ကက်သလစ်
ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွဋ်
အထိပ်ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဘဲနဒစ်
(Benedict)
က သူသာ အာရှနိုင်ငံတခုခုကို သွားဖြစ်ခဲ့
ရင် မြန်မာနိုင်ငံမှာ ခရီးတထောက်ဝင်နားဖို့
အဆင်
သင့်ရှိကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါဟာ ပုပ်ရဟန်း
မင်းတပါးအနေနဲ့ မြန်မာနိုင်ငံကို
လာရောက်ဖို့
စိတ်ဝင်စားမှုရှိတဲ့အကြောင်း ပထမဆုံးအကြိမ် ပြောဆို
လိုက်တာလည်း ဖြစ်ပါတယ်။
ကိုကျော်ကျော်သိန်းက
အပြည့်အစုံ တင်ပြပေးထားပါတယ်။
ပုပ်ရဟန်းမင်းကြီးက
မြန်မာနိုင်ငံမှာ ခဏတာ ခရီးတထောက်ဝင်နားဖို့ အဆင်သင့်ရှိတဲ့
အကြောင်းကို မြန်မာနိုင်ငံက
ကက်သလစ်ဂိုဏ်းအုပ်ဆရာတော်ကြီး ချားလ်စ် မောင်ဘို
နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ဗာတီကန်နန်းတော်မှာ
တွေ့ဆုံတဲ့အချိန် မိန့်ကြားခဲ့တာပါ။
ဂိုဏ်းအုပ်ဆရာတော်ကြီး ချားလ်စ် မောင်ဘိုဟာ အောက်တိုဘာလ
၂၃ ရက်နေ့မှာ
ပုပ်ရဟန်းမင်းကြီးနဲ့ သီးခြားတွေ့ဆုံခွင့်ရခဲ့တဲ့အကြောင်း UCA လို့ခေါ်တဲ့
Union of
Catholic Asian သတင်းဌာနရဲ့ အင်တာနက်စာမျက်နှာမှာ နိုဝင်ဘာလ ၃ ရက်နေ့က
ဖော်ပြထားပါတယ်။
ကမ္ဘာတဝှမ်းက
ကက်သလစ်ဘာသာဝင်တွေဟာ ပုပ်ရဟန်းမင်းကြီးရဲ့ သားသမီးတွေ
ဖြစ်တာကြောင့် မြန်မာနိုင်ငံကိုလာရောက်ဖို့
ဆန္ဒရှိမှာကတော့ အသေအချာပဲဖြစ်ပေ
မယ့် တကယ်တမ်း မြန်မာနိုင်ငံကို သွားဖြစ်ဖို့ပေါ်မှာ
သိပ်မျှော်လင့်မထားသူတဦးက
တော့ အမေရိကန်နိုင်ငံရောက်၊ မြန်မာနိုင်ငံသား ကက်သလစ်ဘုန်းတော်ကြီးတပါး
ဖြစ်ပါတယ်။
"သွားဖို့ဆိုရင် မြန်မာပြည်ဘက်ကလည်း
ပြင်ဆင်မှုတွေ အများကြီးလုပ်ဖို့ လိုလိမ့်မယ်။
ကျနော့်အထင်တော့ လောလောလတ်လတ် ဖြစ်နိုင်မှာမဟုတ်ဘူး။
ပြီးတော့ နိုင်ငံတော်
အခြေအနေ အနေနဲ့လည်း လက်ခံနိုင်မှာမဟုတ်ဘူးလို့ ထင်တယ်။ လုံခြုံရေးအပိုင်းတို့၊
ဘာတို့။ ကျနော်တို့ဘက်ကလည်း လက်ခံဖို့ဆိုတာ မြန်မာပြည်မှာ ကက်သလစ်ဘာသာ
ဝင်က အနည်းစုဖြစ်နေတဲ့အတွက်
ပြင်ဆင်ဖို့လည်း အများကြီးလိုမယ်၊ အချိန်တွေလည်း
အများကြီးပေးရမယ်လို့ ကျနော်ထင်ပါတယ်။"
ပုပ်ရဟန်းမင်းကြီး
ဘဲနဒစ်ဟာ အာရှနိုင်ငံတွေဆီ တခါမှ ကြွချီခဲ့ဖူးခြင်း မရှိသေးပါဘူး။
အကယ်၍သာ အာရှနိုင်ငံတခုခုဆီ
သူ သွားဖြစ်ခဲ့ရင် မြန်မာနိုင်ငံမှာ ခဏတာ ခရီး
တထောက်ဝင်နားဖို့ သူ့အနေနဲ့ အဆင်သင့်ရှိတယ်ဆိုတာကို
ဆန္ဒထုတ်ဖော် မိန့်ကြား
လိုက်တာပဲ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး
မြန်မာနိုင်ငံဆီ တကယ်တမ်းကြွချီဖြစ်ဖို့ရာမှာ အခက်အခဲတွေ
အများကြီး ရှိနေနိုင်ပေမယ့်
တကယ်တမ်း ကြွချီဖြစ်ခဲ့မယ်ဆိုရင်တော့ အတိုင်းမသိ
ဝမ်းသာမိမှာဖြစ်သလို တတ်နိုင်သမျှနဲ့
ဧည့်ဝတ်ပြု ပူဇော်မှာပါလို့ အမေရိကန်နိုင်ငံ
ရောက် ဘုန်းတော်ကြီးက မိန့်ကြားပါတယ်။
"ဘာပဲဖြစ်ဖြစ် လူဆိုတာ
ကိုယ့်မိသားစု ရှိရှိ၊ မရှိရှိ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်
ဖြစ်စေ ကိုယ့်ဆီကို ကိုယ့်ရဲ့ခေါင်းဆောင်
လာတယ်ဆိုရင် ဘယ်သူမဆို လက်ခံမှာပါပဲ။
ကျနော်လည်း အဲဒီလိုပါပဲ။ နိုင်ငံသားတယောက်အနေနဲ့
လာမယ်ဆိုရင် အရမ်းဝမ်းသာ
မယ်၊ အရမ်းလည်း ကြည်ညိုပါမယ်။ အခုပုပ်ရဟန်းမင်းကြီးက ကျနော်တို့ကမ္ဘာပေါ်မှာ
ရှိတဲ့
အသင်းတော်ကြီးရဲ့ ခေါင်းဆောင်လို့ ပြောတဲ့အခါမှာ သူလာရင် ဘုရားကြွလာ
သလို လူတွေက ပျော်တယ်၊
ခံစားတယ်။ ကျနော်တို့လည်း ဒီလိုပဲ ခံစားချက်တွေရှိမယ်
လို့ မျှော်လင့်ပါတယ်။"
ပုပ်ရဟန်းမင်းကြီးက
မြန်မာနိုင်ငံမှာ ခရီးတထောက်ဝင်နားဖို့ အဆင်သင့်ရှိတယ်ဆိုတာ
နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရောက်နေတဲ့
ကက်သလစ်ဘုန်းတော်ကြီးတပါး
မိန့်ကြားသွားတာပါ။
မြန်မာ
ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီး ချားလ်စ် မောင်ဘိုနဲ့ တွေ့ဆုံချိန်မှာ
ပုပ်ရဟန်းမင်းကြီးဟာ
မြန်မာနိုင်ငံမှာ ကက်သလစ်ဘုရားကျောင်းက ဆောင်ရွက်နေတဲ့
ဆိုင်ကလုန်းဒဏ်သင့်လူထု ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့
မြန်မာနိုင်ငံရဲ့ အခြေ
အနေအရပ်ရပ်အပေါ် စိတ်ဝင်တစားရှိတာကို ပြသခဲ့တယ်လို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီး
က ပြောထားပါတယ်။
ဝတ်ပြုကိုးကွယ်ခွင့်တွေ ရကြပေမယ့် ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း
တွေကိုတော့ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရကြကြောင်း၊ ကက်သလစ် ခရစ်ယာန်
ဘာသာရဲ့ လူမှုရေးဆိုင်ရာ အဆုံးအမတော်နဲ့အညီ လူမှုနိုင်ငံရေးနဲ့ သက်ဆိုင်တာတွေ
ကို ဖော်ပြပြောဆိုခွင့်မရကြောင်း ဘုရားကျောင်း သတင်းရင်းမြစ်တခုကို ကိုးကားပြီး
UCA သတင်းမှာ ရေးသားထားပါတယ်။