ကမ္ဘာ့
တတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဂျာမဏီနိုင်ငံဟာ Recession
လို့ခေါ်တဲ့ တတိုင်းပြည်လုံး စီးပွားရေးတိုးတက်နှုန်း ဆုတ်ယုတ်တဲ့
ကပ်ဆိုက်မှုမျိုးနဲ့
ရင်ဆိုင်နေရပြီလို့ ဂျာမဏီအစိုးရက ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့
ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလမှာ ဂျာမဏီနိုင်ငံရဲ့ စီးပွားရေးဟာ ဝ.၅
ကျဆင်းခဲ့တာကြောင့် သုံးလပတ် စီးပွားရေးအစီရင်ခံစာမှာ နှစ်ခါဆက်တိုက်
ကျဆင်းမှု
လက္ခဏာတွေ တွေ့ရတယ်၊ ပြည်ပထုတ်ကုန်ပမာဏ ကျဆင်းလို့ အခုလိုဖြစ်ရတယ်လို့
ဆိုပါတယ်။
OECD
လို့ခေါ်တဲ့အဖွဲ့ရဲ့ သီးခြားထုတ်ဝေတဲ့ အစီရင်ခံစာအရ ယူရိုငွေသုံးစွဲတဲ့
နိုင်ငံတွေ
မှာ စီးပွားရေးဆုတ်ယုတ်မှုဟာ ဝ.၅ ရှိမှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာတော့
ဝ.၉%
ဆုတ်ယုတ်မယ်လို့ ခန့်မှန်းတာဖြစ်ပါတယ်။
တက်သစ်စနိုင်ငံပေါင်း ၂၀ က ခေါင်းဆောင်တွေ ဝါရှင်တန်မှာ တွေ့ဆုံကြတဲ့အခါ
ကမ္ဘာ့ငွေကြေး အကျပ်ရိုက်မှုပြဿနာကို အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။