အမေရိကန်မှာ
သမ္မတဘုရှ်ရဲ့နေရာ ဆက်ခံမယ့်
သမ္မတသစ်ကို ရွေးချယ်ဖို့ စတင်မဲပေးနေကြပါပြီ။
ပြည်နယ်
၅၀ အနက် တ၀က်ကျော်နဲ့ ၀ါရှင်တန်
ဒီစီတို့မှာ မဲစပေးနေကြတာဖြစ်ပြီး
တန်းစီတဲ့
သူတွေများလွန်းလို့ မဲပေးသူဦးရေ တိုးလာလိမ့်
မယ်လို့ ခန့်မှန်းနေကြပါတယ်။
၂
နှစ်နီးပါး မဲဆွယ်ခဲ့ကြတဲ့ ဒီမိုကရက်တစ် သမ္မတ
လောင်း ဘရက်ခ် အိုဘားမား (Barack
Obama)
နဲ့ ရီပတ်ဘလီကန်ဘက်က ဂျွန် မက်ကိန်း (John
McCain) တို့ဘက်က အနိုင်ရသူက
ရှေ့နှစ်
ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ သမ္မတသစ်အဖြစ်
ကျမ်းသစ္စာ ကျိန်ဆိုရပါမယ်။
တကယ်လို့
အိုဘားမား အရွေးခံရရင် သူဟာ ပထမဆုံး အာဖရိကနွယ်ဖွား သမ္မတ
ဖြစ်လာကာ
ရီပတ်ဘလီကန်တို့ဘက်က အနိုင်ရရင်တော့ မက်ကိန်းလည်း အသက်
အကြီးဆုံးသမ္မတ၊ ဆာရာ ပေလင်း
(Sarah Palin) လည်း ပထမဆုံး အမျိုးသမီး
ဒုတိယသမ္မတ ဖြစ်လာကြပါလိမ့်မယ်။
လူကြိုက်နည်းလှတဲ့
သမ္မတဘုရှ် အစိုးရရဲ့နေရာမှာ အမေရိကန်များအတွက် အပြောင်း
အလဲလိုအပ်ကြောင်း၊
စီးပွားရေး တိုးမြှင့်ပေးမယ်ဖြစ်ကြောင်း အိုဘားမားက မဲဆွယ်ခဲ့
ပါတယ်။
မက်ကိန်းကတော့
သူဟာ အတွေ့အကြုံရင့်သူမို့ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကိစ္စမှာ
အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်တယ်၊ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်လို့ ကတိပေး
စည်းရုံးခဲ့ပါတယ်။
အမေရိကန်
မဲဆန္ဒရှင်များဟာ အောက်လွှတ်တော်အမတ် ၄၃၅ ယောက်စလုံးနဲ့
အထက်လွှတ်တော်အမတ် ၁၀၀ ထဲက ၃၅
နေရာအတွက်လည်း ဒီနေ့ မဲပေးနေကြတာ
ဖြစ်ပါတယ်။
လူကြိုက်များနေသလို ဒီမိုကရက်တစ်တို့ လွှတ်တော်နှစ်ရပ်စလုံးမှာ အနိုင်ရမယ်လို့
လည်း ဖော်ညွှန်းနေပါတယ်။