရွှေလေထီးက အကျကောင်းအောင် အကျသက်သာအောင် ပိုပေးတဲ့ သဘောဖြစ်ပါတယ်။

"Congressman Smith lost in the election, but he got a golden parachute. He was offered a vice-president post at a big company in New York state."
"အောက်လွှတ်တော်အမတ် စမစ် ဟာ ရွေးကောက်ပွဲမှာ ရှုံးသွားခဲ့တယ်။ ဒါပေမဲ့ သူကတော့ အကျကောင်းတယ်ဗျာ။ သူရဲ့ ဌာနေဖြစ်တဲ့ နယူရော့ပြည်နယ်က ကုမ္မဏီကြီးတခုမှာ အဆင့်မြင့် ဒုတိယဥက္ကဌ ရာထူးကို ကမ်းလှမ်းခြင်း ခံရတယ်လို့ အဓိပ္ပာယ် ရပါတယ်။"

Land on your feet - ခြေနဲ့ ပြန်ကျတာ လို့ တိုက်ရိုက်အဓိပ္ပာယ် ရပါတယ်။ ဥပမာအားဖြင့် သစ်ပင်ပေါ်က ကြောင်တကောင် ခုန်ချတဲ့အခါ ခြေလေးဖက်လုံးနဲ့ ညင်ညင်သာသာ မြေပြင်ကို ပြန်ကျတာမျိုးဖြစ်ပါတယ်။ ဥပမာအတိုင်း နေ့စဉ်ဘဝမှာလည်း ရာထူးသက်တမ်းကုန်ဆုံးတော့မယ့် ပုဂ္ဂိုလ်ကြီးတွေ ရာထူးမှာ ပြန်လည် အရွေးမခံရတော့တဲ့ နိုင်ငံရေးပုဂ္ဂိုလ်ကြီးတွေဆိုရင် သူတို့အလုပ်အကိုင်က အိုစာနာစာအတွက် ဖူဖူလုံလုံပေးလိုက်လို့ ကျတောင်မှ ရွှေလေထီး နဲ့ လျှောလျှောရှုရှုကျတဲ့ သဘောမျိုးဖြစ်ပါတယ်။ လက်ရှိရာထူး ထပ်မခန့်ခံရတောင်မှ နောက်ထပ်ရာထူးကောင်းရတဲ့ သဘောမျိုးပါ။ အီဒီယံ အဓိပ္ပာယ်ကတော့ အကျကောင်းခြင်း လို့ သုံးနိုင်ပါတယ်။

"Governor Noel lost his campaign to be elected for another four years, but he landed on his feet. He has been appointed as an ambassador to a nice little country overseas."
"ပြည်နယ်အုပ်ချုပ်ရေးမှုး နိုလ် တယောက် နောက်ထပ်လေးနှစ် တာဝန်ထမ်းဆောင်ဖို့ ပြန်အရွေးချယ် မခံရပေမဲ့ သူက အကျကောင်းတယ်ဗျာ။ သူဟာ အတော်လေးကောင်းတယ်လို့ ပြောလို့ရတဲ့ ပြည်ပက နိုင်ငံလေးတနိုင်ငံမှာ သံအမတ်ကြီးရာထူး ခန့်အပ်ခြင်း ခံရတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG