သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အမျိုးသမီး အထက်လွှတ်တော်အမတ်အဖွဲ့ နှစ်ရှည်ပြစ်ဒဏ်ပေးမှု ရှုတ်ချ


မြန်မာနိုင်ငံရေးရာ အမေရိကန် အမျိုးသမီး အထက်
လွှတ်တော် အမတ်များအဖွဲ့ရဲ့ ပူးတွဲသဘာပတိတွေ
ဖြစ်ကြတဲ့ ကယ်လီဖိုးနီးယားပြည်နယ် အထက်
လွှတ်တော်အမတ် မစ္စ ဒိုင်ယန်း ဖိုင်းစတိုင်း
(Ms. Dianne Feinstein) နဲ့ တက္ကဆက်ပြည်နယ်
အထက်လွှတ်တော်အမတ် မစ္စ ကေ ဘေလီ
ဟတ်ချီဆန် (Ms. Kay Bailey Hutchison) တို့က
ဒီရက်ပိုင်းအတွင်း မြန်မာပြည်တွင်းမှာ ဒီမိုကရေစီ
လှုပ်ရှားသူ ၆၁ ဦးကို စစ်အစိုးရက မတရား နှစ်ရှည်
ထောင်ဒဏ် ချမှတ်ခဲ့တဲ့အပေါ် ပြစ်တင်ရှုတ်ချလိုက်
ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံက
နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ကိုလည်း အထက်လွှတ်တော်အမတ်
မစ္စ ဖိုင်းစတိုင်းနဲ့ မစ္စ ဟတ်ချီဆန်တို့က တိုက်တွန်းလိုက်ပါတယ်။

မနေ့က မြန်မာပြည်တွင်းမှာ နိုင်ငံရေးလှုပ်ရှားသူ နောက်ထပ် ၂၀ ဦးထက်မနည်းကို
ရန်ကုန်က အထူးတရားရုံးတွေက ထောင်ဒဏ် ၂ နှစ်ကနေ ၁၂ နှစ်အထိ ချမှတ်လိုက်
ပါတယ်။ ထောင်ချခံရသူ အများစုဟာ အန်န်အယ်လ်ဒီပါတီအဖွဲ့ဝင် လူငယ်တွေဖြစ်ပြီး
တချို့ကတော့ ၈၈ မျိုးဆက် ကျောင်းသားအုပ်စုထဲက ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG