မြန်မာနဲ့
စာချုပ် ချုပ်ထားတဲ့ တောင်ကိုရီးယား ရေနံရှာဖွေရေးသင်္ဘော ၄ စင်းကို
မြန်မာရေတပ်
စစ်သင်္ဘော ၂ စင်းက စောင့်ရှောက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်
ကမ်းလွန်ရေနံတွေ
ရှာဖွေတိုင်းတာရာမှာ မြန်မာဘက်က ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ
ကျူးကျော်တယ်ဆိုပြီး
ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘောတွေ စေလွှတ် သတိပေးပြီးနောက်
နှစ်ဖက်ရေပိုင်နက်
အပြန်အလှန်တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ
မြန်မာသံအမတ်ကြီးကတော့ မြန်မာဘက်ကနေ ရေပိုင်နက်
ကျူးလွန်တာ မရှိဘူးလို့ ငြင်းသလို
ဒီပြဿနာအတွက် ဘင်္ဂလားဒေ့ရှ်ကနေ အထူး
ကိုယ်စားလှယ်တဦး မြန်မာနိုင်ငံကိုစေလွှတ်ဖို့
ပြင်နေပါပြီ။ နောက်ဆုံးအခြေအနေတွေ
နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို
မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်နဲ့
ကိုသိန်းထိုက်ဦးတို့က တင်ပြပေးထားပါတယ်။
စိန့်မာတင်ကျွန်းရဲ့
အနောက်တောင်ဘက် ၉၃ ကီလိုအကွာ ရေမိုင် ၅၃ နော်တီကယ်မှာ
မြန်မာဘက်ကသင်္ဘောတွေ
ရောက်ရှိနေပြီး အဲဒီနေရာကလုပ်ကွက် ၀၈၁၃ ဟာ
ဘင်္ဂလားဒေ့ရှ်ပိုင် ပင်လယ်ပြင်ထဲမှာ
ရှိတာမို့ ပြန်ပြီးဆုတ်ခွာဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက
အခုလိုသတိပေးခဲ့တဲ့အပြင်
ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘော ၃ စင်းကိုလည်း အဲဒီဒေသကို
စေလွှတ်ခဲ့ပါတယ်။ တနင်္လာနေ့မှာပဲ
မြန်မာစစ်သင်္ဘော ၂ စင်း ပြန်လည်ဆုတ်ခွာသွား
တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ်
သတင်းတွေမှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက
မြန်မာသံအမတ်ကြီး ဦးဖေသန်းဦးကို အခြေအနေသိရဖို့အတွက်
ဆက်သွယ်မေးမြန်းကြည့်ပါတယ်။
"ဒီပလိုမက်ချန်နယ်ကနေ အခု ဆွေးနွေးနေတယ်၊ ဟုတ်တယ်။"
အခု
ဒီဟာက ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်လို့ သတ်မှတ်ထားတာက သူတို့ဘာသာ
သတ်မှတ်ထားတာလား၊
ဒါမှမဟုတ် မြန်မာဘက်ကရော အသိအမှတ်ပြုထားပါလား။
"ကျနော်တို့
အသိအမှတ်မပြုထားဘူး၊ ကျနော်တို့ဘက်ကတော့ မဟုတ်ဘူး။ ဖြေရှင်းနေ
မယ်၊ အခု ဒီကနေ
Foreign Secretary သွားမယ်။ ဟိုမှာ လူကြီးတွေနဲ့ ဆွေးနွေးမယ်။
ဒါတချက်၊
နောက်တချက်က ခင်ဗျားခုနမေးတဲ့ဟာ မှန်တယ်။ သူတို့သတ်မှတ်ထားတဲ့
ဟာကို ကျနော်တို့က
သဘောမတူဘူး။ ကျနော်တို့သတ်မှတ်ထားတာလည်း သူတို့က
သဘောမတူဘူး။ အဲဒါမှန်တယ်။
နောက်ပြီးတော့ အခု ကျနော်တို့ တူးဖော်နေတဲ့နေရာ
က Well within our world economic zone
အဲဒါလည်း သိဖို့လိုတယ်။ ကျနော်တို့
ထဲမှာ ကျနော်တို့တူးတာ။"
မြန်မာသံအမတ်ကြီး ပြောပြသွားတာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အခု မြန်မာနိုင်ငံနဲ့ ရေကြောင်းပိုင်နက်
အငြင်းပွားမှုတွေမှာ သူ့အချုပ်အခြာအာဏာ ကာကွယ်ဖို့ဆိုရင် ဘာမဆို
လုပ်ကိုင်သွား
မယ်လို့ ပြောဆိုပါတယ်။ တချိန်တည်းမှာ ဘင်္ဂလားပင်လယ်အော်အတွင်း ရေနံနဲ့
သဘာဝဓာတ်ငွေ့ တူးဖော်ရေးကိစ္စကို မြန်မာနိုင်ငံနဲ့ ငြိမ်းငြိမ်းချမ်းချမ်း
အဖြေရှာချင်
တယ်လို့လည်း ဆိုပါတယ်။
အခြေအနေတွေကို
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က သံတမန်ရေးအရ ငြိမ်းငြိမ်းချမ်းချမ်းနဲ့
အဖြေရှာချင်တယ်လို့ ပြောပေမယ့် နောက်ဆုံးရ အေအက်ဖ်ပီ သတင်းအရတော့
ဘင်္ဂလားဒေ့ရှ်ရေတပ်က စစ်သင်္ဘော ၃ စင်းလုံး အငြင်းပွားနေတဲ့ ဘင်္ဂလားပင်လယ်
အော်
နယ်ထဲမှာ ရှိနေဆဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ပူးတွဲ
နိုင်ငံခြားရေးအတွင်းဝန် အမ်မ်အေကေ မာမွတ်ကတော့ မြန်မာနိုင်ငံဟာ
ဘင်္ဂလားဒေ့ရှ်
နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တယ်ဆိုပြီး အခုလိုပြောပါတယ်။
"ကျနော်တို့သိသလောက်တော့
မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ် ရေကြောင်းပိုင်နက်ကို
ကျူးကျော်တာပါ။
ကျနော်တို့နားလည်တာက ကမ်းလွန်တူးဖော်ရေးလုပ်ငန်းတွေ
စမ်းသပ်လုပ်ကိုင်ဖို့
အဲဒီနေရာကို သူတို့ရောက်လာတာပါ။ မြန်မာနိုင်ငံဘက်က ဘယ်လို
ပဲလုပ်လုပ်
တဖက်သတ်လုပ်တာမျိုးတွေ ရှိလာခဲ့ရင် ဒါက မိတ်ဆွေမပီသတဲ့လုပ်ရပ်လို့
မြင်ပါတယ်။"
ဒီနေ့ညနေပိုင်းမှာတော့
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် တော့ဟစ် ဟော့ဆင်
ဦးဆောင်တဲ့
အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုသွားရောက်ဖို့ ရှိပါတယ်။
ဒီကိုယ်စားလှယ်အဖွဲ့ သွားရောက်တဲ့အချိန်မှာတော့ မြန်မာနိုင်ငံဘက်နဲ့ သံတမန်ရေး
အရ
ပြဿနာကို ပြေပြေလည်လည် အဖြေရှာနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း
ဘင်္ဂလားဒေ့ရှ်
နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ဌာနခွဲ ဒါရိုက်တာ
အက်ရှ် အာမက်
ရှာဖီကလည်း အခုလိုပြောပါတယ်။
"ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က
ကိုယ်စားလှယ်အဖွဲ့ ဒီနေ့ညနေ မြန်မာနိုင်ငံဘက်ကို
သွားမှာပါ။ အခု
အငြင်းပွားနေတဲ့နေရာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် နယ်နိမိတ်ဖြစ်ပါ
တယ်။ ဒီနေ့တော့
မြန်မာနိုင်ငံဘက်က တစုံတရာတုံ့ပြန်တာ ကျနော်တို့ မတွေ့သေးပါ
ဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကိုယ်စားလှယ်အဖွဲ့ကို စောင့်မျှော်နေတယ်လို့
ကျနော်ထင်ပါတယ်။ အခုလို နှစ်နိုင်ငံ ရေတပ်သင်္ဘောတွေ မျက်နှာချင်းဆိုင်မှာ
ရှိနေ
ခဲ့ပေမယ့် အခြေအနေကတော့ ဒီ့ထက်ပိုပြီး ဆိုးလာမယ်လို့ ကျနော် မမျှော်လင့်ပါဘူး။
သံတမန်ရေးအရ အဖြေရှာနိုင်မယ်လို့ မျှော်လင့်ပါတယ်။"
မောင်အေးနဲ့ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့တုန်းကလည်း ဒီကိစ္စကို ဆွေးနွေးခဲ့ပါ
တယ်။ တိုးတက်မှု မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြားမှာ ၂၀၀၁ ခုနှစ်
ဇန်န၀ါရီလတုန်းက နယ်ခြား နတ်မြစ်ပေါ်မှာ မြန်မာဘက်က ရေကာတာဆောက်တာ
ကို အကြောင်းပြုပြီး နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေ အပြန်အလှန်ပစ်ခတ်မှုတွေ
ဖြစ်ပွားခဲ့တဲ့အထိ တင်းမာခဲ့ဘူးပါတယ်။ သတိပေး ပစ်ခတ်တဲ့အဆင့်ပါ။ အခုတကြိမ်
ရေပိုင်နက် အငြင်းပွားမှုကတော့ အဲဒီနောက်ပိုင်း ၇ နှစ်ကျော်အတွင်းမှာ အတင်းမာဆုံး
ဖြစ်ပါတယ်။