သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ခံသမ္မတ ဘာရက် အိုဘားမား ဘဏ္ဍာရေးဝန်ကြီးသစ် ရွေးချယ်မှု မကြာခင် ကြေညာဖွယ်ရှိ


အမေရိကန်မှာ သမ္မတအဖြစ် ရွေးကောက်
တင်မြှောက်ခံထားရသူ ဘရက်ခ် အိုဘားမားဟာ
ဝါရှင်တန်မှာ တနင်္လာနေ့ကျရင် သမ္မတဘုရှ်နဲ့
တွေ့ဆုံပါမယ်။

အမေရိကန်မှာ စီးပွားရေးကပ်ဆိုက်မှုကြီးရဲ့
နောက်ပိုင်း အဆိုးဝါးဆုံး စီးပွားရေးအခြေအနေ
များနဲ့ ရင်ဆိုင်နေရတဲ့အချိန် ဘဏ္ဍာရေးဝန်ကြီး
အဖြစ် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာကို အမေ
ရိကန်မှာ လူကြိုက်နည်းလှတဲ့ လက်ရှိသမ္မတထံက
အာဏာလွှဲပြောင်းမယူခင် သီတင်း ၁၀ ပတ်အလိုမှာ ကြေညာမယ်လို့ ဆိုပါတယ်။

လွှဲပြောင်းရေးလုပ်ငန်းများ စတင်ဖို့ မစ္စတာဘုရှ်၊ သမ္မတကတော် လော်ရာဘုရှ်တို့နဲ့
မိမိနဲ့ မိမိဇနီး မစ်ရှဲလ်တို့ တွေ့ဆုံကြမယ်လို့ အိုဘားမားက ကြေညာပါတယ်။

အင်္ဂါနေ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိလို့ မစ္စတာအိုဘားမားဟာ ပထမဆုံး အာဖရိက
နွယ်ဖွား အမေရိကန်သမ္မတ ဖြစ်လာပါလိမ့်မယ်။ အသက် ၄၇ နှစ်အရွယ်၊ အီလီနွိုင်း
ပြည်နယ် အထက်လွှတ်တော်အမတ် အိုဘားမားဟာ ထိပ်တန်းလျှို့ဝှက်ချက်
ထောက်လှမ်းရေးသတင်းများနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့က ရှင်းလင်းတင်ပြ
အစီရင်ခံပါတယ်။

ဒီနေ့ သောကြာနေ့မှာတော့ သူ့ရဲ့ စီးပွားရေးအဖွဲ့များနဲ့ တွေ့ဆုံပြီး သမ္မတအဖြစ်
ရွေးကောက်တင်မြှောက်ခံထားရသူအနေနဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲ ပြုလုပ်
မယ်လို့လည်း သူ့ရဲ့လက်ထောက်များက ပြောဆိုပါတယ်။

အမေရိကန် အထက်လွှတ်တော် ရွေးကောက်ပွဲမှာ ဒီမိုကရက်တို့က ပြိုင်ဘက် ရီပတ်
ဘလီကန်တို့ဘက်က အမတ် ၆ နေရာကို အနိုင်ရလိုက်တယ်လို့ သတင်းများက ဆိုပါ
တယ်။ အော်ရီဂွန်ပြည်နယ်မှာ ဒီမိုကရက်ပါတီက ဂျက် မာကလေက လက်ရှိ ဂေါ်ဒွန်
စမစ်သ်ကို နိုင်လိမ့်မယ်လို့ တွက်ချက်ထားတာမို့ အမတ် ၁၀၀ ရှိတဲ့ အထက်လွှတ်တော်
ထဲမှာ ဒီမိုကရက်နဲ့ တသီးပုဂ္ဂလ ၂ ဦး အပါအဝင် ၅၇ ယောက် ရှိလာမှာဖြစ်ပါတယ်။

အလာစကာ၊ ဂျော်ဂျီယာနဲ့ မင်နီဆိုးတားပြည်နယ်တို့က ရွေးကောက်ပွဲရလဒ်များတော့
မထွက်သေးပါဘူး။ အင်္ဂါနေ့ ရွေးကောက်ပွဲတုန်းကလည်း လွှတ်တော် ၂ ရပ်စလုံးမှာ
ဒီမိုကရက်တို့ အနိုင်ရသူဦးရေ တိုးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG