မြန်မာနိုင်ငံမှာ
နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့
တခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘဲနဲ့တော့
ကျင်းပမယ်လို့ ကြေညာထားတဲ့
ရွေးကောက်ပွဲဟာ ယုံကြည်ရလောက်စရာ ရှိမှာ
မဟုတ်ဘူးလို့ EU ဥရောပသမဂ္ဂက
ပြောလိုက်ပါတယ်။
မြန်မာ့နိုင်ငံရေးအကျဉ်းသားအားလုံးကို
ခြွင်းချက်မရှိ လွှတ်ပေးရမယ်လို့ ဥရောပသမဂ္ဂ
နိုင်ငံခြားရေးဝန်ကြီးတွေ
ဘရပ်ဆဲလ်မြို့မှာ တနင်္လာနေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲ
ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးပါတီတွေ၊ လူမျိုးစုအဖွဲ့အစည်း
တွေနဲ့
ဆွေးနွေးပွဲတွေစတင်ဖို့လည်း EU နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုထားပါ
တယ်။
ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာထားပါတယ်။
ဒီရွေးကောက်ပွဲတွေဟာ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စေလိမ့်မယ်လို့
အစိုးရကပြောပေမယ့် ဝေဖန်သူတွေကတော့ အခြေခံဥပဒေသစ်ဟာ စစ်ဖက်က
ရေရှည် အာဏာချုပ်ကိုင်ထားနိုင်ဖို့ ရည်ရွယ်ရေးဆွဲထားတာဖြစ်တယ်လို့ ဆိုကြ
ပါတယ်။