မြန်မာနိုင်ငံမှာ
ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသူတွေကို အခု
ရက်ပိုင်းတွေအတွင်း
ဆက်တိုက်ဆိုသလို ထောင်ဒဏ်တွေ ချနေရာမှာ ဒီနေ့မှာလည်း
ကုန်ဈေးနှုန်းကျဆင်းရေးအတွက်
ပြီးခဲ့တဲ့နှစ်တုန်းက ဦးဆောင်ဆန္ဒပြခဲ့သူ
ကိုထင်ကျော် အပါအဝင် ရွှေဝါရောင်
သံဃာ့လှုပ်ရှားမှုမှာ ဖမ်းဆီးခဲ့တဲ့ သံဃာတော်
တွေနဲ့ ကျောင်းသားတွေကိုလည်း
ထောင်ဒဏ်တွေ ချနေပါတယ်။ သူတို့ကို ထောင်ချ
တဲ့အခါမှာလည်း တရားလက်လွတ်
ပြစ်ဒဏ်တွေပေးနေတယ်လို့ မိသားစုဝင်တွေက
ပြောနေကြပါတယ်။ အကြောင်းစုံကို
ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဒီနေ့
အမိန့်ချမှတ်တဲ့အထဲမှာ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာပါဝင်ပြီး တနှစ်ကြာ
လောက်
ထိန်းသိမ်းခံခဲ့ရတဲ့ သံဃာတော်နှစ်ပါးလည်း အမိန့်ချမှတ်ခံခဲ့ရတဲ့အထဲမှာ
ပါပါတယ်။
မြောက်ဥက္ကလာပ ကျောင်းတိုက်တခုက အရှင်ဆန္ဒာဝရနဲ့ အရှင်ခေမာဝံသ
တို့ ဖြစ်တယ်လို့
သိရပါတယ်။ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တဦးက အခုလို
ပြောပြပါတယ်။
"လူနာမည်က
ဦးဉာဏ်ဝင်း၊ ၈ နှစ်နဲ့ ၆ လ၊ တာမွေတရားရုံး၊ ပုဒ်မက ၁၄၃၊ ၁၄၅၊
၁၄၇၊ ၂၉၅(က)၊
၅၀၅(ခ)၊ အားလုံးပုဒ်မတခုကို ၂ နှစ်ဆီနဲ့ ၅၀၅(ခ) ကတော့
၆ လပေါ့။"
အရှင်ဆန္ဒာဝရက ဘယ်ကျောင်းကပါလဲ။
"မြောက်ဥက္ကလာ
ဘုန်းကြီးကျောင်းက။ နောက်တပါးက အရှင်ခေမာဝံသ၊ သူကတော့
၁၁ နှစ်။ အထူးရုံးမှာချတာ။"
သံဃာနှစ်ပါး
ဒီနေ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရသလိုပဲ သံဃာတွေနဲ့အတူ
ပြီးခဲ့တဲ့
စက်တင်ဘာလှုပ်ရှားမှုမှာ ပါခဲ့ကြတဲ့ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား
သမဂ္ဂ
ကျောင်းသားခေါင်းဆောင်တွေကိုလည်း ဒီနေ့မှာ ထောင်ဒဏ်အသီးသီး ချမှတ်
လိုက်ပါတယ်။
ဒီအမှုတွဲထဲမှာပါဝင်ပြီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရတဲ့ ကိုသိန်းဆွေရဲ့
ဖခင်
ဦးမြင့်ဆွေက အခုလိုပြောပြပါတယ်။
"စည်သူမောင်က
၁၀ နှစ်၊ ရဲမြတ်ဟိန်းက ၁၀ နှစ်။ သမဂ္ဂဖွဲ့တဲ့အမှုပါ ပေါင်းပြီးချလိုက်
တာ။
စည်သူမောင်ပါ ၇ ဦးက ၁၄၃၊ ၁၄၇၊ ၁၄၅၊ ၅၀၅(ခ)၊ အဲဒါအားလုံး ၆ နှစ်ခွဲ
အပြည့်ချလိုက်တယ်။ ပြီးတော့ စည်သူမောင်ကို ကျောင်းသားသမဂ္ဂဖွဲ့တဲ့ကိစ္စနဲ့
ပတ်သက်ပြီး ၅ နှစ်ချတယ်။ ဒါပေမယ့် စည်သူမောင်နဲ့ ရဲမြတ်ဟိန်းက ငယ်တဲ့အတွက်
ဆိုပြီး
၆ နှစ်ခွဲက ၁ နှစ်ခွဲဆီ ပြန်လျှော့လိုက်တယ်။ လျှော့ပြီးတော့ ၅ နှစ်၊ ဟိုဘက်က
၅
နှစ်ဆိုတော့ ၁၀ နှစ် ဖြစ်သွားတာပေါ့။ သားကြီးကတော့ ၆ နှစ်ခွဲပဲ။"
အခု ထောင်ချတော့ရော ရှေ့နေရှေ့ရပ်တွေပါ ထုချေခွင့်ရလား။
"ကျနော်တို့အကျိုးဆောင်
ဦးအောင်သိန်းက မရှိတော့ဘူး။ ဦးအောင်သိန်း ၄ လ မကျ
ခင်မှာ နောက်တိုးလိုပြသက်သေကို
စစ်တဲ့အခါကျတော့ သူက ဒီအမှုကိုလည်း မသိဘူး၊
မှုခင်းသတင်းတပ်ဖွဲ့က ရေးပေးတယ်၊
အဲဒီအတိုင်း သူလာထွက်တယ်။ နောက်တခါ
ဘာတွေထွက်ရမယ်ဆိုတာကိုလည်း
စာရေးပေးတယ်ဆိုတဲ့အကြောင်း သူက တရားရုံး
မှာ ဖွင့်ပြောတယ်။
"ဖွင့်ပြောတော့
ဦးအောင်သိန်းက ဒါတွေကို မှတ်တမ်းတင်တယ်။ မှတ်တမ်းတင်ပြီး
တော့ ဒီပုဂ္ဂိုလ်ဟာ
မတရားသက်သေ လာထွက်တဲ့အတွက် သူ့ကို တရားစွဲသင့်ပါတယ်၊
ဒီစာရွက်စာတမ်းတွေကိုလည်း
တရားရုံးကနေပြီးတော့ သက်သေအဖြစ် လက်ခံပါဆို
တော့ တရားသူကြီးက လုံးဝလက်မခံဘူး။
ပြီးတော့ သူ့ကို မတရားသက်သေအဖြစ်
တရားစွဲဖို့ကိစ္စကိုလည်း တရားသူကြီးက
ပယ်ချလိုက်တယ်။ နောက်တခုက ကျနော်တို့
ကလေးတွေ၊ သားသမီးတွေ အားလုံး
နစ်နာတဲ့တချက်ကတော့ တရားခံပြသက်သေကို
လုံးဝမစစ်ဘဲနဲ့ အမိန့်ချလိုက်တာ။"
ဒီနေ့
အမိန့်ချတဲ့နေရာမှာရော ရှေ့နေရှေ့ရပ်တွေ ရှိလား၊ အန်ကယ်တို့မိသားစုတွေ
ရော
ဝင်ခွင့်ရလား။
"မရပါဘူး။
ရှေ့နေရှေ့ရပ် ရှိမရှိတော့ ကျနော် မသိပါဘူး။ ကျနော်လည်း မစောင့်နိုင်
တာနဲ့
ပြန်လာတာ။"
သက်ဆိုင်ရာမိသားစုတွေကိုရော
အာဏာပိုင်တွေဘက်က အခုလိုထောင်ချတာ
အကြောင်းကြားသေးလား။
"မကြားပါဘူးခင်ဗျ။"
ဒီနေ့
ထောင်ဒဏ်ချမှတ်ခံရတဲ့အထဲမှာ ရဟန်းတွေ၊ ကျောင်းသားတွေတင်မဟုတ်ဘဲ
ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက ဆန္ဒပြလို့ အဖမ်းခံခဲ့
ရတဲ့
ကိုထင်ကျော်လည်း ပါပါတယ်။ ကိုထင်ကျော် ထောင်ချခံရတဲ့ကိစ္စနဲ့ တခြား ဒီနေ့
ထောင်ပြောင်းအခြေအနေတွေကို အန်န်အယ်လ်ဒီလူငယ်တဦးက အခုလိုရှင်းပြထား
ပါတယ်။
"ကိုထင်ကျော်
ကုန်ဈေးနှုန်းကျဆင်းရေးက ၁၂ နှစ်နဲ့ ၆ လ။ အထူးရုံးထဲမှာ ချတာ။
သံဃာတော်တွေက
ထောင်ပြောင်းတာပေါ့။ ဦးစန္ဒာသီရိခေါ် နိုင်လင်း၊ သူက
အေးမြ
ဂုဏ်ရည်ရိပ်သာကျောင်းတိုက်၊ တောင်ဥက္ကလာက၊ သူက ၄ နှစ်ခွဲကျတာ ရွှေဘိုထောင်
ကို
ပြောင်းလိုက်တယ်။ နောက် ဦးဝိလာစက္က၊ သူက ၄ နှစ်ခွဲပဲ၊ ငွေကြာယံကျောင်းတိုက်
က။
နောက် အောင်ဇော်ဦး၊ သူက ၁၂ နှစ်ကျထားတာ၊ ပဲခူးထောင်ပြောင်းတယ်။"
မနှစ်
သြဂုတ်၊ စက်တင်ဘာလှုပ်ရှားမှုတွေ ပြီးကတည်းက တနှစ်ကျော်ကြာ ထိန်းသိမ်း
ခံထားရတဲ့
တက်ကြွလှုပ်ရှားသူတွေကို ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလိုပဲ
ထောင်ဒဏ်တွေချမှတ်တာ၊
ထောင်ပြောင်းတာတွေ လုပ်နေတာကြောင့် ကျန်ဖမ်းဆီး
ခံရသူတွေလည်း ဒီရက်ပိုင်းထဲမှာပဲ
ဆက်တိုက်ဆိုသလို ထောင်ချတာ၊ ထောင်ပြောင်း
တာတွေ ရှိလာနိုင်တယ်ဆိုပြီး
နိုင်ငံရေးအကျဉ်းသား မိသားစုတွေကတော့ စိုးရိမ်ပူပန်
နေပါတယ်။
ခွင့် ပိုင်ပိုင်နိုင်နိုင်မရတာကြောင့် အကျဉ်းချုံးပြီး တရားစီရင်တာခံရတယ်လို့လည်း
မိသားစုဝင်တွေက ပြောနေကြပါတယ်။