ဘင်္ဂလားဒေ့ရှ်နဲ့
မြန်မာနိုင်ငံအကြား အငြင်းပွားစရာဖြစ်နေတဲ့ ဘင်္ဂလားပင်လယ်အော်
ဒေသကနေ
မြန်မာတွေထွက်သွားပြီလို့ ဘင်္ဂလားဒေ့ရှ်က ပြောပေမယ့် မြန်မာအစိုးရ
ကတော့ အဲဒီမှာ
ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ရှာဖွေတာ ရပ်ပစ်မှာမဟုတ်ဘူးလို့
ပြောပါတယ်။
မြန်မာဘက်ကို
လုပ်ငန်းတွေရပ်ပစ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တောင်းဆိုတာဟာ
တရားလည်းမ၀င်သလို
လုံးဝလည်း မှားယွင်းပါတယ်လို့ မြန်မာအစိုးရရဲ့ ကြေညာချက်
ကို ရုပ်မြင်သံကြားမှာ
မနေ့က ပြသသွားပါတယ်။ မြန်မာအစိုးရက သူတို့က
နိုင်ငံတကာဥပဒေကို အလေးထားတယ်လို့လည်း
ပြောပါတယ်။
ကြာသပတေးနေ့မနက်
အစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောသွား
တာကတော့
မြန်မာသင်္ဘောသားတွေ သူတို့လုပ်လက်စအလုပ်တွေ ရပ်တန့်လိုက်ကြ
ပြီလို့ ဆိုပါတယ်။
ရေတပ်ရေယာဉ်အစောင့်အရှောက်နဲ့
မြန်မာသင်္ဘောတွေ ရေနံရှာဖွေမှု စတင်လိုက်ပြီး
နောက်ပိုင်း ပြီးခဲ့တဲ့ ၄ ရက်လုံး
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က စစ်ရေယာဉ်တွေ ဘင်္ဂလား
ပင်လယ်အော်မှာ
နှစ်ဖက်ရင်ဆိုင်နေခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သူတို့
အချုပ်အခြာအာဏာ
ပိုင်စိုးမှုကို ကာကွယ်ဖို့ လိုအပ်သမျှ လုပ်ဆောင်မယ်လို့ ပြောပေ
မယ့် ဒီပဋိပက္ခကို
သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့ တောင်းဆိုနေပါတယ်။
ဘယ်မှာရှာတွေ့နိုင်မလဲဆိုတဲ့ အခွင့်အလမ်းကို စောင့်စားနေကြတာဖြစ်ပြီး ဒီပြဿနာ
ဖြစ်တဲ့နေရာက ငွေကြေးအမြောက်အမြား ရရှိနိုင်တဲ့သဘော ရှိပါတယ်။