မနေ့က
အင်္ဂါနေ့မှာ နှစ် ၉၀ ပြည့်သွားပြီဖြစ်တဲ့
ပထမကမ္ဘာစစ် ပြီးဆုံးသွားခြင်း အထိမ်းအမှတ်
အခမ်းအနားတွေကို နိုင်ငံတော်တော်များများမှာ
ကျင်းပခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ
လည်း သမ္မတဘုရှ်က စစ်အတွင်းမှာ အနစ်နာခံ
အသက်စွန့်သွားကြသူတွေကို ဂုဏ်ပြုစကား
ပြောကြားလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်
လို့
ဗွီအိုအေသတင်းထောက် ပေါ်လာ ၀ုဖ်ဆင်
(Paula Wolfson) သတင်းပေးပို့ထားတာကို
မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
ပထမကမ္ဘာစစ်
ပြီးဆုံးသွားခဲ့တဲ့ နိုဝင်ဘာလ ၁၁
ရက်နေ့ကို ဥရောပနဲ့ သြစတြေးလျနိုင်ငံတို့မှာ
စစ်ပြေငြိမ်းတဲ့နေ့၊ ဒါမှမဟုတ် အောက်မေ့ဖွယ်နေ့လို့ သတ်မှတ်ပြီး အထိမ်းအမှတ်
အခမ်းအနားတွေကို ကျင်းပကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ဒီနေ့ကို
စစ်ပြန်များနေ့လို့ သတ်မှတ်ပါတယ်။
၁၉၁၈၊
နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး သတ်မှတ်လာခဲ့တဲ့ ဒီနေ့ရောက်တိုင်း အမေ
ရိကန်မှာ
လွတ်လပ်ရေးတိုက်ပွဲတွေကနေ ဒီနေ့အထိ တိုက်ပွဲဝင်နေကြသူ အားလုံး
အတွက် အထိမ်းအမှတ်
ဂုဏ်ပြုပွဲတွေကို ကျင်းပပါတယ်။ အစဉ်အလာအားဖြင့်
ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့
အာလင်တန် (Arlington) အမျိုးသားစစ်သင်္ချိုင်းမှာ
သမ္မတက လွမ်းသူ့ပန်းခွေ ချလေ့ရှိပါတယ်။
ဒီနှစ်မှာတော့
နိုင်ငံရဲ့ စစ်သေနာပတိချုပ်လည်းဖြစ်တဲ့ သမ္မတဘုရှ်က သူ့ရဲ့ သမ္မတ
တာဝန်နဲ့
နောက်ဆုံးတက်ရောက်တဲ့ စစ်ပြန်များနေ့ကို နယူးယောက်ခ်မြို့မှာ သွားတက်
ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက လေယာဉ်တင်စစ်သင်္ဘောအဖြစ် အသုံးပြုခဲ့ပြီး
အခုအခါမှာတော့
ရေပေါ်ပြတိုက်လုပ်ထားတဲ့ USS Intrepid စစ်သင်္ဘောဟောင်းကြီး
ပေါ်မှာ သမ္မတက အခုလို
မိန့်ခွန်းစကားပြောခဲ့ပါတယ်။
"စစ်မှုထမ်းခဲ့ကြသူအားလုံးကို
သူတို့ရဲ့ အနစ်နာခံမှုအတွက် ကျနော်တို့က ကျေးဇူးတင်
တယ်ဆိုတာ ဒီနေ့မှာ
ရှင်းရှင်းလင်းလင်း ပြောလိုက်ပါရစေ။ တိုင်းပြည်အတွက် အလို
အပ်ဆုံးအချိန်မှာ တိုင်းပြည်ကို
ရင်ဆိုင်ကာကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါ
တယ်။"
အခုလို
သမ္မတဘုရှ် နယူးယောက်ခ်မှာ စစ်ပြန်များနေ့ အခမ်းအနား တက်ရောက်နေ
စဉ်မှာ ဒုတိယသမ္မတ
ဒစ်ခ်ချေနီ (Dick Cheney) ကတော့ အာလင်တန် အမျိုးသား
စစ်သင်္ချိုင်းကို သွားရောက်ပြီး
စစ်အတွင်း ကျဆုံးသူများအတွက် လွမ်းသူ့ပန်းခွေ ချခဲ့ပါ
တယ်။ ဒုတိယသမ္မတ ချေနီ
မိန့်ခွန်းစကား ပြောကြားတဲ့အခါ မျက်မှောက်ကာလ
တာဝန်ထမ်းဆောင်နေကြတဲ့ စစ်မှုထမ်းတွေ
ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုတွေနဲ့ ပိုမို
လုံခြုံတဲ့ ကမ္ဘာကြီးဖြစ်အောင် သူတို့ရဲ့
အနစ်နာခံမှုတွေကို အဓိကထားပြီး ပြောကြား
ခဲ့ပါတယ်။
"အမေရိကန်ပြည်ထောင်စုရဲ့
လွတ်လပ်ရေး အဓွန့်ရှည် အောင်မြင်နေတာဟာ
လွတ်လပ်ရေးတိုက်ပွဲကာလကစပြီး ဒီနေ့အထိ
အမေရိကန် လက်နက်ကိုင်တပ်တွေ
မှာ ဂုဏ်ယူစွာနဲ့ သတိရှိရှိ တာဝန်ထမ်းဆောင်နေကြတဲ့
အမေရိကန်တွေ ရှိနေလို့ပဲ
ဖြစ်ပါတယ်။"
အမေရိကန် ဒုတိယသမ္မတ ဒစ်ခ်ချေနီ ပြောခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံတ၀ှမ်းမှာရှိတဲ့
စစ်သင်္ချိုင်းတွေမှာလည်း စစ်ပြန်များနေ့ အထိမ်း
အမှတ် အခမ်းအနားတွေကို အင်္ဂါနေ့တုန်းက
ကျင်းပခဲ့ပါတယ်။ ချီကာဂိုမြို့က
စစ်သင်္ချိုင်းမှာပြုလုပ်တဲ့ အခမ်းအနားမှာ သမ္မတသစ်အဖြစ်
ရွေးကောက်ခံထားရသူ
မစ္စတာ ဘရက်ခ် အိုဘားမား (Mr. Barack Obama) တက်ရောက်ပြီး
လွမ်းသူ့ပန်းခွေ
ချခဲ့ပါတယ်။
ခဲ့ကြသူ စစ်မှုထမ်းဟောင်းတွေကို အမေရိကန်လူမျိုးတွေက တညီတညွတ်တည်း
ဂုဏ်ပြုနေကြပါတယ်လို့ မစ္စတာအိုဘားမား ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြ
ထားပါတယ်။ နိုင်ငံရဲ့ စစ်သေနာပတိချုပ် ဖြစ်လာတဲ့အခါကြရင်လည်း စစ်မှုတာဝန်
ထမ်းဆောင်ခဲ့ကြသူ အားလုံးအပေါ် အမေရိကန်ရဲ့ မွန်မြတ်တဲ့ယုံကြည်မှုတွေ ဆက်ပြီး
ရှိသွားကြစေဖို့ သူဆောင်ရွက်သွားပါမယ်လို့ မစ္စတာအိုဘားမားက ကတိပြုခဲ့ပါတယ်။