သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအမှုလိုက် ရှေ့နေကြီးတွေ တရားစွဲခံနေရ


မြန်မာနိုင်ငံမှာ နိုင်ငံရေးမှုတွေနဲ့ ဖမ်းခံထားရသူတွေရဲ့ အမှုတွေအတွက် လိုက်ပါ
အကျိုးဆောင်ပေးနေတဲ့ ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန်တို့ကို တရားရုံး
များအား မထီမဲ့မြင်ပြုမှု ဥပဒေပုဒ်မ ၃ နဲ့ တရားရုံးချုပ် တရားသူကြီးတွေက ပြန်လည်
တရားစွဲဆိုလိုက်ပါတယ်။

အခုလို အကျိုးဆောင်ရှေ့နေတွေကို ပြန်လည်တရားစွဲဆိုတာတွေ ရှိသလို မကြာသေး
ခင်ကဘဲ ရှေ့နေတချို့ကို ထောင်ချအရေးယူတဲ့ အဆင့်တွေထိလည်း ဖြစ်ခဲ့တာ ရှိပါ
တယ်။ ဒီအခြေအနေတွေဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ပျက်စီးယိုယွင်းမှု
အခြေအနေကို ပိုပြီး ထင်ထင်ရှားရှားပြလိုက်တာလို့ နိုင်ငံတကာ ဥပဒေအဖွဲ့တွေက
ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အခုပြန်လည်တရားစွဲဆိုခံရတဲ့ တရားရုံးချုပ်ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ဦးခင်မောင်
ရှိန်တို့ဟာ နိုင်ငံရေးကိစ္စတွေနဲ့ အဖမ်းခံထားရသူတွေရဲ့အမှုကို လိုက်ပါအကျိုးဆောင်
ပေးနေတဲ့ ရှေ့နေကြီးတွေ ဖြစ်ပါတယ်။

သူတို့က ၂၀၀၀ ပြည့်နှစ်ရဲ့ တရားစီရင်ရေး ဥပဒေအရ လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့
တရားမျှတတဲ့ တရားခွင်တွေ ဖြစ်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။

တရားခွင်တွေနဲ့ တရားရုံးတွေမှာ တရားခံတွေအတွက်ပဲဖြစ်ဖြစ်၊ အကျိုးဆောင်ရှေ့နေ
အတွက်ပဲဖြစ်ဖြစ် ရသင့်တဲ့အခွင့်ရေးတွေ ဆုံးရှုံးနေတာကြောင့် သူတို့လိုက်ပါ အကျိုး
ဆောင်ပေးနေတဲ့ အမှုတချို့ရဲ့ ရှေ့နေပါဝါတွေကို ရုပ်သိမ်းခဲ့တာတွေလည်းရှိတာမို့ အဲဒါ
တွေနဲ့ဆက်စပ်ပြီး အခုလို တရားရုံးချုပ် တရားသူကြီးတွေရဲ့ ပြန်လည်တရားစွဲဆိုခြင်းကို
ခံရတာ ဖြစ်နိုင်တယ်လို့ အာရှလူ့အခွင့်ရေးကော်မရှင်က ရှေ့နေ ဦးမင်လွင်ဦးက ပြောပါ
တယ်။

"ဒီလိုမျိုး စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေ ပေါ်ပေါက်လာပြီဆိုရင်တော့ တရားရုံးချုပ်မှာ
နှစ်ဖက်ကနေပြီးတော့ စွဲဆိုထားချက် မှန်မမှန်ဆိုတာကို သူတို့ တင်ပြလျှောက်လဲကြမှာ
ဖြစ်တယ်၊ တင်ပြပြောဆိုကြမှာဖြစ်တယ်။ အဲဒီလို တင်ပြပြောဆိုတဲ့အခါမှာ အမှုသည်
တွေရဲ့ တင်ပြချက်နဲ့ ရေးတာမှန်တယ်ဆိုရင်တော့ ဒီဥစ္စာတွေက ဒီတိုင်းပြီးသွားမယ့်
သဘော ဖြစ်တယ်။

"အမှုသည်တွေညွှန်ကြားချက် မဟုတ်ဘဲနဲ့ ရှေ့နေတွေကိုယ်တိုင်က တရားရုံးရဲ့ တရား
စီရင်ရေးကို မယုံကြည်ဘူးဆိုတဲ့သဘောမျိုး ယူဆရင်တော့ ဒီတရားရုံးချုပ်ရှေ့နေတွေ
မှာ လိုင်စင်ကို အကန့်အသတ်နဲ့ ရပ်ဆိုင်းခံရတာမျိုး၊ ပြင်းထန်စွာ သတိပေးခံရတာမျိုး၊
ဒဏ်ငွေပေးဆောင်ရတာမျိုး ဒါမျိုးတွေ ဖြစ်နိုင်ပါတယ်။"

အခုလို မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ရဲ့ တရားဥပေမဲ့ လုပ်ရပ်တွေကို နိုင်ငံတကာက
သိလာအောင် သူတို့အဖွဲ့အနေနဲ့ ကြိုးစားနေသလို ဒီအခြေအနေတွေဟာ စိုးရိမ်စရာ
ကောင်းတဲ့ အနေအထားတွေနဲ့ မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင် ယိုင်နဲ့မှုကို ပြလိုက်တာ
ဖြစ်တယ်လို့ ဆက်ပြောပြပါတယ်။

"အဲဒီလိုမျိုး တရားစီရင်ရေးစနစ်နဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ နိုင်ငံတကာက
စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ၊ International Bar Association တွေ၊
ပြီးတော့ Human Rights Council အောက်မှာရှိတဲ့ Independent Just and Lawyer
အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ ဒီဥစ္စာတွေ စဉ်ဆက်မပြတ် ပေးပို့နေဆဲဖြစ်တယ်။

"အဲဒီလို တရားဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့အညီ ခွင့်မပြုတဲ့အပြင် အခု
အမှုတွေမှာ လိုက်ပါဆောင်ရွက်တဲ့ အကျိုးဆောင်တွေကိုပါ ကန့်သတ်ချုပ်ချယ်လာ
တယ်၊ ဖိနှိပ်လာတယ်ဆိုတာက ကျနော်တို့ မြန်မာနိုင်ငံ တရားစီရင်ရေးအတွက်
အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်နေပြီဆိုတာ ကျနော်တို့ အဖွဲ့အစည်း
အသီးသီး၊ နိုင်ငံတကာအသီးသီးကို သိအောင် ဆက်လက်ဆောင်ရွက်နေပါတယ်။

"ပြည်တွင်းမှာ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်တဲ့ အကျိုးဆောင်တွေကို အခု
လုပ်ဆောင်ချက်က အဓိက ခြိမ်းခြောက်လိုက်တာဖြစ်တယ်။ တရားစီရင်ရေးစနစ် တခု
လုံးကို မိမိတို့ လုပ်ချင်သလို လုပ်နိုင်တယ်ဆိုတဲ့ဟာကို သူတို့ ပြလိုက်တာဖြစ်တယ်။
ဒါတွေဟာ ကျနော်တို့ မြန်မာ ရှေ့အနာဂတ်အတွက် ဘယ်လိုမှ ကောင်းတဲ့အလားအလာ
မဟုတ်ဘူးဆိုတာလည်း ပြောလိုပါတယ်။"

အာရှလူ့အခွင့်ရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG