မြန်မာနိုင်ငံမှာ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ် နေတာဟာ ဘယ်လို အဓိပ္ပါယ်မျိုး ရှိနိုင်သလဲ၊ ဒါဟာ မြန်မာနိုင်ငံ စစ်အစိုးရ ပြောနေတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့၊ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဆိုတာတို့ အတွက် အထောက် အပံ့ရော ဖြစ်နိုင်သလား၊ ဘယ်လို ရည်ရွယ်ချက်နဲ့ အခုလို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်နေ သလဲ၊ ဒါဟာ တိုင်းပြည်အတွက် ဘယ်လို အကျိုး ရှိနိုင်သလဲ ဆိုတာတွေကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ဦးကျော်ဇံသာက ဆွေးနွေး ထားပါတယ်။