အငြင်းပွားနေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်
ရေပိုင်နက်ကိစ္စကို နှစ်ဖက်စလုံးက သဘောတူ
ဖြေရှင်းနိုင်ခြင်း မရှိခင်မှာ မြန်မာဘက်ကနေ
အဲဒီ ဘင်္ဂလားပင်လယ်အော် ကမ်းလွန်
ဒေသမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်တာတွေကို
ရပ်တန့်ထားဖို့ ဘင်္ဂလား
ဒေ့ရှ်ဘက်က တောင်းဆိုထားပါတယ်။
အဲဒီဒေသမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့အတွက်
ရှာဖွေတိုင်းတာတာတွေနဲ့ တူးဖော်တာ
တွေကို မြန်မာနိုင်ငံဘက်က
ရပ်ဆိုင်းထားသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုတိယ
နိုင်ငံခြားရေးဝန်ကြီး အမ်အေကေ
မာမွတ်က ပြောသွားပါတယ်။ အဲဒီနယ်မြေကို သူတို့
ပိုင်ဆိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း
ဆိုထားတာပါ။
နိုင်ငံ ဒါကာမြို့မှာ နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးနေကြတာ အခုဆိုရင်
နှစ်ရက်မြောက်သွားပါပြီ။ မြန်မာဘက်ကနေ ငှားရမ်းထားတဲ့ ဒေ၀ူးပိုင် ရေနံတူးဖော်
ရေးသင်္ဘောတွေနဲ့ မြန်မာရေတပ်သင်္ဘောတွေကို ဘင်္ဂလားဒေ့ရှ်ရေတပ်ကနေ သတိ
ပေးတာတွေ လုပ်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် တင်းမာခဲ့ကြတာပါ။
မြန်မာအစိုးရဘက်ကတော့ ဒီပိုင်နက်ဟာ မြန်မာပိုင်နက်ဖြစ်တယ်လို့ အစိုးရထုတ်
သတင်းစာတွေမှာ
ကြေညာခဲ့ပြီး ရေနံရှာဖွေတူးဖော်မှုလုပ်ငန်း ပြီးဆုံးသွားလို့ သင်္ဘော
တွေ ပြန်ရုပ်ခဲ့တယ်လို့
ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အဲဒီ
ဒေသမှာ သူတို့ရဲ့ စစ်သင်္ဘောတွေကို
ဖြန့်ကြက်ချထားလိုက်သလို ကုန်းလမ်းနယ်စပ်မှာ
လည်း နှစ်ဖက်တပ်တွေ လုံခြုံရေး တိုးမြှင့်ခဲ့ပါတယ်။