သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာလွဲှပြောင်းရေးအတွက် သမ္မတဘုရ်ှနှင့် အိုဘားမား ဒီကနေ့ အိမ်ဖြူတော်တွင် တွေ့ဆုံမည်


အမေရိကန်သမ္မတအဖြစ် ရွေးကောက်
တင်မြှောက်ခံထားရသူ ဘရက်ခ် အိုဘားမား
(Barack Obama) နဲ့ မိသားစု မကြာခင် အိမ်ဖြူ
တော်မှာ သမ္မတဘုရှ် (Bush)၊ သမ္မတကတော်
လော်ရာဘုရှ် (Laura Bush) တို့နဲ့ သွားရောက်
တွေ့ဆုံပါလိမ့်မယ်။ ဒီ့နောက် မစ္စတာဘုရှ်နဲ့
မစ္စတာအိုဘားမားတို့ ရွေးကောက်ပွဲအပြီး ပထမ
ဆုံးအကြိမ် တွေ့ဆုံကာ အစိုးရပြောင်းလဲရေးကိစ္စ
ဆွေးနွေးမှာဖြစ်ပြီး မစ္စဘုရှ်ကတော့
မစ္စအိုဘားမားအား အိမ်ဖြူတော်ကို လှည့်လည်
ပြသပါလိမ့်မယ်။

စနစ်တကျ အာဏာလွှဲပြောင်းရေး ပူးပေါင်း
ဆောင်ရွက်ကြမယ့်လေသံ ခေါင်းဆောင်နှစ်ဦးက ပြောဆိုခဲ့ကြပေမယ့် မစ္စတာ
အိုဘားမားရဲ့ လွှဲပြောင်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ဂျွန် ပိုဒက်စ်တာ (John Podesta) က
ပင်မဆဲလ် သုတေသနကိစ္စ၊ ရေနံတူးဖော်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတဘုရှ်ရဲ့
အမိန့်တွေကို ခပ်မြန်မြန်ပဲ မစ္စတာအိုဘားမားက ပယ်ဖျက်လိမ့်မယ်လို့ တနင်္ဂနွေနေ့မှာ
ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ဘရက်ခ် အိုဘားမား အမေ
ရိကန်နိုင်ငံရဲ့ သမ္မတအသစ် ဖြစ်လာမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG