သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကို တရားစွဲဆိုဖို့ ကြိုးပမ်းလုပ်ဆောင်နေ


နိုင်ငံရေးအတိုက်အခံတွေ နဲ့ နိုင်ငံရေး လှုပ်ရှားသူတွေအပေါ် မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့တဲ့ ရက်စက်နှိပ်ကွက်မှုတွေ နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု တရားရုံးတခုမှာ စနစ်တကျ တရားစွဲဆိုနိုင်ဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ နယူရော့မြို့မှာရှိတဲ့ International Brotherhood of Teamsters (IBT) ဥပဒေပညာရှင်အဖွဲ့ဝင်ကနေ လိုအပ်တဲ့ သက်သေခံ အချက်အလက်တွေကို စုစောင်းနေပြီး တရားရုံးတင်နိုင်ရေး ဆောင်ရွက်လုပ်ကိုင်နေပါတယ်။

အဓိကသက်သေများအဖြစ် ထွက်ဆိုချက်တွေပေးဖို့ ပြင်ဆင်နေတဲ့ အရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သထုံမဲဆန္ဒနယ် အမှတ်-၁) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ကိုတိုးလွင် တို့ကို ဗွီအိုအေ မြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က တရားစွဲဆိုလုပ်ကိုင်မယ့် အစီအစဉ် (Alian Tort Claims Act)၊ ဘယ်လိုသက်သေအထောက်အထားတွေ တင်ပြလုပ်ကိုင်သွားမလဲ စတဲ့ ပြင်ဆင်လုပ်ကိုင်နေတာကို ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG