ကမ္ဘာ့စီးပွားရေး
အလားအလာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေတာကြောင့် အာရှ
စတော့ခ်ဈေးတွေ ဒီနေ့
ကျဆင်းခဲ့ပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ
ဘရက်ခ် အိုဘားမား (Barack Obama)
အနိုင်ရလိုက်ပြီးတဲ့နောက် စတော့ခ်ဈေးတွေ
စောစောက တက်ခဲ့ပေမယ့် အခု ဈေးတွေ
ပြန်ကျသွားခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီး
ယား၊ ဟောင်ကောင်နဲ့ ဂျပန်တွေမှာလည်း စတော့ခ်ဈေးတွေ
ကျဆင်းခဲ့ပါတယ်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမှာတော့ အဆိုးဆုံး ငွေကြေးအကျပ်အတည်းကို
ရင်ဆိုင်ရ
တဲ့ကာလ ကျော်လွန်သွားခဲ့ပြီဆိုပြီး အစိုးရ ထိပ်တန်းအရာရှိတွေက ပြောနေပါတယ်။
ဆစ်ဒနီကနေ ဖေးလ် မာဆာ (Phil Mercer) သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး
က
တင်ပြပေးထားပါတယ်။
အမေရိကန်
သမ္မတရွေးကောက်ပွဲမှာ အိုဘားမား အနိုင်ရလိုက်တဲ့သတင်းကြောင့်
ရှယ်ယာဈေးတွေ
ထိုးတက်ခဲ့တဲ့ ဝမ်းမြောက်ပျော်ရွှင်မှုတွေ အခုတော့ ကြာကြာမခံ
လိုက်ပါဘူး။
အာရှငွေကြေးဈေးကွက်ဟာ ဒီနေ့ ကြာသပတေးနေ့မှာ အရှုံးတွေနဲ့
ရင်ဆိုင်လိုက်ရပါတယ်။
အီလီနွိုင်းပြည်နယ်
ဆီးနိတ်လွှတ်တော်အမတ် အိုးဘားမားရဲ့ သမိုင်းဝင်အောင်မြင်မှု
သတင်းကြောင့်
ဗုဒ္ဓဟူးနေ့မှာ စတော့ခ်ဈေးတွေ ခေါင်းထောင်ခဲ့တာ မှန်ပါတယ်။ ဒါပေ
မယ့်လည်း
သမ္မတရွေးကောက်ပွဲသတင်းက ကမ္ဘာ့စီးပွားရေးရဲ့ အခြေခံအားနည်းချက်
တွေအပေါ်
စိုးရိမ်မှုတွေကို ကြာကြာမလွှမ်းမိုးနိုင်ပါဘူး။ ရွေးကောက်ပွဲရလဒ်က မနေ့က
တရက်ပဲ
ဈေးကွက်ကို ဦးမော့အောင် လုပ်ပေးခဲ့ပါတယ်။
တောင်ကိုရီးယား
စတော့ခ် ကော့စ်ပီ (Kospi)
အညွှန်းကိန်းဟာ ၇% ကျော် ဈေးကျခဲ့ပါတယ်။
စတီးနဲ့
ကားလုပ်ငန်း ပြည်ပပို့ကုန်တွေ အကြီး
အကျယ် အရှုံးပေါ်ခဲ့ပါတယ်။ အရင်က ၅%
လောက်
တက်ခဲ့ပြီး အခု အကြီးအကျယ် ပြန်အထိ
နာခဲ့တာ ဖြစ်ပါတယ်။ ဟောင်ကောင် ဟန်ဆန်း
(Hang
Seng) အညွှန်းကိန်း စတော့ခ်ဈေးလည်း
ဂျပန် နစ်ကေး (Nikkei) အညွှန်းကိန်းရဲ့အရှုံးနဲ့
သူမသာ ကိုယ်မသာ ၆.၅% ဈေးကျခဲ့ပါတယ်။
ဒီလို
စတော့ခ်ဈေးတွေ ကျခဲ့တဲ့အတွက် ဂျပန်
ကားလုပ်ငန်းတွေ အထိနာခဲ့ပါတယ်။ တိုယိုတာ
စတော့ခ်ဈေးဟာ ၁၀% ကျော်အထိ ထိုးကျသွားခဲ့တဲ့အတွက် ဝင်ငွေကျဆင်းတဲ့
ရိုက်ခတ်မှုတွေ
ရှိလာမှာကို စိုးရိမ်နေရပါတယ်။ တိုယိုတာကုမ္ပဏီအနေနဲ့ ဒီနှစ်အတွက်
နှစ်စဉ် ကြိုတင်တွက်ထားတဲ့
အမြတ်ငွေ ယန်းသန်းပေါင်း ဘီလီယံ ၅၅၀ ကို
လက်လွှတ်ရတော့မယ်လို့ ပြောပါတယ်။ ဆူဇူကီး
မော်တော်ကားကုမ္ပဏီလည်း အစု
ရှယ်ယာဈေးတွေ ကျဆင်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အလုပ်လက်မဲ့ဦးရေ
အများအပြားရှိတဲ့အကြောင်း
စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်တွေ ထွက်လာ
ပြီးတဲ့နောက်မှာ အကျိုးဆက်အဖြစ် ကမ္ဘာ့စီးပွားရေးလည်း
ဆုတ်ယုတ်မှုတွေ
ဆက်တိုက်ကြုံခဲ့ရပါတယ်။
ဒီလို
တကမ္ဘာလုံး မီးခိုးကြွက်လျှောက် စီးပွားရေးမျှော်လင့်ချက်တွေ နည်းပါးနေတဲ့
အချိန်
သြစတြေးလျ ဘဏ္ဍာရေးဝန်ကြီး လင်းဒ်ဆေး တန်နာ (Lindsay Tanner)
ကတော့ ကမ္ဘာ့စီးပွားရေး
အကျပ်အတည်းရဲ့ အဆိုးဆုံးကာလဟာ လွန်မြောက်သွားပြီ
လို့ ပြောဆိုလိုက်ပါတယ်။
"နိုင်ငံတကာက
ဖိအားပေးဆောင်ရွက်တာတွေ ဘယ်လောက်အထိ ထိရောက်မယ်
ဆိုတာကို ဘယ်သူမှ
ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ ကျနော်ကတော့ အခြေအနေတွေ
တိုးတက်လာမယ်လို့
အကောင်းမြင် မျှော်လင့်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့
ဥရောပမှာ အဆိုးဆုံးအခြေအနေ
ကြုံခဲ့ရတဲ့ အနေအထားတွေကနေ ပြန်ကောင်းလာ
မယ်လို့ ကျနော်မျှော်လင့်တာပါ။ ဒီလို
အားကောင်းတဲ့ စီးပွားရေးအင်အားတွေ အရင်
လို အခြေအနေ ပြန်ရောက်အောင် ကျနော်တို့
တတ်နိုင်သမျှ တွန်းတွန်းတိုက်တိုက်
ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"
သြစတြေးလျနိုင်ငံရဲ့
အဓိက စတော့ခ်အညွှန်းကိန်းဟာ ဈေးကွက်ပိတ်ချိန်မှာ ၄%
ကျော် အရှုံးပေါ်ခဲ့ပါတယ်။
အမေရိကန် ရွေးကောက်ပွဲအလွန် ဝေါလ် စထရိ (Wall
Street) ရင်းနှီးမြှုပ်နှံမှုဈေးကွက်
ချက်ချင်းထိုးကျသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့
ခန့်မှန်းတွက်ဆမှုတွေ
ရှိခဲ့ပြီး သြစတြေးလျ စတော့ခ်ဈေးတွေ ထပ်ကျခဲ့တာပါ။
ဆုတ်ယုတ်မှုတွေ ထပ်ကြုံရနိုင်ခြေရှိတယ်ဆိုတဲ့ စိုရိမ်မှုတွေကြား ၅% ကျော် ထပ်ပြီး
ကျဆင်းသွားခဲ့ပါတယ်။