သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nothing ဝေါဟာရ အခြေခံ အီဒီယံအသုံးအနှုန်းများ


ဒီတပတ်မှာ Nothing ဝေါဟာရ အခြေခံ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ sweet nothing, here goes nothing နဲ့ nothing doing တို့ကို တင်ပြထားပါတယ်။

Sweet nothing - ဘာမှ အနှစ်သာရမရှိတဲ့ ချိုသာတဲ့ အပြောအဆို၊ စကားလို့ တိုက်ရိုက် ပြန်ဆိုနိုင်ပါတယ်။ အီဒီယံအသုံးမှာတော့ "ချိုတယ် ချစ်စရာကောင်းတယ်ဆိုပေမဲ့ အဓိပ္ပာယ်မရှိ၊ လေးနက်မှုမရှိတဲ့ စကားတွေ၊ အပိုရုံစကား" ဖြစ်ပါတယ်။ ဥပမာအားဖြင့် အဆိုတော် မာမာအေး သီဆိုခဲ့တဲ့ နှစ်ယောက်ထဲနေချင်တယ် သီချင်းထဲမှာ သီကုံးခဲ့တဲ့ ဧဝရက်တောင်ထိပ်မှာ ချစ်သူနဲ့ ဘယ်လိုနေရနေရ၊ မိုးပေါ်ကကြယ်တွေကို စွတ်ခူးပေးပါ့မယ်၊ တရက်မတွေ့ရတာ ဒီမောင့်အတွက် တသက်ထင် စတဲ့ ချစ်သူကျအောင် အပြောကောင်းတဲ့ တွတ်တီတွတ်တာ ချွဲချွဲနွဲ့နွဲ့ ပြောတဲ့ မူယာမာယာ အပြောမျိုးတွေကို sweet nothing လို့ ပြောဆိုနိုင်ပါတယ်။

"Sis, be careful of that guy, Peter you have a date with tonight. I hear he is expert at using sweet nothing to get his ways with the girl. Later she finds out that's what they mean. Nothing."
"ညီမလေးရေ ဒီနေ့ည ညီမလေးနဲ့ အပြင်ထွက်ဖို့ ချိန်ထားတဲ့ ပီတာကို သတိထားနော်။ ကြားတာတော့ ဒီလူက အမျိုးသမီးတဦး နဲ့ စွံရလေအောင် တွတ်တီတွက်တာ ကျလောက်အောင် ပြောတဲ့နေရာမှာ ထိပ်တန်းဆိုပဲ။ နောက်ပိုင်းမှာတော့ ဒီစကားတွေဟာ တဖက်သာ ကျဖို့သာ ရည်ရွယ်ပြီး တခြားဘယ်လိုမှ အဓိပ္ပာယ် မရှိဘူးဆိုတာကို အဲဒီ အမျိုးသမီးလေးတွေ သိလာတော့တာပဲ။"

Here goes nothing - အညတရတဦးတော့ သွားလေပြီ လို့ တိုက်ရိုက်အဓိပ္ပာယ်ပြန် သုံးနိုင်ပါတယ်။ အီဒီယံဘန်းစကားမှာတော့ ပြိုင်ပွဲတခု၊ စမ်းသပ်မှုလုပ်ရမှာ မိမိအခြေအနေကိုသိ ရလာဒ်ကို မမှန်းထားရင် အရှက်ပြေ နှိမ့်ချပြောဆိုရာမှာ အသုံးပြုနိုင်ပါတယ်။ ဥပမာ အပြေးပြိုင်ပွဲမှာ တခြားစံချိန်တင် အပြေးသမားတွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါ ကိုယ်အနေနဲ့ အနောက်ကနေ ပျက်ကျန်ခဲ့တဲ့အခါ မိမိသူငယ်ချင်းတွေအနေနဲ့ သိပ်အထင်မကြီး မမျှော်လင့်ထားစေချင်ရင်၊ ရှုံးခဲ့တဲ့အခါလည်း မျက်နှာမပူရလေအောင် မိမိအရည်အချင်းအကြောင်းကို အရှိအရှိအတိုင်း စကားပလ္လင်ခံတဲ့အခါ here goes nothing လို့ ပြောဆိုနိုင်ပါတယ်။

"Well, Jack, here goes nothing. Right now I wish I spent a lot more time preparing. It's a tough audience I hear. Right now I rather be anywhere else even at the dentist." "ဂျက်ရေ သိပ်တော့ ဟန်မယ်မထင်ပါဘူး။ အခုချိန်မှာတော့ အချိန်ပေးပြီး ပြင်ဆင်ခဲ့ရင် အကောင်းသာလို့ တမ်းတမိတယ်။ ပရိသတ်ကလည်း မခေလှဘူးလို့ ကြားတာပဲ။ ဒီအချိန်မှာတော့ ဒီနေရာကလွဲလို့ ဘယ်နေရာရောက်ရောက် ရောက်ပါစေ။ ကုန်ကုန်ပြောရရင်တော့ သွားဆရာဝန်ဆီကိုတောင် သွားလိုက်ချင်သေးတယ်ဗျာ။"

Nothing doing - ဘာမှလုပ်လို့မရတဲ့သဘော လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံသဘောမှာတော့ တယောက်ယောက်ဆီက မေတ္တာရပ်ခံမှုကို လစ်လစ်နဲ့အပြောနဲ့ ပယ်ချလိုက်တဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။ ပိုမိုလေးနက်ပြောလိုပါက I won't do it. And, I mean it. မလုပ်ဘူးဗျာ ကျုပ်တကယ် မလုပ်ဘူး။ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ပြောတာလို့ ငြင်းလိုက်တာမျိုးမှာ သုံးစွဲပြောဆိုနိုင်ပါတယ်။

"I tell you nothing doing. I just paid 900 dollars to fix my car after that accident you got into last week. Didn't I tell you you can't drive my car again until you learn to be a safe driver?" "သားကို အဖေပြောမယ် မင်းအခုလာတောင်းတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးခဲ့တဲ့ သတင်းအပတ်ကပဲ သားယူမောင်းလို့ ကားတိုက်မှုဖြစ်ခဲ့တာ ဒေါ်လာငွေ ကိုးရာ အကုန်ခံပြီး ပြင်ခဲ့ရတယ်။ စိတ်ချလက်ချနဲ့ မောင်းတက်တဲ့အချိန်ထိ အဖေ ကားကို သား မောင်းမရဘူးလို့ ပြောထားခဲ့တယ် မဟုတ်လား။"

တိုတိုတုတ်တုတ် ငြင်းဆိုပြောဆိုလိုပါက no way (ဘယ်လိုမှ မဖြစ်နိုင်ဘူး) သို့မဟုတ် forget it (ရမယ်လို့တောင် စိတ်ကူးထဲတောင် မထဲ့လိုက်နဲ့) လို့လည်း ပြောဆိုနိုင်ပါတယ်။ အမှန်မှာတော့ ဒီလိုပြောဆို သုံးနှုန်းတာ မယဉ်ကျေးတာကြောင့် အခြေအနေနဲ့ လိုက်ဖက်တဲ့အချိန်မှ သုံးရန် အကြံပြုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG