နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဒီရက်ပိုင်းအတွင်း
ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတဲ့အထဲမှာ ဒီကနေ့
ဆိုရင်လည်းပဲ အင်တာနက်စာမျက်နှာပေါ်မှာ
ဘလော့ဂ်
ရေးသားတဲ့ ကိုနေဘုန်းလတ်ကို နှစ်ရှည်ထောင်ဒဏ်
ချမှတ်လိုက်သလို တခြား
နိုင်ငံရေးလှုပ်ရှားသူတွေကို
လည်း ထောင်ဒဏ်ချမှတ်တာတွေ ရှိခဲ့ပါတယ်။ နိုင်ငံတော်
ကို
အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက် အပါအဝင်
ပုဒ်မတွေ အများအပြားနဲ့
အင်းစိန်ထောင်တွင်း သီးသန့်
အထူးတရားရုံးကနေ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို
ဒီရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ်တွေ
ချမှတ်နေတာတွေနဲ့ပတ်သက်လို့
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
အင်တာနက်စာမျက်နှာပေါ်မှာ စာတွေရေးသားရင်း
အခုနှစ်ဆန်းပိုင်းကတည်းက
ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာဘလော့ဂါသမား ကိုနေမျိုးကျော် ခေါ်
ကိုနေဘုန်းလတ်ကို
ရန်ကုန်အင်းစိန်ထောင်တွင်း သီးသန့်တရားရုံးတခုကနေ ထောင်ဒဏ် အနှစ်
၂၀ နဲ့
၆ လ ချမှတ်လိုက်တာပါ။ သူနဲ့အတူ ပတ်သက်ဆက်နွယ်ပြီး ဖမ်းဆီးခံခဲ့ရတဲ့
မသင်းဂျူလိုင်ကျော်ဟာဆိုရင်လည်း တချိန်တည်းမှာပဲ ၂ နှစ်ခွဲ ထောင်ဒဏ်ချမှတ်ခံခဲ့
ရပါတယ်။
နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ ဥပဒေပုဒ်မ၊ နောက် အီလက်ထရော
နစ် ဆက်သွယ်ရေးဥပဒေ
စတာတွေ အပါအဝင် စွပ်စွဲချက်တွေနဲ့ အခုလို ပြစ်ဒဏ်တွေ
ချမှတ်ခံခဲ့ရတာလို့ ဒီကနေ့ပဲ
ရန်ကုန်အင်းစိန်ထောင်ကို သွားရောက်ခဲ့တဲ့ ကိုနေဘုန်း
လတ်ရဲ့ မိခင်ဖြစ်သူ ဒေါ်အေးသန်းက
ပြောပြပါတယ်။
"နေဘုန်းလတ်က စုစုပေါင်း အနှစ် ၂၀ နဲ့ ၆ လ။ ၅၀၅(ခ) က ၂
နှစ်၊ ၃၂/၃၆ က ၃ နှစ်
နဲ့ ၆ လ၊ အီလက်ထရောနစ်က ၁၅ နှစ်။ သင်းဂျူလိုင်ကတော့ ၂
နှစ်ခွဲပေါ့။ တနင်္ဂနွေ
နေ့က တွေ့ခဲ့တယ်။ ဒီနေ့ စီရင်ချက်ချတာ။ အခုကတော့
အကျဖြစ်သွားတော့ ကြာသ
ပတေး၊ သောကြာ၊ စနေ သုံးရက်တွေ့လို့ရတယ်။ အန်တီကတော့
ကြာသပတေးနေ့
လောက် သွားတွေ့မယ်လို့ စိတ်ကူးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့
အန်တီမှန်းထား
တာ ၁၂ နှစ်လောက်ပဲ မှန်းထားတာ။ အခုလို အနှစ် ၂၀ ကျော် ချလိုက်တယ်ဆိုတော့
ကလေးလည်း စိတ်ဓာတ်ကျနေမှာစိုးလို့။"
မြန်မာဘလော့ဂါသမား ကိုနေဘုန်းလတ်
အဖမ်းဆီးမခံရ
ခင် အစောပိုင်းမှာကတည်းက ထိန်းသိမ်းခံထားရတဲ့
ကဗျာဆရာ ကိုစောဝေကိုလည်း
ဒီကနေ့ပဲ အလားတူ
နိုင်ငံတော်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့
အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ်
၂ နှစ် ချမှတ်လိုက်ပါတယ်။ ပြည်တွင်း
အပတ်စဉ်ထုတ်
ဂျာနယ်တစောင်ဖြစ်တဲ့ အချစ်ဂျာနယ်မှာ ကဗျာဆရာ
စောေ၀ ရေးသားစပ်ဆိုခဲ့တဲ့
ကဗျာတပုဒ်က မြန်မာ
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို
တိုက်ခိုက်ပြောဆိုထားတဲ့ အဓိပ္ပာယ် ထွက်နေတယ်ဆိုတဲ့
စွပ်စွဲချက်နဲ့ သူ့ကို
အခုနှစ်ဆန်းပိုင်းကပဲ ဖမ်းဆီးထားခဲ့တာပါ။ အခုနောက်ဆုံး
ကိုစောဝေ
ထောင်ဒဏ်ချမှတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ဇနီးသည်ဖြစ်သူ မနန်းစန်းစန်း
အေး ပြောပြတာကတော့
…
"၂ နှစ်ချလိုက်ပါတယ်၊ ၅၀၅(ခ) တခုတည်းနဲ့။ ကျမ အဲဒီကို
ရှေ့နေနဲ့သွားပါတယ်။
အမိန့်ချပြီဆိုတာ ရှေ့နေပြောလို့ သိရပါတယ်။
ပြစ်ဒဏ်ချတဲ့အထဲမှာ သူကနည်းတယ်၊
၅၀၅(ခ) တခုတည်းဆိုတော့ ၂ နှစ်ပေါ့။ သူနဲ့အတူချတဲ့
ဒီ့ပြင်လူတွေအကုန်လုံး သူ့ထက်
များတယ်။ အဲတော့ အဆိုးထဲက အကောင်းပေါ့၊ ၂
နှစ်ထဲနဲ့ဆိုတော့။ ဒါပေမယ့် ကိုယ်က
သာ အပြင်က ၂ နှစ်ပြောတာလေ။ အထဲမှာနေရတဲ့လူ ၂
နှစ်က သိပ်ပြီးတော့
မသက်သာလှဘူး။ ပြီးတော့ ကိုစောဝေက ကျန်းမာရေးလည်း
သိပ်မကောင်းတော့
သူ့ကို အဲဒါပဲ စိုးရိမ်ရတာပါ။ ကျန်တာတော့ ဒီလောက်မဟုတ်ပါဘူး။
သူ့စိတ်ကို သူ
ပြင်ဆင်ထားပြီးသားပါလို့ ကျမကို ပြောပါတယ်၊ မနေ့က ကျမတွေ့တော့။"
ဒီရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ်တွေ ပေးနေတဲ့အထဲမှာ
နိုင်ငံရေး တက်ကြွ
လှုပ်ရှားသူတွေရဲ့ အမှုတွေမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့
ရှေ့နေတွေကိုပါ ထောင်ချ
နေတာတွေ ရှိနေလို့လည်း မြန်မာနိုင်ငံက တရားစီရင်ရေးစနစ်အပေါ်
ပြည်တွင်းပြည်ပ
က ဝေဖန်မှုတွေလည်း ရှိနေခဲ့တာပါ။ အခုနောက်ဆုံး
ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေ
ထဲက နှစ်အများဆုံး ကျခံခဲ့ရတဲ့ ကွန်ပျူတာကျွမ်းကျင်သူ
လူငယ်တဦးလည်းဖြစ်၊
အင်တာနက်စာမျက်နှာတွေပေါ်မှာ ကဗျာတွေ စာတွေရေးပြီး
nayphonelatt.net ဆိုတဲ့
ကိုယ်ပိုင် အင်တာနက် ဘလော့ဂ်စာမျက်နှာ ဖွင့်ထားတဲ့
ကိုနေဘုန်းလတ်အပေါ် တရား
ခွင်က စီရင်ခဲ့တာနဲ့ပတ်သက်လို့ မိခင်ဖြစ်သူ ဒေါ်အေးသန်းကတော့
အခုလိုဆိုပါတယ်။
"အန်တီ့သားက အဲဒီဟာတွေ ကျူးလွန်တာမဟုတ်တဲ့အတွက် ဒါ
မတရားတဲ့ တရား
စီရင်ရေးလို့ပဲ အန်တီတော့ သတ်မှတ်တယ်။ သူ တကယ် လက်တွေ့ကျူးလွန်တာတော့
၃၂(ခ) နဲ့ပဲ တရားစွဲလို့ရမယ်လို့ အန်တီတော့ ထင်တယ်။ ဟို ၂ မှုကတော့ တမင်
သက်သက်
နောက်ပိုင်းကျမှ ဇာတ်လမ်းဆင်ပြီးလုပ်တဲ့ အမှုပေါ့။ အဲဒါတွေကိုတော့
အန်တီ့အနေနဲ့
သူကျူးလွန်တာမဟုတ်တဲ့အတွက် ဒီဟာတွေအတွက် ချတဲ့ဟာက
အန်တီတော့ အသိအမှတ်မပြုဘူး။
အရမ်းကို လွန်ကဲလွန်းအားကြီးတယ်လို့ပဲ အန်တီ
ထင်တာပေါ့။ အယူခံတင်ဖို့ဟာတောင်မှ
ရှေ့နေကိုယ်တိုင် ထောင်ကျနေတော့ အန်တီ
တို့ အခက်အခဲရှိတာပေါ့။ ရှေ့နေက အန်ကယ်
ဦးအောင်သိန်းလေ။ နည်းနည်းပါးပါး
တိုင်ပင်ရဦးမှာပေါ့။"
ဒီရက်ပိုင်းအတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့
ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံနေရသူ
တွေကို အာဏာပိုင်တွေက ထောင်ဒဏ်ပြစ်ဒဏ်တွေ
ချမှတ်နေတဲ့နေရာမှာ ပြီးခဲ့တဲ့
သောကြာနေ့တုန်းကလည်း အရင်နှစ် စက်တင်ဘာ
သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီ
လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး
ဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်တိုင်း တောင်ဥက္ကလာပ
မြို့နယ် ငွေကြာယံကျောင်းတိုက်က
သံဃာတော်တပါးဖြစ်တဲ့ ဦးသတ္တမ၊ အတိုက်အခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်အယ်လ်ဒီ) ပါတီ လူငယ်အဖွဲ့ဝင်တဦးဖြစ်တဲ့
ကိုထွန်းထွန်းနိုင်တို့ကိုလည်း
နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ နိုင်ငံတော်ကို
အကြည်ညိုပျက်စေတယ်ဆိုတဲ့
စွပ်စွဲချက် အပါအဝင် ပုဒ်မအများအပြားနဲ့ ထောင်ဒဏ်
၁၉ နှစ်စီ
ချမှတ်ခံလိုက်ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ ကိုထွန်းထွန်းနိုင်နဲ့ လုပ်ဖော်
ကိုင်ဖက်
အန်န်အယ်လ်ဒီလူငယ်တဦး ပြောပြတာကတော့ …
"ကိုထွန်းထွန်းနိုင်နဲ့ ဦးသတ္တမခေါ် ဦးသက်ဇော်ပေါ့၊
လူနာမည်က။ ပြီးခဲ့တဲ့ ၇ ရက်နေ့က
သူတို့ကို အမိန့်ချလိုက်တယ်။ ထောင်ထဲမှာ၊
အရှေ့ပိုင်းခရိုင် တရားရုံးကနေပြီးတော့။
သူတို့ကိုဖမ်းတာ ၃-၁၀-၂၀၀၇ ကဖမ်းတာ။
အဲဒီမှာဖမ်းပြီး အခုမှချတာ၊ အခုချလိုက်တာ
၁၉ နှစ်။ သူတို့ကိုစွဲထားတာ ၃၃(က)/၃၈၊
၂၉၅(က)၊ ၅၀၅(ခ)၊ အဲဒီပုဒ်မတွေနဲ့ချတယ်။
၃၃(က)/၃၈ ကတော့ အီလက်ထရောနစ်ဥပဒေ၊ ၁၅ နှစ်။
၂၉၅(က) က သာသနာ
ညှိုးနွမ်းမှုဆိုပြီးတော့ ၂ နှစ်၊ ၅၀၅(ခ) ကလည်း
နိုင်ငံတော်လက်အောက်ခံ အဖွဲ့အစည်း
ကို အကြည်ညိုပျက်စေမှုဆိုပြီးတော့ ၂ နှစ်၊
အာဏာကုန်တွေပဲ ချလိုက်တာ။"
ကြွချီ လှုပ်ရှားမှုတွေနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်
မဂ္ဂင်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဦးဣိန္ဒကနဲ့ ဦးဣသရိယတို့ကိုလည်း
တရားမဝင် အသင်းအဖွဲ့တွေနဲ့ ပတ်သက်တယ်၊ ဆက်သွယ်တယ် နိုင်ငံတော် မတည်
မငြိမ်ဖြစ်အောင်လုပ်တယ် စတဲ့ စွပ်စွဲချက်တွေနဲ့ အင်းစိန်ထောင်တွင်း သီးသန့်တရားရုံး
တွေကနေ ထောင်ဒဏ် ၈ နှစ်ကနေ ၁၆ နှစ်ခွဲအထိ အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။