နာဂစ်မုန်တိုင်း သဘာဝဘေးဆိုးတွေ လွန်မြောက်ကာ ပြန်လည်ထူထောင်ရေးလုပ်နေကြတဲ့အချိန်၊ နိုင်ငံရေးပြောင်းလဲမှုမှာလည်း စစ်အစိုးရက သူတို့ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံဥပဒေကြမ်းကို ပြည်သူတွေ တခဲနက်အတည်ပြုကြတယ်ဆိုကာ ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ စိုင်းပြင်းနေချိန် ဖြစ်နေပါတယ်။
ဒီလိုပြောင်းလဲမှုတွေကိုကြည့်ပြီး တချို့ အမြင်မှာ မြန်မာနိုင်ငံမှာ တိုင်းပြည်ပြန်လည် ထူထောင်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေးတွေကို အာဏာပိုင်တွေ ဖန်တီးကြတော့မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
ဒါပေမဲ့ လူတွေရဲ့ မျှော်လင့်ချက်ကလေးတွေကို အခုလက်ရှိ နိုင်ငံရေးလှုပ်ရှားသူများအား ဖမ်းဆီးနေမှု နဲ့ မယုံနိုင်လောက်အောင် အပြစ်ပေးလုပ်ဆောင်နေတဲ့ နှစ်ရှည်ထောင်ချမှုတွေက ပြောင်းလဲဖျက်ဆီးလိုက်သလား?"
လက်ရှိ အတင်းအဓမ္မ ဖမ်းဆီး အပြစ်ပေးလုပ်ဆောင်ချက်များနဲ့ ပတ်သက်လို့ ပြည်တွင်းရှိ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုမောင်မောင်လေး နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း တို့အား ဦးကျော်ဇံသာ (ဗွီအိုအေ မြန်မာသတင်းဌာန) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
To Althea From Prison | ကျောက်နံရံများ ကာရံထားလည်း ထောင်က မဖြစ်လားနိုင်ပါဘူး။ |
ဒီလို စစ်အစိုးရ အတင်းအဓမ္မဖမ်းဆီး ထောင်ချအပြစ်ပေးမှုတွေက စစ်အစိုးရပြောဆိုနေတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အထောက်အပံ့ တစုံတရာ ဖြစ်တယ်မဖြစ်ဘူးဆိုတာကို ဆွေးနွေးပြောဆိုလိုပါက အီးမေလ် burmese@voanews.com နဲ့ ဖုန်း (+1) 202-382-5554 ကို ဆက်သွယ် တင်ပြနိုင်ပါတယ်။