သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပိုင်နက်ကိစ္စ တင်းမာမှုကြောင့် ဘင်္ဂလားဒေ့ရ်ှ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေ


ရေပိုင်နက်အငြင်းပွားမှုကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ကြားမှာ စစ်အင်အား
ပြကြတဲ့အထိ အခြေအနေ တင်းမာခဲ့ပြီးနောက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ
နယ်စပ်ကုန်သွယ်မှုတွေ ရပ်ဆိုင်းခဲ့တာ အခုဆို ၃ ရက် ရှိခဲ့ပါပြီ။ ဒီနေ့ထိလည်း
ကုန်သည်တွေ အပြန်အလှန် သွားလာမှုဟာ ရပ်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ အခုလို
နယ်စပ်မှာဖြစ်နေတဲ့ နောက်ဆုံးအခြေအနေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်း
ထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တင်းမာမှုကြောင့် နယ်စပ်ကုန်သွယ်ရေးကို
လည်း ထိခိုက်လာတယ်လို့ သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို နှစ်ဖက်
စလုံးက တရားဝင်ပိတ်ထားတာ မဟုတ်ပေမယ့် ကုန်သွယ်ဖြတ်သန်းမှုတွေ မရှိတော့
ဘူးလို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့က်စ်ဘဇားမြို့ခံ ကိုစိုးလင်းကတော့ နယ်စပ်ကုန်သွယ်ရေး
အခြေအနေကို အခုလိုပြောပြပါတယ်။

"နယ်စပ်ကုန်သွယ်ရေးက ဒီနေ့ဆို ၃ ရက်လောက်ရှိပြီ၊ မြန်မာနိုင်ငံဘက်က
ဘယ်ကုန်သည်မှ ကုန်ပစ္စည်းတွေ တင်သွင်းတာမရှိဘူး။ ဟိုဘက်က စစ်တပ်အင်အား
အလုံးအရင်းနဲ့ နယ်စပ်မှာ နေရာယူထားတယ်ဆိုပြီးတော့ ကုန်သည်တွေက မလာရဲ
ကြဘူး။ မြန်မာနိုင်ငံဘက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ဖြတ်သန်းမယ့် ကုန်သွယ်ရေးကိစ္စ
တွေ၊ ကုန်သည်တွေ သွားလာမှုတွေကို ပိတ်ထားတယ်လို့တော့ သတင်းကြားတယ်။
နယ်စပ်ကိုသွားပြီး စုံစမ်းကြည့်တော့ တကယ်လည်း ဟိုဘက်ကကုန်သည်တွေ
ကုန်ပစ္စည်းတင်သွင်းတာ မရှိဘူး။ ဒီနေ့ဆို ၃ ရက်ရှိနေပြီ။"

အခုလို ထိပ်တိုက်ရင်ဆိုင်မှုအပေါ် နယ်စပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကလည်း
စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြတယ်လို့ သူက အခုလိုဆက်ပြောပါတယ်။

"မြန်မာနိုင်ငံက ဘာမှမလာကြဘူးဆိုတော့ ဒီတိုင်းပဲ ရပ်နေကြတယ်။ ဒေသခံလူထုတွေ
နှစ်ဖက်အနေအထားကို ကြည့်ပြီးတော့ စိုးရိမ်နေကြတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က
အခြေအနေ ဘယ်လိုပြောင်းလဲလာမလဲ၊ တဖက်ကလည်း မြန်မာနိုင်ငံဘက်က အခြေ
အနေ ဘယ်လိုပြောင်းလဲလာမလဲ၊ အဲဒါကို စောင့်ကြည့်နေကြတယ်။"

နယ်စပ်တလျှောက်မှာတော့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေ တိုးချထားပြီး
ဒေသထုတ်မီဒီယာတွေမှာလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ရေးသားကြတယ်လို့ သိရပါ
တယ်။ ဒီကိစ္စအပေါ် ကိုစိုးလင်းက အခုလိုဆက်ပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ သူတို့လုံခြုံရေးအရ မြန်မာနိုင်ငံဘက်က နယ်စပ်
တလျှောက်မှာ နေရာယူထားတယ်ဆိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း နယ်စပ်မှာ
အပြည့်ချထားတယ်။ ဒီနေ့ ကော့က်စ်ဘဇားသတင်းစာမှာလည်း သူတို့ရေးတယ်။
မြန်မာဘက်က လုံခြုံရေးတွေ တင်းကျပ်ပြီး နယ်စပ်မှာ နေရာယူထားတယ်ဆိုတော့
ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း မြန်မာနိုင်ငံရဲ့ အခြေအနေကို အမြဲတမ်းစောင့်ကြည့်နေဖို့
အတွက် ဘင်္ဂလားဒေ့ရှ်ဘက်က နေရာယူထားဖို့ အဲဒီသတင်းစာမှာရေးတယ်၊
ကော့က်စ်ဘဇားသတင်းစာမှာပေါ့။"

နယ်စပ်တင်းမာမှုကြောင့် ကုန်သွယ်ရေးရပ်တန့်နေမှု အခြေအနေကို နယ်စပ်က
ဒေသခံတဦး ပြောပြသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG