မြန်မာနိုင်ငံမှာ
ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲဖို့ စစ်အစိုးရကို ပိုပြီး ဖိအားပေးပါလို့
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို
တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ
သံဃာ့တပ်ပေါင်းစုနဲ့ ၈၈ မျိုးဆက်ကျောင်းသားများက မြန်မာ
ပြည်မှာ
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး
အကျဉ်းသားအားလုံး
လွှတ်ပေးရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ထိရောက်
စွာ အရေးယူဆောင်ရွက်ပေးပါလို့
ကြာသပတေးနေ့က ကြေညာချက်တရပ် ထုတ်ပြန်
ပြီး တိုက်တွန်းလိုက်ပါတယ်။
ဆိုပါလို့လည်း အဲဒီကြေညာချက်ထဲမှာ စစ်အစိုးရကို တိုက်တွန်းထားပါတယ်။ မြန်မာ
ပြည်မှာ စကားဆို ဆွေးနွေးပွဲကလွဲပြီး တခြားရွေးစရာ မရှိဘူးဆိုတဲ့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ အမြင်နဲ့သဘောထား မိမိတို့နဲ့
သဘောထားတူကြောင်း၊ အဲဒီလို စကားဆိုပွဲ စတင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဟာ အဓိကကျ၊ အရေးပါကြောင်း မြန်မာ
နိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုနဲ့ ၈၈ မျိုးဆက်ကျောင်းသားများက ထောက်ပြ
ထားပါတယ်။