နိုဝင်ဘာ ၁၀၊ ၂၀၀၈ - စစ်မှုထမ်းဟောင်းတွေဟာ
စစ်တပ်ကနေ အနားယူလိုက်ကြ
ပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတွေမှာ အသုံးဝင်မယ့် တန်ဖိုးရှိတဲ့အရည်အသွေး
တွေ
သူတို့မှာပါလာကြပါတယ်။
ဒါပေမယ့် အရပ်သားဘဝထဲမှာ အံဝင်ခွင်ကျပြန်ဖြစ်ဖို့ ကြိုးစားကြရာမှာတော့
အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ ဒီသီတင်းပတ်ရဲ့စီးပွားရေးကဏ္ဍမှာ စစ်ပြန်
စစ်မှုထမ်းဟောင်းတွေ
သူတို့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေ ထူထောင်လုပ်ကိုင်
နိုင်ပြီး တကျော့ပြန်ဘဝသစ်ထဲမှာ
အောင်အောင်မြင်မြင် ရပ်တည်သွားနိုင်အောင်
ကူညီလုပ်ဆောင်ပေးတဲ့ အစီအစဉ်တခုအကြောင်း တင်ပြထားပါတယ်။